သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ရာသီဥတုညီလာခံမှာ ကန်သမ္မတမိန့်ခွန်းပြော


 ရာသီဥတုပြောင်းလဲမှုဆိုင်ရာ COP26 ညီလာခံမှအမေရိကန်သမ္မတ Biden (နိုဝင်ဘာ ၂၊ ၂၀၂၁)
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ COP26 ညီလာခံမှအမေရိကန်သမ္မတ Biden (နိုဝင်ဘာ ၂၊ ၂၀၂၁)

{{{Zawgyi/Unicode}}}

ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချရေး အမေရိကန်ပြည်ထောင်စု ဆောင်ရွက်မယ့် အစီအစဉ်တွေကို အမေရိကန်သမ္မတ Joe Biden က နိုင်ငံပေါင်း ၁၀၀ ကျော်က ခေါင်းဆောင်တွေ စုဝေးနေတဲ့ စကော့တလန် Glasgow မြို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ရာသီဥတုညီလာခံမှာ ကတိပေး ပြောဆိုသွားပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း သဘာဝသစ်တောပြုန်းတီးမှုကို ဟန့်တားစေမယ့် လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို လုပ်သွားပါမယ်။ ၂၀၃၀ ခုနှစ်မတိုင်ခင်မှာ သစ်တော ဟက်တာ သန်း ၂၀၀ အကျယ်အဝန်း ပြန်လည် ပေါ်ထွက်လာအောင် လုပ်ဆောင်သွားပါမယ်။ ဒီလိုလုပ်ဆောင်တာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒါအောင်မြင်ဖို့အတွက် အမေရိကန် အစိုးရတရပ်လုံးအပြင် လွှတ်တော်ကလည်း ၂၀၃၀ ခုနှစ်အထိ ဒေါ်လာ ၉ ဘီလီယံလောက် ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်” - လို့ သမ္မတ Joe Biden က ပြောသွားတာပါ။

ဒီဆယ်စုနှစ်ဟာ ရာသီဥတု ပြောင်းလဲဖေါက်ပြန်မှုတွေကို ကိုင်တွယ်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန်ဖြစ်တယ်လို့ သူက ကမ္ဘာ့ခေါင်းဆောင်တွေကို ကတိပေးသွားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ကာဗွန်ဒိုင် အောက်ဆိုက်ဓါတ်ငွေ့ထုတ်လွှတ်မှုကို လာမယ့် ၂၀၃၀ ခုနှစ်မှာ ၂၀၀၅ က ထုတ်လုပ်မှုအဆင့်ထက် ၅၀ ကနေ ၅၂ ရာခိုင်နှုံးအထိ လျော့ချဖို့ ပြီးခဲ့တဲ့ ဧပြီလ ထိပ်သီး အစည်းအဝေးမှာ အမေရိကန်ပြည်ထောင်စုက ဦးတည် သတ်မှတ်ထားပါတယ်။ ဒီ ရည်မှန်းချက်အတိုင်း ပြည့်မီအောင် လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ သမ္မတ Joe Biden က Glasgow ညီလာခံမှာ ပြောဆိုသွားပါတယ်။

ရာသီဥတု ပြောင်းလဲ ဖေါက်ပြန်မှု တိုက်ဖျက်ရေး ကတိကဝတ်တွေကို အကောင်အထည်ဖေါ်ရာမှာ လက်ရှိ အမေရိကန် အစိုးရအနေနဲ့ အပြောသက်သက် မဟုတ်ဘဲ ဦးစည်းဦးဆောင်အလုပ်နဲ့ သက်သေပြတဲ့ နိုင်ငံတခုဆိုတာ လက်တွေ့ပြသနိုင်ဖို့ အမြဲတစေ ကြိုးစားနေတဲ့အကြောင်းလည်း သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


============

{{{Unicode}}}

ကမ်ဘာ့ရာသီဥတုညီလာခံမှာ ကနျသမ်မတမိန့ျခှနျးပွော






#USClimateChange #USCOP26 #ClimateChange #VOABurmese

XS
SM
MD
LG