သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒု-သမ္မတ တရုတ်နိုင်ငံ ဆိုက်ရောက်


အမေရိကန် ဒု-သမ္မတ တရုတ်နိုင်ငံ ဆိုက်ရောက်

အမေရိကန် ဒု-သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ဟာ တရုတ်ပြည်ကို ဒီနေ့ ရောက်ပါတယ်။ အမေရိကန်က လက်နက်သစ်တွေ ရောင်းချဖို့ ထိုင်ဝမ်ဘက်က မေတ္တာရပ်ခံထားချက်ကို အမေရိကန်ဘက်က ဘယ်လိုတုံ့ပြန်မလဲ ဆိုတဲ့ကိစ္စ ပြောဆိုမှုတွေ မြင့်မားလာတဲ့ အချိန်မှာပဲ တရုတ်နိုင်ငံကို မစ္စတာ ဘိုင်ဒန် ရောက်လာခဲ့တာပါ။

သူ့ရဲ့ တရုတ်ပြည် ၄ ရက်ကြာ ခရီးစဉ်မှာ အမေရိကန်ရဲ့ ငွေကြေးစနစ် ခိုင်မာတဲ့အကြောင်း တရုတ်ကို အာမခံ ပြောဆိုဖို့နဲ့ တရုတ်နိုင်ငံရဲ့ နောက်မျိုးဆက်သစ် ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး ထူထောင်ဖို့ ရည်ရွယ်ပြီး သွားခဲ့တာလို့ အမေရိကန် အရာရှိတွေက ပြောကြပါတယ်။

ထိုင်ဝမ်ကို အမေရိကန်က F-16 တိုက်လေယာဉ်တွေ ရောင်းချမယ့် အရေးကို မလုပ်ဖို့ တရုတ် အရာရှိတွေက ဖိအားပေး ပြောဆိုမယ့်သဘော ရှိတယ် ဆိုပြီးတော့ တရုတ် ကွန်မြူနစ်ပါတီနဲ့ အဆက်အစပ်ရှိတဲ့ Global Times သတင်းစာမှာ ရေးသားထားပါတယ်။

XS
SM
MD
LG