သုံးရလွယ်ကူစေသည့် Link များ

အင်ဒို၊ မလေး၊ ဖိလစ်ပိုင် ပူးတွဲ ရေကြောင်း ကင်းလှည့်မည်


အင်ဒိုနီးရှား ရေတပ်လုံခြုံရေးကင်းလှည့်စဉ်။

အင်ဒိုနီးရှား ပင်လယ်ပြင်အတွင်း Abu Sayyaf စစ်သွေးကြွတွေလို့ သံသယရှိထားတဲ့ အဖွဲ့ရဲ့ ပြန်ပေးဆွဲမှုတွေ ဖြစ်ပွါးပြီးတဲ့နောက် ရေကြောင်းဆိုင်ရာ လုံခြုံရေး တိုးမြှင့်ဖို့ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဖိလစ်ပိုင် သုံးနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူလိုက်ကြပါတယ်။

သုံးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ၊ စစ်ဘက် အကြီးအကဲ တွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့  ရှေးဟောင်း မြို့ ဖြစ်တဲ့ ယိုယာကာတာ မှာ ဒီကနေ့ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

နိုင်ငံအသီးသီးရဲ့ ရေပိုင်နက်တွေအတွင်း ဖြတ်သန်း သွားလာကြတဲ့ သဘောင်္တွေကို ပူးပေါင်း ကာကွယ်ဖို့ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို အင်ဒီုနီးရှား အစိုးရက ကမကထပြုကျင်းပတာဖြစ်ပါတယ်။ အစည်းအဝေးမစတင်ခင်မှာတော့ ကိုယ်စားလှယ်အားလုံး ယိုယာ ကာတာမြို့က ဂီဒေါင်းအာဂူ သမ္မတနန်းတော်မှာ အင်ဒိုနီးရှား သမ္မတ Joko Widodo ကို သွားရောက် ဂါရ၀ ပြုကြပါတယ်။

၂၀၁၅ ခုနှစ်အတွင်း နိုင်ငံသုံးနိုင်ငံကြားက Sulu ရေနုယ်နိမိတ်အတွင်း သဘောင်္ပေါင်း တသိန်းကျော် ဖြတ်သန်းသွားလာခဲ့သလို ကုန်ပစ္စည်း မက်ထရစ်တန်ချိန် ၅၅ သန်းနဲ့ ခရီးသည်ပေါင်း ၁၈ သန်းကို သယ်ယူပို့ဆောင်ပေးခဲ့ပါတယ်။

ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု နဲ့ အခြား နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှု တွေရဲ့ ခြိမ်းခြောက်မှုတွေကို သေချာကိုင်တွယ် ဆွေးနွေးခဲ့တာမျိုး မရှိခဲ့သလို ဒီဖြစ်ရပ်တွေ ကြောင့် ဒေသတွင်း ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးကို အားပျော့သွားစေနိုင်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောပါတယ်.

XS
SM
MD
LG