သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကော်မရှင်အရေး ဒေါ်စုနဲ့ ကိုဖီအာနန် ပူးတွဲသတင်းစာရှင်းလင်း


ရခိုင်ကော်မရှင်အရေး ဒေါ်စုနဲ့ ကိုဖီအာနန် ပူးတွဲသတင်းစာရှင်းလင်း
ရခိုင်ကော်မရှင်အရေး ဒေါ်စုနဲ့ ကိုဖီအာနန် ပူးတွဲသတင်းစာရှင်းလင်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ တနင်္လာနေ့ မနက် ၁၁ နာရီမှာ ရန်ကုန်က NRPC အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ကိုဖီအာနန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ရှိပြီး သူ့ရဲ့ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရခိုင်ပြည်အတွင်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံပြီး ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကိုရှင်းလင်းတင်ပြဖို့လည်း စီစဉ်ထားတာပါ။ စက်တင်ဘာ ၈ ရက်နေ့မှာ သတင်းစာရှင်းပွဲပြုလုပ်မှာဖြစ်ပြီး မစ္စတာ အာနန်ဟာ ရန်ကုန်မြို့မှတစ်ဆင့် စက်တင်ဘာ ၉ ရက်မှာ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG