သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာရောက်မည်


ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။

အမေရိကန်နိုင်ငံခြားရေး ဂျွန်ကယ်ရီဟာ မေလ ၂၂ရက်နေ့ကျရင် မြန်မာနိုင်ငံကို လာရောက်မယ်လို့ ဝန်ကြီးကယ်ရီရဲ့ရုံးက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အရပ်သားဦးဆောင်တဲ့အစိုးရအပေါ် အမေရိကန်ပြည်ထောင်စု ရဲ့ ထောက်ခံမှု ကို ပြသဖို့ ဒီမိုကရေစီနဲ့ စီးပွားရေးအရ နောက်ထပ်ပြောင်းလဲမှုတွေ ကို ထောက်ခံကြောင်းပြသဖို့ နေပြည်တော်မှာ မြန်မာနိုင်ငံရဲ့ အဓိက ခေါင်းဆောင်တွေ နဲ့ ဝန်ကြီးကယ်ရီ တွေ့ဆုံမယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အဲ့ဒီ့ထုတ်ပြန်ချက်အရဆိုရင်ဖြင့် ဝန်ကြီးကယ်ရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ နေ့ချင်းပြန် ခရီးဖြစ်မယ့်ပုံရှိပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ Saudi Arabia၊ Austria၊ Belgium နဲ့ Vietnam နိုင်ငံခရီးစဉ်တွေအတွင်း မြန်မာနိုင်ငံကိုလည်း လာရောက်မှာပါ။ အမေရိကန်သမ္မတ ဘားရက်အိုဘားမား ကတော့ မေလ ၂၂ရက်နေ့ကနေ မေလ ၂၅ရက်နေ့အထိ ဗီယက်နမ်နိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။

XS
SM
MD
LG