သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို သမ္မတသစ် ကျမ်းသစ္စာဆို

အင်ဒိုနီးရှားသမ္မတသစ် Joko Widodo (ဗဟို)
အင်ဒိုနီးရှားသမ္မတသစ် Joko Widodo (ဗဟို)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ သမ္မတသစ် Joko Widodo ဒီကနေ့အစောပိုင်းမှာပဲ ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။

အင်ဒီုနီးရှားရဲ့ နိုင်ငံရေးဘက်ရော စစ်တပ်အသိုင်းအဝိုင်းဘက်ကပါ အခွင့်ထူးခံမဟုတ်တဲ့၊ လူထုက ရွေးကောက်တဲ့ ပထမဆုံး သမ္မတလည်း ဖြစ်ပါတယ်။

သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry တက်ရောက်ခဲ့ပါတယ်။ ဒီလိုတက်ရောက်တာဟာ အိုဘားမားအစိုးရရဲ့အာရှ ပစိဖိတ် ဒေသတွေအပေါ် အာရုံစိုက်နေတာကို ပိုထင်ရှားစေပါတယ်။

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ အစ္စလာမစ် အစွန်းရောက်စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှု ခံနေရတာကို ပူးပေါင်းခြေမှုန်းတဲ့နေရာမှာ အာရှနိင်ငံတွေ ထိထိရောက်ရောက် ပါဝင်နိုင်ဖို့ မျှော်မှန်းချက်နဲ့ အင်ဒိုနီးရှားကို ရောက်နေတဲ့ John Kerry က အာရှနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း အမေရိကန် အစိုးရအရာရှိတွေက ပြောပါတယ်။

မလေးရှား ဝန်ကြီးချုပ် Najib Razak ၊ စင်္ကာပူ ဝန်ကြီးချုပ် Lee Hseien Loong အပြင် ဘရူနိုင်းဘုရင် Hassanal Bolkiah တို့နဲ့သာမက အစိုးရအရာရှိ အတော်များများနဲ့လည်း မစ္စတာ Kerry တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG