သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မုန္တိုင္းသတိေပးခ်က္ေတြလိုက္နာဖို႔ သမၼတ Biden တိုက္တြန္း 


[[Zawgyi/Unicode]]

အေမရိကန္ ျပည္ေထာင္စုမွာ သမိုင္းတင္ေအာင္က်ယ္ျပန္႔ ျပင္းထန္တဲ့ ေဆာင္းမုန္တိုင္းႀကီးရဲ႕ဒဏ္ကို လူဦးေရ ၆၀% ေလာက္ခံရလိမ့္မယ္လို႔ မိုးေလဝသဌာနက သတိေပးထားပါတယ္။ မိုးေလဝသဌာနရဲ႕ ေဆာင္းရာသီသတိေပးခ်က္ ဒါမွမဟုတ္ အၾကံျပဳခ်က္ထုတ္ျပန္ထားတဲ့ေနရာေတြမွာရွိေနသူ လူဦးေရ သန္း ၂၀၀ ေက်ာ္ေလာက္ရွိပါတယ္။

တကယ္ကို အက်ဳိးဆက္ေတြၾကံဳရႏိုင္တဲ့အတြက္ အေလးအနက္သတိေပးခ်က္ေတြ ထုတ္ျပန္ထားတာျဖစ္တယ္လို႔ သမၼတ Joe Biden ကေျပာၿပီး ေဒသဆိုင္ရာ သတိေပးခ်က္ေတြကို လူတိုင္းလိုက္နာၾကဖို႔ ၾကာသပေတးေန႔က တိုက္တြန္းခဲ့ပါတယ္။ ခရစၥမတ္မတိုင္ခင္ ခရီးသြားလာမႈေတြမ်ားတဲ့အခ်ိန္မွာ မုန္တိုင္းေၾကာင့္ ေလယာဥ္ခရီးစဥ္ ေထာင္နဲ႔ခ်ီကို ဖ်က္ထားရပါတယ္။ ေျမာက္ဝင္႐ိုးစြန္းဘက္ကေနလာတဲ့ အေအးလႈိင္းႀကီးဟာ အေမရိကန္ အေနာက္ေျမာက္ပိုင္းကေန အလယ္ပိုင္းျပည္နယ္ေတြကို ျဖတ္ၿပီး အေရွ႕ပိုင္းအထိ ျဖတ္သန္းတိုက္ခတ္ေနတာမို႔ တခ်ိဳ႕ျပည္နယ္ေတြမွာ ႏွင္းေတြ အထူအထပ္က်ႏိုင္သလို သခ်ဳိ႕ျပည္နယ္ေတြမွာ ေရခဲေအာင္ေအးမယ္လို႔ မိုးေလဝသပညာရွင္ေတြ ခန႔္မွန္းထားပါတယ္။

တခ်ိဳ႕ေနရာေတြမွာ အႏုတ္ေအာက္ ၄၅ ဒီဂရီ ဆဲလ္ဆီးယက္စ္အထိ ေအးခဲႏိုင္တယ္လို႔ သတိေပးထားပါတယ္။ ေလာေလာဆယ္အထိ New York၊ Kentucky၊ ေျမာက္ Carolina၊ အေနာက္ Virginia၊ Georgia နဲ႔ Oklahoma ျပည္နယ္ေတြမွာ အေရးေပၚ အေျခအေနေတြ ထုတ္ျပန္ထားပါတယ္။ မ်ဳိးဆက္တခုမွာ တခါသာႀကံဳရမယ့္ ႏွင္းမုန္တိုင္းႀကီးျဖစ္ၿပီး ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း အေအးဆံုး ခရစၥမတ္ကို ျဖတ္သန္းၾကရမွာျဖစ္တယ္လို႔ မိုးေလဝသကၽြမ္းက်င္သူေတြ ခန္႔မွန္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မုန်တိုင်းသတိပေးချက်တွေလိုက်နာဖို့ သမ္မတ Biden တိုက်တွန်း

အမေရိကန် ပြည်ထောင်စုမှာ သမိုင်းတင်အောင်ကျယ်ပြန့် ပြင်းထန်တဲ့ ဆောင်းမုန်တိုင်းကြီးရဲ့ဒဏ်ကို လူဦးရေ ၆၀% လောက်ခံရလိမ့်မယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ မိုးလေဝသဌာနရဲ့ ဆောင်းရာသီသတိပေးချက် ဒါမှမဟုတ် အကြံပြုချက်ထုတ်ပြန်ထားတဲ့နေရာတွေမှာရှိနေသူ လူဦးရေ သန်း ၂၀၀ ကျော်လောက်ရှိပါတယ်။

တကယ်ကို အကျိုးဆက်တွေကြုံရနိုင်တဲ့အတွက် အလေးအနက်သတိပေးချက်တွေ ထုတ်ပြန်ထားတာဖြစ်တယ်လို့ သမ္မတ Joe Biden ကပြောပြီး ဒေသဆိုင်ရာ သတိပေးချက်တွေကို လူတိုင်းလိုက်နာကြဖို့ ကြာသပတေးနေ့က တိုက်တွန်းခဲ့ပါတယ်။ ခရစ္စမတ်မတိုင်ခင် ခရီးသွားလာမှုတွေများတဲ့အချိန်မှာ မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ထောင်နဲ့ချီကို ဖျက်ထားရပါတယ်။ မြောက်ဝင်ရိုးစွန်းဘက်ကနေလာတဲ့ အအေးလှိုင်းကြီးဟာ အမေရိကန် အနောက်မြောက်ပိုင်းကနေ အလယ်ပိုင်းပြည်နယ်တွေကို ဖြတ်ပြီး အရှေ့ပိုင်းအထိ ဖြတ်သန်းတိုက်ခတ်နေတာမို့ တချို့ပြည်နယ်တွေမှာ နှင်းတွေ အထူအထပ်ကျနိုင်သလို သချို့ပြည်နယ်တွေမှာ ရေခဲအောင်အေးမယ်လို့ မိုးလေဝသပညာရှင်တွေ ခန့်မှန်းထားပါတယ်။

တချို့နေရာတွေမှာ အနုတ်အောက် ၄၅ ဒီဂရီ ဆဲလ်ဆီးယက်စ်အထိ အေးခဲနိုင်တယ်လို့ သတိပေးထားပါတယ်။ လောလောဆယ်အထိ New York၊ Kentucky၊ မြောက် Carolina၊ အနောက် Virginia၊ Georgia နဲ့ Oklahoma ပြည်နယ်တွေမှာ အရေးပေါ် အခြေအနေတွေ ထုတ်ပြန်ထားပါတယ်။ မျိုးဆက်တခုမှာ တခါသာကြုံရမယ့် နှင်းမုန်တိုင်းကြီးဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း အအေးဆုံး ခရစ္စမတ်ကို ဖြတ်သန်းကြရမှာဖြစ်တယ်လို့ မိုးလေဝသကျွမ်းကျင်သူတွေ ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG