သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းဒေသအရေး ဆွေးနွေးဖို့ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အီရန်နိုင်ငံ သွားရောက်


ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi
ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi

ဟာမတ်စ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ သတ်ဖြတ်ခံခဲ့ရပြီးနောက်ပိုင်း ဒေသတွင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi ဒီကနေ့ လာရောက်မည်အကြောင်း အီရန်သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

အီရန်က အားပေးထောက်ခံနေတဲ့ ဟက်ဇ်ဘူလာအဖွဲ့က အကြီးတန်းတပ်မှူးဖြစ်သူ Fuad Shukr အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘေရွတ်မြို့မှာ သေဆုံးခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ ဟာမတ်စ်ခေါင်းဆောင် အီရန်မှာ လုပ်ကြံခံခဲ့ရတာကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေလည်း ကြီးထွားလာနေတာပါ။

ဟာမတ်စ်နဲ့ အီရန်တို့ကတော့ လုပ်ကြံမှုဟာ အစ္စရေးလက်ချက်အဖြစ် စွပ်စွဲထားပြီး၊ လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစ္စရေးကတော့ သူတို့လက်ချက်အဖြစ် ဝန်ခံတာ မရှိသလို၊ ငြင်းဆန်တာလည်း မရှိပါဘူး။ ဒေသတွင်းမှာ တင်းမာမှုတွေ ကြီးထွားမလာအောင် အမေရိကန်နဲ့ ပြင်သစ်၊ ဗြိတိန်၊ အီတလီနဲ့ အီဂျစ် အပါအဝင် မိတ်ဆွေနိုင်ငံတွေနဲ့ သံတမန်ရေးအရ ဆက်သွယ်ခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အီရန်ကို သွားရောက်တာလည်း ဖြစ်ပါတယ်။

Forum

XS
SM
MD
LG