သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရုရှားအပေါ် ပိုပြင်းထန်စွာတြုံ့ပန်ဖို့ ကန်အမျိုးသားလုံခြုံရေးအကြံပေးသစ် လိုလား


အမျိုးသားလုံခြုံရေး အကြံပေးအသစ် John Bolton 

သမ္မတ Donald Trump ရွေးချယ်ထားတဲ့ အမျိုးသားလုံခြုံရေး အကြံပေး John Bolton ဟာ မြောက်ကိုရီးယား နဲ အီရန်နိုင်ငံအရေးနဲ့ ပတ်သက်လို့ တင်းမာတဲ့ သဘောထားအမြင်ရှိသူဖြစ်ပြီး အနောက်နိုင်ငံတွေနဲ့ ကမ္ဘာတ၀ှမ်းမှာ ရုရှားရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို အမေရိကန်အနေနဲ့ ပြင်းပြင်းထန်ထန်တုန့် ပြန်ဖို့ ဖိအားပေးနေသူလည်းဖြစ်ပါတယ်၊၊

သမ္မတ Trump ရဲ့အမျိုးသားလုံခြုံရေး အကြံပေးအဖြစ်ရွေးချယ်မခံရသေးခင် ဖေဖော်ဝါရီလက ဆွေးနွေးပွဲတစ်ခုမှာလည်း Bolton က ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်းက ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုကို တုန့်ပြန်သင့်တယ်လို့ သူ့ရဲ့ ယူဆချက်ကို ချပြခဲ့ဖူးပါတယ်၊၊

ဗြိတိန်မှာ နေထိုင်နေတဲ့ ရုရှား နှစ်ဖက်သူသျှိုဟောင်းနဲ့ သမီးဖြစ်သူကို အာရုံကြောအဆိပ်ဓါတ်ငွေ့ နဲ့တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရရှားကိုတုန့်ပြန်ရာမှာအမေရိကန်ပြည်ထောင်စုက မဟာမိတ်နိုင်ငံတွေနဲ့ အတူရပ်တည်သွားမှာဖြစ်တယ်လို့လည်း Mr. Bolton ကပြောပါတယ်၊၊

ရှရှားသမ္မတ ပူတင်ကတော့ အမေရိကန်ရွေးကောက်ပွဲမှာကြားဝင်စွက်ဖက်မှု လုပ်ရပ် နောက်ကွယ်မှာ သူ့အစိုးရမပါဝင်ဘူးလို့ငြင်းဆိုထားပြီး ရုရှားလူမျိုးတစ်ချို့တော့ ပါဝင်ကောင်းပါဝင်နိုင်တယ်လို့ ၀န်ခံပြောဆိုပါတယ်၊၊

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG