သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဝှေ့ကျော် ဂျိုးဖရေဇီယာ အသည်းအသန်ဖြစ်

လက်ဝှေ့ကျော် ဂျိုးဖရေဇီယာ အသည်းအသန်ဖြစ်
လက်ဝှေ့ကျော် ဂျိုးဖရေဇီယာ အသည်းအသန်ဖြစ်

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း ဂျိုးဖရေဇီယာ (Joe Frazier) ဟာ အသည်းကင်ဆာရောဂါဝေဒနာ အပြင်းအထန် ခံစားနေရတာကြောင့် သေဆုံးလုနီးပါးဖြစ်နေပြီ ဖြစ်ပါတယ်။

အသက် (၆၇) နှစ်အရွယ် ဖရေဇီယာဟာ လွန်ခဲ့တဲ့သီတင်းပတ် လေးငါးပတ်လောက်ကစပြီး ဆေးကုသမှုတွေ ခံနေရပြီး နာတာရှည်ဆေးရုံးမှာ နေနေတာဖြစ်တယ်လို့ သူ့ရဲ့ မန်နေဂျာက ပြောပါတယ်။

ဖရေဇီယာဟာ ၁၉၆၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ အမေရိကန်နိုင်ငံအတွက် ရွှေတံဆိပ် ဆွတ်ခူးပေးခဲ့သူပါ။ အဲဒီနောက် ကြေးစားလက်ဝှေ့လောကကို ဝင်ရောက်ပြီး အောင်မြင်မှုတွေ ရခဲ့ပါတယ်။

ဖရေဇီယာဟာ မိုဟာမက်အလီကို ပထမဆုံး အလဲထိုးနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်တုန်းက မိုဟာမက်အလီနဲ့ ထိုးခဲ့တဲ့ အဲဒီပွဲဟာ ပြီးခဲ့တဲ့ရာစုနှစ်ရဲ့ အကောင်းဆုံးပွဲလို့ ဆိုကြပါတယ်။ သူဟာ ၁၉၇၅ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ မနီလာမှာထိုးခဲ့တဲ့ “Thrilla in Manila” ပွဲအပါအဝင် မိုဟာမက် အလီကို နှစ်ကြိမ် ပြန်ပြီးရှုံးခဲ့ပါတယ်။

ဖရေဇီယာဟာ ၁၉၇၆ ခုနှစ်မှာ လက်ဝှေ့လောက ကနေ အနားယူခဲ့ပြီး သူ့ရဲ့ လက်ဝှေ့သက်တမ်းတလျှောက်မှာ ၃၂ ပွဲနိုင်၊ ၁ ပွဲ သရေကျပြီးတော့ ၄ ပွဲ ရှုံးခဲ့ပါတယ်။

This item is part of
XS
SM
MD
LG