သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဒန်မှာ IS အဖွဲ့ဝင် ၁၁ ဦး အဖမ်းခံရ


ဂျော်ဒန်နိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ လျှို့ဝှက် ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၁၁ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

မကြာသေးခင်က ဖမ်းဆီးလိုက်တဲ့ အဲဒီလူတွေဟာ Islamic State အစ္စလာမ် စစ်သွေးကြွအဖွဲ့ဝင်တွေဖြစ်တယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။ အဲဒီလူတွေအနေနဲ့ လူထုအကြား ထိတ်လန့်မှုနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်စီစဉ်နေကြတာ ဖြစ်တယ်လို့ အစိုးရပိုင် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

IS အစ္စလာမ် စစ်သွေးကြွအဖွဲ့ထဲဝင်ပြီး အဲဒီအဖွဲ့ကို အားပေး အားမြောက်ပြုတာအပြင် အဖွဲ့ဝင်အသစ် စုဆောင်းရေး လုပ်ဆောင်မှုတွေနဲ့ လူ ၈ ဦးကို အခုလ အစောပိုင်းတုန်းက ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

IS အဖွဲ့အပါအဝင် ဆီးရီးယားနိုင်ငံအတွင်းက တပ်ဖွဲ့တွေနဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့အတွက် ဂျော်ဒန်နိုင်ငံသားတဦးကို စက်တင်ဘာလအတွင်း ထောင်ဒဏ် ၅ နှစ် စီရင်ချက် ချလိုက်ပြီးဖြစ်ပါတယ်။

XS
SM
MD
LG