သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားကို လက်နက် ပိတ်ဆို့မှု ပြန်ရုပ်ဖို့ ကုလမှာ အဆိုပြု


လစ်ဗျားအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး။ (ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅)
လစ်ဗျားအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး။ (ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅)

လစ်ဗျားနိုင်ငံမှာ စစ်သွေးကြွတွေလက်ထဲ လက်နက်တွေ မရောက်အောင် တားဆီးဖို့နဲ့နိုင်ငံတကာ အသိအမှတ်ပြု အစိုးရ အာဏာပြန်ရရေးအတွက် တွန်းအားပေးဖို့ ကြိုးစားတဲ့အနေနဲ့ လစ်ဗျားအစိုးရကို လက်နက်ရောင်းဝယ်တင်ပို့ခွင့် တားမြစ်ချက်ကို ဖျက်သိမ်းပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ဂျော်ဒန်က တင်သွင်းခဲ့ပါတယ်။

၂၀၁၁ ခုနှစ် မိုမာ ဂဒါဖီကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း လစ်ဗျားနိုင်ငံမှာ စင်ပြိုင်အစိုးရ ၂ ရပ်ပေါ်လာပြီး စစ်သွေးကြွတွေနဲ့မတည်မငြိမ်ဖြစ်ခဲ့ရတဲ့ လစ်ဗျားနိုင်ငံရဲ့ အခြေနေတွေ အတွက် အစောပိုင်းက လုံခြုံရေးကောင်စီမှာ အရေးပေါ်တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ လစ်ဗျားနိုင်ငံမှာ အဖမ်းခံနေရတဲ့ အီဂျစ်နိုင်ငံသား ကောပ်တစ် ခရစ်ယာန် ၂၁ ဦးကို IS အစ္စလန်မစ် စစ်သွေးကြွတွေ ခေါင်းဖြတ်သတ်တဲ့ ဗီဒီယိုခွေ ထုတ်ပြန်လိုက်ပြီး သိပ်မကြာခင်မှာပဲ လုံခြုံရေးကောင်စီက အစည်းဝေးထိုင်ခဲ့တာ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး Mohammed al-Dairi က လစ်ဗျားအခြေအနေဟာ ဆိုးဆိုးဝါးဝါး ဖြစ်နေတာမို့ တည်ငြိမ် အေးချမ်းမှု ပြန်ရအောင် နိုင်ငံတကာက ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ တာဝန်ရှိတယ်လု့ိ ကောင်စီကို ပြောကြားခဲ့ပါတယ်။

"လစ်ဗျားနိုင်ငံမှာ လက်နက်အင်အားရှိအောင် လုပ်ဖို့ အကူအညီ ပေးမပေး နိုင်ငံ တကာ က ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန် ရောက်ပြီဖြစ်ပြီး အကူအညီပေး မယ် ဆိုရင် ပြည်တွင်းအကြမ်းဖက်မှုတွေ ကို နှိမ်နင်းဖို့ လစ်ဗျားစစ်တပ်က လက်နက် လိုအပ်တာမို့ လက်နက်တင်သွင်းမှု တားမြစ်ထားတာကို ဖယ်ရှားပေးဖို့ လိုတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတကာက စစ်ရေးစွက်ဖက်မှုအတွက် လစ်ဗျားနိုင်ငံက တောင်းဆိုတာ မဟုတ်ဘူးလို့လည်း လစ်ဗျားနိုင်ငံခြားရေး ဝန်ကြီးက အလေးအနက် ထား ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG