သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းကာတာ ဈာပနအခမ်းအနား ဇာတိဂျော်ဂျီယာပြည်နယ်မှာ ကျင်းပ


ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း Jimmy Carter တည်ထောင်ခဲ့တဲ့ Carter Presidential Center မှာ သမ္မတကြီးအား ဂုဏ်ပြု (Photo by ANDREW CABALLERO-REYNOLDS / AFP)
ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း Jimmy Carter တည်ထောင်ခဲ့တဲ့ Carter Presidential Center မှာ သမ္မတကြီးအား ဂုဏ်ပြု (Photo by ANDREW CABALLERO-REYNOLDS / AFP)

ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း Jimmy Carter ရဲ့ ၆ ရက်ကြာ ဈာပနအခမ်းအနားတွေကို ဇာတိ ဂျော်ဂျီယာပြည်နယ်မှာ စတင်နေပါပြီ။ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကွယ်လွန်ချိန်မှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ကာတာရဲ့ ဈာပနအခမ်းအနားကိုတော့ ဇာတိ Plains မြို့မှာ စနေနေ့ ဒေသစံတော်ချိန် ၁၀ နာရီ ၁၅ မိနစ်မှာ စတင်ခဲ့တာပါ။

ကမ္ဘာ့ဇာတ်ခုံမှာ ဆယ်စုနှစ်တွေနဲ့ချီ စာနာမှုလုပ်ငန်းတွေနဲ့ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်းရဲ့ နိုင်ငံရေးဖြတ်သန်းမှုဘဝကို ထင်ဟပ်ပြီး ဈာပနအခမ်းအနားကို စတင်ခဲ့တာပါ။ သမ္မတဘဝမှာ အထူးလုံခြုံရေး Secret Service တာဝန်ယူခဲ့သူတွေက အခေါင်းသယ်ဖို့ မြင်းရထားဘေးမှာ ခြံရံလိုက်ပါခဲ့ပြီး ငယ်စဉ်ဘဝက မိသားစုနဲ့အတူ ကြီးပြင်းခဲ့တဲ့ ခြံဘေးကနေလည်း ဈာပနယာဉ်တန်း ဖြတ်သွားခဲ့ပါတယ်။

ဒီနောက်မှာတော့ တချိန်က အုပ်ချုပ်ရေးမှူးအဖြစ် ရုံးစိုက်ခဲ့တဲ့ ပြည်နယ်မြို့တော် Atlanta ကို ဈာပနယာဉ်တန်း ဆက်လက်ထွက်ခွာခဲ့တာပါ။ သမ္မတဟောင်းကာတာရဲ့ ရုပ်အလောင်းကို ဝါရှင်တန်မှာ အများပြည်သူ ဂါရဝပြုနိုင်အောင်ထားရှိဖို့ အင်္ဂါနေ့မှာ မြို့တော်ဝါရှင်တန်ဒီစီကို မသယ်ခင်အထိ သူတည်ထောင်ခဲ့တဲ့ Carter Presidential Center မှာ ထားရှိမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG