သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဒန်တွေ IS ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်


 IS စစ်သွေးကြွတွေ ခိုအောင်းရာ ဆီးရီးယားဒေသမှာ ဂျော်ဒန်လေတပ်ကတိုက်ခိုက်မှုကို ဂျော်ဒန်ရုပ်သံကပြသစဉ်။
IS စစ်သွေးကြွတွေ ခိုအောင်းရာ ဆီးရီးယားဒေသမှာ ဂျော်ဒန်လေတပ်ကတိုက်ခိုက်မှုကို ဂျော်ဒန်ရုပ်သံကပြသစဉ်။

ဂျော်ဒန် တိုက်လေယာဉ်မှူးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လိုက်တဲ့ ဗွီဒီယိုကို အင်တာနက်ပေါ်ကတဆင့် ပြသပြီးနောက်ပိုင်း ဂျော်ဒန်လေတပ်က IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို လေကြောင်းစစ်ဆင်မှု ၅၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဂျော်ဒန်နိုင်ငံက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဂျော်ဒန်လေတပ်ဟာ တိုက်လေယာဉ်မှူး Muath al-Kaseabeh အတွက် လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး Mansour al-Jabour က ပြောပါတယ်။ ဂျော်ဒန်တိုက်လေယာဉ်တွေဟာ IS စစ်သွေးကြွတွေရဲ့ လေ့ကျင့်ရေးသင်တန်းစခန်းတွေ၊ စစ်တန်းလျားတွေ၊ လက်နက်နဲ့ လောင်စာဆီသိုလှောင်တဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးကပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယားနိုင်ငံနယ်မြေအတွင်းမှာရှိတဲ့ IS ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဂျော်ဒန်နိုင်ငံဟာ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကစလို့ လေကြောင်း စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ကြရာမှာ စစ်သွေးကြွ (၇) ထောင်ကျော်ကို သုတ်သင်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး al-Jabour ကပြောပါတယ်။

ကျနော်တို့ရဲ့ ရည်မှန်းချက် အလုံးစုံ အောင်မြင်တဲ့အထိ IS အစွန်းရောက် စစ်သွေးကြွတွေကို ခြေမှုန်းပစ်ဖို့ သံဓိဌန် ချထားပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး al-Jabour က Amman မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဂျော်ဒန်နိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်ရေး အစီအစဉ်ကို အကူညီပေးဖို့အတွက် အာရပ်စော်ဘွားများနိုင်ငံ UAE က F-16 တိုက်လေယာဉ် တပ်ဖွဲ့တခုကို စေလွှတ်ထားတယ်လို့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

IS စစ်သွေးကြွတွေရဲ့ မီးရှို့သတ်ဖြတ်မှုခံခဲ့ရသူ တိုက်လေယာဉ်မှူးရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့တဲ့ ဂျော်ဒန်မိဘုရား Rania
IS စစ်သွေးကြွတွေရဲ့ မီးရှို့သတ်ဖြတ်မှုခံခဲ့ရသူ တိုက်လေယာဉ်မှူးရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့တဲ့ ဂျော်ဒန်မိဘုရား Rania

XS
SM
MD
LG