သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတ Biden ကိုဗစ္ negative ျဖစ္သြားၿပီ


BIDEN-COVID


အေမရိကန္သမၼတ Joe Biden ဗုဒၶဟူးေန႔မနက္က ဒုတိယအႀကိမ္ ကိုဗစ္ထပ္မံစစ္ ေဆးခဲ့ရာပိုးမေတြ႕ရွိရေတာ့ဘဲ၊ ေရာဂါေပ်ာက္ကင္းတဲ့အရိပ္လကၡဏာအျဖစ္ ပထမ ဆုံးအႀကိ္မ္အမ်ားျပည္သူျမင္ကြင္းမွာျပန္လည္ထြက္ေပၚလာခဲ့ပါတယ္။ သမၼတဂ်ိဳးဘိုင္ဒင္ဟာ အိမ္ျဖဴေတာ္ႏွင္းဆီပန္းၿခံအတြင္း သူရဲ႔တပ္ေနၾက ေနကာမ်က္မွန္ကိုတပ္ဆင္ၿပီး ရႊင္ရႊင္လန္းလန္းထြက္ေပၚလာခဲ့ပါတယ္။


က်ေနာ္ အလ်င္ျမန္ျပန္လည္ေကာင္းမြန္လာၿပီးေနထိုင္ေကာင္းပါတယ္လို႔ သမတဘိုင္ဒင္ ကေျပာဆိုခဲ့ပါတယ္။ သူ႔ေနနဲ႔ သီးျခားခဲြေနရစဥ္ အေႏွာက္အယွက္မရွိ အလုပ္ေတြကိုေအးေအးေဆးေဆးလုပ္ေနႏိုင္ခဲ့တယ္လို႔လည္းေျပာဆိုပါတယ္။ သီးျခားခဲြေနထိုင္မႈ၅ ရက္ျပည့္ၿပီး အဂၤါေန႔ကတႀကိမ္၊ ဗုဒၶဟူးေန႔ကတႀကိမ္ ကိုဗစ္ပိုး စစ္ေဆးခဲ့ရာႏွစ္ႀကိမ္စလုံးပိုးမရွိေၾကာင္းေတြ႕ရွိခဲ့ရတဲ့အတြက္ သီးျခားခဲြေနထိိုင္မႈကို အဆုံးသတ္ခဲ့တာပါ။
ဒါေပမယ့္လည္းေနာက္ထပ္ ၁၀ ရက္ ႏွာေခါင္းစည္းတပ္ထားရ ဦးမွာျဖစ္ပါတယ္။ သမၼတ ဂ်ိဳးဘိုင္ဟာၿပီးခဲ့တဲ့ အပတ္ၾကာသာပေတးေန႔က ကိုဗစ္ကူးဆက္ခံထားရေၾကာင္းေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။ သမၼတ ဘိုင္ဒန္ ဟာကာကြယ္ေဆးနဲ႔အားျဖည့္ကာကြယ္ေဆးေတြကိုလည္း အျပည့္ထိုးထားခဲ့ပါတယ္။

သမၼတ Biden ကိုဗစ္ negative ျဖစ္သြားၿပီ
please wait

No media source currently available

0:00 0:00:58 0:00
တိုက္႐ိုက္ လင့္ခ္

Unicode
အမေရိကန်သမ္မတ Joe Biden ဗုဒ္ဓဟူးနေ့မနက်က ဒုတိယအကြိမ် ကိုဗစ်ထပ်မံစစ် ဆေးခဲ့ရာပိုးမတွေ့ရှိရတော့ဘဲ၊ ရောဂါပျောက်ကင်းတဲ့အရိပ်လက္ခဏာအဖြစ် ပထမ ဆုံးအကြိမ်အများပြည်သူမြင်ကွင်းမှာပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ဟာ အိမ်ဖြူတော်နှင်းဆီပန်းခြံအတွင်း သူရဲ့တပ်နေကြ နေကာမျက်မှန်ကိုတပ်ဆင်ပြီး ရွှင်ရွှင်လန်းလန်းထွက်ပေါ်လာခဲ့ပါတယ်။
ကျနော် အလျင်မြန်ပြန်လည်ကောင်းမွန်လာပြီးနေထိုင်ကောင်းပါတယ်လို့ သမတဘိုင်ဒင် ကပြောဆိုခဲ့ပါတယ်။ သူ့နေနဲ့ သီးခြားခွဲနေရစဉ် အနှောက်အယှက်မရှိ အလုပ်တွေကိုအေးအေးဆေးဆေးလုပ်နေနိုင်ခဲ့တယ်လို့လည်းပြောဆိုပါတယ်။ သီးခြားခွဲနေထိုင်မှု၅ ရက်ပြည့်ပြီး အင်္ဂါနေ့ကတကြိမ်၊ ဗုဒ္ဓဟူးနေ့ကတကြိမ် ကိုဗစ်ပိုး စစ်ဆေးခဲ့ရာနှစ်ကြိမ်စလုံးပိုးမရှိကြောင်းတွေ့ရှိခဲ့ရတဲ့အတွက် သီးခြားခွဲနေထိုင်မှုကို အဆုံးသတ်ခဲ့တာပါ။
ဒါပေမယ့်လည်းနောက်ထပ် ၁၀ ရက် နှာခေါင်းစည်းတပ်ထားရ ဦးမှာဖြစ်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဟာပြီးခဲ့တဲ့ အပတ်ကြာသာပတေးနေ့က ကိုဗစ်ကူးဆက်ခံထားရကြောင်းတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒန် ဟာကာကွယ်ဆေးနဲ့အားဖြည့်ကာကွယ်ဆေးတွေကိုလည်း အပြည့်ထိုးထားခဲ့ပါတယ်။

XS
SM
MD
LG