သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သံတမန် ဒေါ်စုနဲ့ တွေ့မည်


အမေရိကန်သံတမန် ဒေါ်စုနဲ့ တွေ့မည်
အမေရိကန်သံတမန် ဒေါ်စုနဲ့ တွေ့မည်

အမေရိကန် အစိုးရရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ရဲ့ ခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာအစိုးရကြား ထိတွေ့ဆက်ဆံမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

“မြန်မာအစိုးရနဲ့ ဆက်ပြီးရှိနေတဲ့ ဆွေးနွေးမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ ဒီခရီးစဉ်ကို သွားတာပါ။ ကျနော်တို့ မြန်မာအစိုးရကို လုပ်ဖို့ တောင်းဆိုနေတာတွေကလည်း ဝေဝါး ပြောင်းမသွားပါဘူး။ မြန်မာပြည်သူတွေအပါ် အခုနဲ့မတူတဲ့ သဘောထားမျိုးနဲ့ ဆက်ဆံဖို့ မြန်မာအစိုးရကို တောင်းဆိုထားတာပါ။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးစေချင်ပါတယ်။ ဒီသတင်းစကားတွေကို မစ္စတာယွန်းက မြန်မာအစိုးရကို ပြောမှာဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက အင်္ဂါနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးနဲ့ အင်္ဂါနေ့ကတည်းက ရောက်နေတဲ့ မစ္စတာ ဂျိုးဇက် ယွန်းဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်နေသူတွေ၊ NGO တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

XS
SM
MD
LG