သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဘင်္ဂလားဒေ့ရှ် သွားမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပထမဆုံး တရားဝင် သွားရောက်မယ့် ခရီးစဉ်အတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးအစီအစဉ်ဟာ ထိပ်တန်းဆွေးနွေးမယ့်ခေါင်းစဉ် ဖြစ်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော် ကော်ဖီဆိုင်တစ်ဆိုင်မှာ IS အဖွဲ့ရဲ့လက်ချက်လို့ ပြောတဲ့ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရမှုရဲ့ နောက်ဆက်တွဲအခြေအနေတွေက အခုထိ ရှိနေဆဲပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နိုင်ငံခြားသား ၁၇ ယောက်အပါအဝင် ဓားစာခံ အယောက် ၂၀ သေဆုံးခဲ့ပါတယ်။ အဲဒီအကြမ်းဖက်မှုကို နောက်ကွယ်က ကြိုးကိုင်တယ်လို့ သံသယရှိသူနဲ့ တခြားစစ်သွေးကြွနှစ်ယောက်ကို စီးနင်းတိုက်ခိုက်မှုတခုအတွင်း သုတ်သင်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။ ဒါကာမြို့ပြင်ဘက်က သူတို့ ပုန်းအောင်းနေတဲ့နေရာကို ဝင်စီးပြီးတော့ တိုက်ခိုက်တာပါ။

အဲဒီအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပြီးကတည်းကဆိုရင် ဆွေးနွေးပြောဆိုတာကို အရှိန်တိုးမြှင့် လုပ်ဆောင်နေ သလို ဘင်္ဂလားဒေ့ရှ် တရားဥပဒေ စိုးမိုးရေးကဏ္ဍ တာဝန်ရှိသူတွေ၊ စစ်တပ်တို့နဲ့ အခိုင်အမာ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သတင်းထောက်တွေကို နောက်ခံအကြောင်းအချက်တွေ ရှင်းလင်းပြောဆိုတဲ့ပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်း တာဝန်ရှိသူတဦးက ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG