သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီးကယ်ရီ အရှေ့တောင်အာရှ ခရီးထွက်မည်


အထက်လွှတ်တော်အမတ် John Kerry
အထက်လွှတ်တော်အမတ် John Kerry
အာရှဒေသနဲ့ အမေရိကန်ရဲ့ သံတမန်ဆက်ဆံရေး တိုးတက်ဖို့ကြိုးပမ်းမှု တစိတ် တဒေသအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ လာမဲ့လတွေအတွင်း အာရှနဲ့ တောင် အာရှနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။

April လ ၁၀ ရက်နေ့ကျရင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ပြုလုပ်မဲ့ Group of Eight, ၈ နိုင်ငံအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ ၂ ရက်ကြာ စည်းဝေးပွဲကနေ ဝန်ကြီး Kerry ဟာ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေဆီကို ခရီးဆက်မှာဖြစ်တယ် လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Victoria Nuland က ကြာသပတေးနေ့က ပြောပါတယ်။ June လကျရင် Brunei မှာကျင်းပမဲ့ အာဆီယံ ထိပ်သီးညီလာခံကိုလဲ တက်ရောက်မှာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Kerry ရဲ့ ခရီးစဉ်အတွင်းမှာ တချို့ အရှေ့တောင်အာရှနိုင်ငံတွေကိုလဲ သွားရောက်ဖို့ရှိတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပေမဲ့ ဘယ်နိုင်ငံတွေလဲဆိုတာ အတိအကျကိုတော့ ပြောပြခြင်း မရှိပါဘူး။
XS
SM
MD
LG