သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတဘိုင္ဒန္နဲ႔ဇနီး ဟာရီကိန္းမုန္တိုင္းဒဏ္ခံခဲ့ရတဲ့ Puerto Rico ကိုသြားမည္


ဟာရီကိန္း ဖီယိုနာေၾကာင့္ ပ်က္စီးသြားတဲ့ေနာက္ ပင္လယ္ထဲ နစ္ျမဳပ္မသြားခင္ျမင္ရတဲ့အိမ္တလံုး။ (စက္တင္ဘာ ၂၄၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ဟာရီကိန္း Fiona မုန္တိုင္း အပ်က္အစီးကေန ျပန္လည္ ထူေထာင္ေရး လုပ္ငန္းေတြကိုၾကည့္ဖို႔ အေမရိကန္သမၼတဘိုင္ဒန္နဲ႔ဇနီး Jill ဟာ Puerto Rico ကြၽန္းကို ဒီေန႔ တနလၤာေန႔မွာ သြားေရာက္ၾကမွာျဖစ္ပါတယ္။ ေဒၚလာသန္း ၆၀ အကူအညီေပးမွာကိုလည္း ဒီခရီးစဥ္မွာ ေၾကညာဖို႔ ရွိပါတယ္။

“ပိုမိုလုံၿခဳံစိတ္ခ်ရၿပီး ဒဏ္ခံႏိုင္တဲ့ အေျခခံအေဆာက္အအုံေတြ ျပန္လည္ထူေထာင္ရာမွာ ေပၚတိုရီကို ျပည္သူေတြကို ကူညီမယ့္ကတိကဝတ္အေၾကာင္း သမၼတဂ်ိဳးဘိုင္ဒန္က ေျပာၾကားလိမ့္မယ္လို႔ အိမ္ျဖဴေတာ္ကဆိုပါတယ္။ မိသားစုေတြ၊ ရပ္႐ြာ အသိုက္အဝန္း အႀကီးအကဲေတြနဲ႔ သမၼတတို႔ ေက်ာင္းတေက်ာင္းမွာ ေတြ႕ဆုံၾကဖို႔ လည္း စီစဥ္ထားပါတယ္။ ဒီမွာ ျပန္လည္ထူေထာင္ေရးလုပ္ေနၾကတာကို ေက်းဇူးတင္စကား ေျပာဖို႔ရွိပါတယ္။

ေပၚတိုရီကို အုပ္ခ်ဳပ္ေရးမႉး Pedro Pierluisi နဲ႔ အစိုးရအဖြဲ႔က သူတို႔ ေဆာင္႐ြက္ေနတာေတြ သမၼတကို တင္ျပၾကမွာပါ။ မုန္တိုင္း Fiona ဟာ စက္တင္ဘာလ ၁၈ ရက္ေန႔က ေပၚတိုရီကိုကြၽန္းကို ဝင္ေရာက္တိုက္ခိုက္သြားခဲ့ရာမွာ ကြၽန္းရဲ႕ အေနာက္ပိုင္းနဲ႔ ေတာင္ပိုင္းနယ္ေျမေတြဟာ အထိနာဆုံး ျဖစ္ခဲ့တဲ့အတိုင္း သမၼတဂ်ိဳးဘိုင္ဒင္က သြားေရာက္မွာ ျဖစ္ပါတယ္။

တျခားေနရာေတြမွာ မီး ျပန္လည္ရရွိတာ ၉၂ ရာႏႈန္း ရွိေပမယ့္ ဒီေနရာေတြမွာေတာ့ ၉၀ ရာႏႈန္း မျပည့္မီေသးပါဘူး။ ဗုဒၶဟူးေန႔မွာလည္း သမၼတဟာ Fiona မုန္တိုင္းဒဏ္သင့္ခဲ့တဲ့ ဖေလာ္ရီဒါျပည္နယ္ကို သြားေရာက္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

သမ္မတဘိုင်ဒန်နဲ့ဇနီး ဟာရီကိန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ Puerto Rico ကိုသွားမည်
ဟာရီကိန်း Fiona မုန်တိုင်း အပျက်အစီးကနေ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကိုကြည့်ဖို့ အမေရိကန်သမ္မတဘိုင်ဒန်နဲ့ဇနီး Jill ဟာ Puerto Rico ကျွန်းကို ဒီနေ့ တနင်္လာနေ့မှာ သွားရောက်ကြမှာဖြစ်ပါတယ်။ ဒေါ်လာသန်း ၆၀ အကူအညီပေးမှာကိုလည်း ဒီခရီးစဉ်မှာ ကြေညာဖို့ ရှိပါတယ်။

“ပိုမိုလုံခြုံစိတ်ချရပြီး ဒဏ်ခံနိုင်တဲ့ အခြေခံအဆောက်အအုံတွေ ပြန်လည်ထူထောင်ရာမှာ ပေါ်တိုရီကို ပြည်သူတွေကို ကူညီမယ့်ကတိကဝတ်အကြောင်း သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိမ့်မယ်လို့ အိမ်ဖြူတော်ကဆိုပါတယ်။ မိသားစုတွေ၊ ရပ်ရွာ အသိုက်အဝန်း အကြီးအကဲတွေနဲ့ သမ္မတတို့ ကျောင်းတကျောင်းမှာ တွေ့ဆုံကြဖို့ လည်း စီစဉ်ထားပါတယ်။ ဒီမှာ ပြန်လည်ထူထောင်ရေးလုပ်နေကြတာကို ကျေးဇူးတင်စကား ပြောဖို့ရှိပါတယ်။

ပေါ်တိုရီကို အုပ်ချုပ်ရေးမှူး Pedro Pierluisi နဲ့ အစိုးရအဖွဲ့က သူတို့ ဆောင်ရွက်နေတာတွေ သမ္မတကို တင်ပြကြမှာပါ။ မုန်တိုင်း Fiona ဟာ စက်တင်ဘာလ ၁၈ ရက်နေ့က ပေါ်တိုရီကိုကျွန်းကို ဝင်ရောက်တိုက်ခိုက်သွားခဲ့ရာမှာ ကျွန်းရဲ့ အနောက်ပိုင်းနဲ့ တောင်ပိုင်းနယ်မြေတွေဟာ အထိနာဆုံး ဖြစ်ခဲ့တဲ့အတိုင်း သမ္မတဂျိုးဘိုင်ဒင်က သွားရောက်မှာ ဖြစ်ပါတယ်။

တခြားနေရာတွေမှာ မီး ပြန်လည်ရရှိတာ ၉၂ ရာနှုန်း ရှိပေမယ့် ဒီနေရာတွေမှာတော့ ၉၀ ရာနှုန်း မပြည့်မီသေးပါဘူး။ ဗုဒ္ဓဟူးနေ့မှာလည်း သမ္မတဟာ Fiona မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်ကို သွားရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG