သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဥတုရာသီဖောက်ပြန်မှု ဝန်ကြီးကယ်ရီသတိပေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုဟာ တကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ မိန့်ခွန်းတရပ် ပြောကြားခဲ့ပါတယ်။

သိပ္ပံပညာနဲ့ ခန့်မှန်းတွက်ချက်မှုက အပြည့်အဝ သေချာနေတဲ့အတွက် ပြောင်းလဲလာနေတဲ့ ရာသီဥတုကိစ္စကို ကမ္ဘာမှာ ကိုင်တွယ်ဖြေရှင်းဖို့ လက်ခံရမှာဖြစ်တယ်လို့ ဝန်ကြီး Kerry ကပြောကြားခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်နေပြီး အဲဒီလိုဖြစ်နေတာကလဲ လူသားတွေကြောင့် ဖြစ်တယ်လို့ သိပ္ပံပညာရှင် ၉၇ % ကတွေ့ရှိသဘောတူကြတယ်ဆိုတဲ့ အချက်ကို သူက အလေးထားပြောကြားခဲ့ပါတယ်။

ကမ္ဘာကြီး ပိုမို ပူနွေးလာတဲ့အတွက် ရေမျက်နှာပြင်တွေ မြင့်တက်လာနေပြီး အင်ဒိုနီးရှားလို ကျွန်းနိုင်ငံမျိုးအပေါ် အန္တရာယ်ရှိတဲ့ သက်ရောက်မှုေတွေ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်အတော်များများက ပြောကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အင်ဒိုနီးရှားကို စနေနေ့မှာ ရောက်မလာခင် တရုတ်နိုင်ငံခရီးစဉ်မှာလည်း ကမ္ဘာကြီးပူနွေးလာနေတဲ့ ပြဿနာနဲ့ တခြားကိစ္စတွေကို တရုတ်သမ္မတ (Xi Jinping ) ရှီဂျင်းပင်နဲ့ ဆွေးနွေးခဲ့ပါတယ်။

ဥတုရာသီပြောင်းလဲလာနေမှုကို အရေးပေါ် တိုက်ဖျက်ဖို့နဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ကျဆင်းသွားအောင် တရုတ်နဲ့ အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်ကြမဲ့ ပူးတွဲကြေညာချက်လည်း ထုတ်ပြန်ခဲ့ပါတယ်။
XS
SM
MD
LG