သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာမည်ကျော် ရော့ခ်အဆိုတော် ဂျွန် လင်နွန် အသက် ၇၀ ပြည့်

ဂျွန် လင်နွန်သာ သက်ရှိထင်ရှားရှိနေမယ်ဆိုရင် အသက် ၇၀ ပြည့်နေမှာဖြစ်တဲ့ အောက်တိုဘာလ ၉ ရက်နေ့က နယူးယောက်မြို့၊ Central Park မှာ သူ့ရဲ့ တေးချစ် ပရိသတ်တွေ အမှတ်တရ စုဝေးခဲ့ကြပါတယ်။
ဂျွန် လင်နွန်သာ သက်ရှိထင်ရှားရှိနေမယ်ဆိုရင် အသက် ၇၀ ပြည့်နေမှာဖြစ်တဲ့ အောက်တိုဘာလ ၉ ရက်နေ့က နယူးယောက်မြို့၊ Central Park မှာ သူ့ရဲ့ တေးချစ် ပရိသတ်တွေ အမှတ်တရ စုဝေးခဲ့ကြပါတယ်။

ကမ္ဘာကျော် Beatles တေးဂီတအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်တယောက်ဖြစ်ပြီး ၁၉၈၀ ခုနှစ်က အသတ်ခံခဲ့ရသူ အဆိုတော် ဂျွန် လင်နွန် (John Lennon) ရဲ့ အသက် ၇၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ သူ့ရဲ့ ပရိသတ်တွေဟာ နယူးယောက်မြို့မှာ စုဝေးနေကြပါတယ်။

ဂီတအကျော်အမာ် John Lennon အတွက် ဂုဏ်ပြုကျောက်ပြားခင်းထားတဲ့ Central Park ပန်းခြံကြီးထဲက Strawberry Fields ဆိုတဲ့နေရာမှာ ပရိသတ် ထောင်ပေါင်းများစွာဟာ စနေနေ့က ကျရောက်တဲ့ မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် လာရောက်စုဝေးခဲ့ကြတာပါ။

Beatles အဖွဲ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဗြိတိန်နိုင်ငံ Liverpool မြို့မှာလဲ John Lennon အထိမ်းအမှတ် ငြိမ်းချမ်းရေးသင်္ကေတ ရုပ်တုဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။ John Lennon ဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်းက စစ်ပွဲဆန့်ကျင်ရေးနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လှုပ်ရှားခဲ့သူတယောက်ဖြစ်ပါတယ်။

သူ့ရဲ့ အသက် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် သူတယောက်တည်းသီဆိုခဲ့တဲ့ သီချင်းခွေတွေ အားလုံးကို ပြန်ပြီး ထုတ်ဝေဖြန့်ချိပါတယ်။ ဒါ့အပြင် သူ့ငယ်စဉ်ဘဝကို ရိုက်ကူး ပုံဖော်ထားတဲ့ Nowhere Boy ဆိုတဲ့ ရုပ်ရှင်ကိုလည်း စနေနေ့က စတင်ပြသနေပါတယ်။

ကမ္ဘာတဝန်းမှာလည်း ပရိသတ်တွေက John Lennon မွေးနေ့ အထိမ်းအမှတ်ပွဲတွေ ပုံစံစုံ ကျင်းပကြပါတယ်။

This item is part of
XS
SM
MD
LG