သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ် စတင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒီလဆန်းမှာ တာဝန်ယူခဲ့တဲ့ ဂျွန်ကယ်ရီ (John Kerry) ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်ကို စတင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၉ နိုင်ငံကို ၁၁ ရက်ကြားသွားမယ့် ဝန်ကြီးကယ်ရီ ဟာ တနင်္ဂနွေနေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ဆီကို ပထမဆုံး ထွက်ခွာသွားပါတယ်။
နိုင်ငံစုံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ဆီးရီးယားနိုင်ငံအရေး ကိစ္စဟာ အဓိကဖြစ်မယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကယ်ရီရဲ့ ခရီးစဉ်အတွင်းမှာ ဆီးရီးယားအစိုးရ ဆန့်ကျင်ရေး ညွှန့်ပေါင်းအဖွဲ့ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့အစီအစဉ် ရှိပါတယ်။ လန်ဒန်မြို့ကို ပထမဆုံးသွားပြီးရင် ဂျာမနီနိုင်ငံ ဘာလင်မြို့တော်ကို သွားပါလိမ့်မယ်။ အဲဒီကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကိုသွားပြီး မာလီနိုင်ငံအရေးကို ဝင်ရောက်ကူညီနေတဲ့ ပြင်သစ်နဲ့ တခြားနိုင်ငံတွေကို အမေရိကန်အစိုးရက ဆက်ပြီးထောက်ခံ ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံသွားပြီးရင် အီတလီ၊ တူရကီနဲ့ အီဂျစ်နိုင်ငံတွေဆီကိုလည်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆက်သွားမှာဖြစ်ပါတယ်။ ကိုင်ရိုမြို့တော်မှာ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးတဲ့အခါ အများပြည်သူဆန္ဒကို ပိုပြီးယူဖို့ အီဂျစ်အစိုးရကို တိုက်တွန်းမှာဖြစ်သလို၊ ဒေသတွင်းက ဘုံပြဿနာတွေကို အာရပ်နိုင်ငံများအဖွဲ့ချုပ် ထိပ်တန်းနိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပါတယ်။ အီဂျစ်နိုင်ငံကနေ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဟာ ဆော်ဒီအာရေးဗျ နိုင်ငံ ရီးယက် (Riyadh) မြို့တော်၊ အာရပ်စောဘွားများပြည်ထောင်စုထဲက အဘူဒါဘီ (Abu Dhabi) နဲ့ ကာတာနိုင်ငံ ဒိုဟာ (Doha) မြို့တွေကို သွားပြီး ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG