သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အေမရိကန္နဲ႔ အာဆီယံ ေခါင္းေဆာင္ေတြေဆြးေႏြး


U.S. President Joe Biden speaks during the ASEAN - U.S. summit in Phnom Penh, Cambodia, Saturday, Nov. 12, 2022. (AP Photo/Vincent Thian)

အာရွေဒသတြင္း ၿငိမ္းခ်မ္းေရးအတြက္ အာဆီယံအေနနဲ႔ေရာ တႏိုင္ငံငံခ်င္းစီနဲ႔ပါ အေမရိကန္ျပည္ေထာင္စုကအတူလက္တြဲ ေဆာင္႐ြက္သြားမယ္လို႔ အေမရိကန္သမၼတ Joe Biden က ေျပာၾကားလိုက္ပါတယ္။ ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕ေတာ္မွာ က်င္းပေနတဲ့ အာဆီယံထိပ္သီးစည္းေဝးပြဲမွာ အေမရိကန္နဲ႔ အာဆီယံေခါင္းေဆာင္ေတြ ဒီေန႔စေနေန႔ ေတြ႔ဆုံေဆြးေႏြးၾကစဥ္မွာ သမၼတ Biden က အခုလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာရွေဒသတခုလုံးမွာ ပိုမိုၿငိမ္းခ်မ္း၊ သာယာဝေျပာေရးအတြက္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အာဆီယံအသင္းအေနနဲ႔ေရာ၊ တႏိုင္ငံခ်င္းစီနဲ႔ပါ ဆက္လက္အတူတြဲ ေဆာင္႐ြက္သြားဖို႔ ေမွ်ာ္လင့္ပါတယ္။ ေတာင္တ႐ုတ္ပင္လယ္နဲ႔ ျမန္မာႏိုင္ငံအေရး စိန္ေခၚမႈေတြကိုလည္း အတူေျဖရွင္းသြားမွာျဖစ္သလို ဘုံစိန္ေခၚမႈေတြအတြက္ ဆန္းသစ္တဲ့နည္းလမ္းေတြကို အတူရွာေဖြႏိုင္ဖို႔လည္း ေမွ်ာ္လင့္တယ္လို႔ အေမရိကန္ သမၼတ Biden က အာဆီယံေခါင္းေဆာင္ေတြနဲ႔ ထိပ္သီးအစည္းအေဝး အစမွာ ဒီေန႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆီယံအဖြဲ႔ဝင္ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္းထဲက ျဖစ္ေနတဲ့ ျပႆနာေတြ ေျဖရွင္းႏိုင္ေရးကိုလည္း ေခါင္းေဆာင္ေတြ ေဆြးေႏြးခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေရးအတြက္ အေမရိကန္က သႏၷိဌာန္ခ်ေဆာင္႐ြက္ေနပါတယ္လို႔ အာဆီယံအလွည့္က်ဥကၠ႒ ကေမာၻဒီယားႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Hun Sen နဲ႔ သီးသန႔္ေတြ႔ဆုံစဥ္မွာလည္း အေမရိကန္သမၼတ Biden ကေျပာၾကားခဲ့ပါတယ္။ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္အတည္ေဖာ္လာဖို႔ အာဆီယံနဲ႔အတူ အေမရိကန္က ႀကိဳးပမ္းေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။

ဖႏြမ္းပင္ၿမိဳ႕ေတာ္မွာ ဒီေန႔က်င္းပတဲ့ ထိပ္သီးစည္းေဝးပြဲမွာ အေမရိကန္နဲ႔ အာဆီယံၾကား မဟာဗ်ဴဟာေျမာက္ က်ယ္ျပန႔္ျပည့္စုံတဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြ စတင္လုပ္သြားေတာ့မယ္ ဆိုတာကိုလည္း အေမရိကန္သမၼတက ေၾကညာခဲ့ပါတယ္။ အာရွေဒသမွာ တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈကို ခ်ိန္ခြင္လွ်ာညႇိႏိုင္ဖို႔ အေမရိကန္က အာရွႏိုင္ငံေတြအေရး အေလးထားတယ္ဆိုတာ ျပသေနတာျဖစ္တယ္လို႔ ေလ့လာသူေတြက သုံးသပ္ပါတယ္။

ကမာၻႀကီးအေပၚ ယူကရိန္းစစ္ပြဲရဲ႕ သက္ေရာက္မႈေတြကိုလည္း ဒီေန႔ ထိပ္သီးစည္းေဝးပြဲမွာ ေခါင္းေဆာင္ေတြက ေဆြးေႏြးခဲ့ၾကပါတယ္။ မနက္ျဖန္ ႏိုဝင္ဘာ ၁၃ ရက္ေန႔အထိ က်င္းပေနတဲ့ အာဆီယံနဲ႔ဆက္စပ္ ထိပ္သီးစည္းေဝးပြဲေတြမွာ ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ကိုေတာ့ ဖိတ္ၾကားျခင္း မရွိပါဘူး။ ျမန္မာကိုယ္စားျပဳမႈမပါဘဲ က်င္းပတဲ့ စည္းေဝးပြဲေတြက သေဘာတူညီခ်က္ေတြကို လက္ခံမွာ မဟုတ္ဘူးလို႔ စစ္ေကာင္စီက ထုတ္ျပန္ထားပါတယ္။

=== Unicode =====

အာရှဒေသတွင်း ငြိမ်းချမ်းရေးအတွက် အာဆီယံအနေနဲ့ရော တနိုင်ငံငံချင်းစီနဲ့ပါ အမေရိကန်ပြည်ထောင်စုကအတူလက်တွဲ ဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတ Joe Biden က ပြောကြားလိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲမှာ အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေ ဒီနေ့စနေနေ့ တွေ့ဆုံဆွေးနွေးကြစဉ်မှာ သမ္မတ Biden က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အာရှဒေသတခုလုံးမှာ ပိုမိုငြိမ်းချမ်း၊ သာယာဝပြောရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံအသင်းအနေနဲ့ရော၊ တနိုင်ငံချင်းစီနဲ့ပါ ဆက်လက်အတူတွဲ ဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ မြန်မာနိုင်ငံအရေး စိန်ခေါ်မှုတွေကိုလည်း အတူဖြေရှင်းသွားမှာဖြစ်သလို ဘုံစိန်ခေါ်မှုတွေအတွက် ဆန်းသစ်တဲ့နည်းလမ်းတွေကို အတူရှာဖွေနိုင်ဖို့လည်း မျှော်လင့်တယ်လို့ အမေရိကန် သမ္မတ Biden က အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေး အစမှာ ဒီနေ့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းထဲက ဖြစ်နေတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ရေးကိုလည်း ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် အမေရိကန်က သန္နိဌာန်ချဆောင်ရွက်နေပါတယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီယားနိုင်ငံ ဝန်ကြီးချုပ် Hun Sen နဲ့ သီးသန့်တွေ့ဆုံစဉ်မှာလည်း အမေရိကန်သမ္မတ Biden ကပြောကြားခဲ့ပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အတည်ဖော်လာဖို့ အာဆီယံနဲ့အတူ အမေရိကန်က ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဖနွမ်းပင်မြို့တော်မှာ ဒီနေ့ကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲမှာ အမေရိကန်နဲ့ အာဆီယံကြား မဟာဗျူဟာမြောက် ကျယ်ပြန့်ပြည့်စုံတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ စတင်လုပ်သွားတော့မယ် ဆိုတာကိုလည်း အမေရိကန်သမ္မတက ကြေညာခဲ့ပါတယ်။ အာရှဒေသမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိနိုင်ဖို့ အမေရိကန်က အာရှနိုင်ငံတွေအရေး အလေးထားတယ်ဆိုတာ ပြသနေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ကမ္ဘာကြီးအပေါ် ယူကရိန်းစစ်ပွဲရဲ့ သက်ရောက်မှုတွေကိုလည်း ဒီနေ့ ထိပ်သီးစည်းဝေးပွဲမှာ ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်။ မနက်ဖြန် နိုဝင်ဘာ ၁၃ ရက်နေ့အထိ ကျင်းပနေတဲ့ အာဆီယံနဲ့ဆက်စပ် ထိပ်သီးစည်းဝေးပွဲတွေမှာ မြန်မာစစ်ကောင်စီခေါင်းဆောင်ကိုတော့ ဖိတ်ကြားခြင်း မရှိပါဘူး။ မြန်မာကိုယ်စားပြုမှုမပါဘဲ ကျင်းပတဲ့ စည်းဝေးပွဲတွေက သဘောတူညီချက်တွေကို လက်ခံမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG