သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ရောက် အမေရိကန်အရာရှိ ဒေါ်စုနှင့် တွေ့မည်


ရန်ကုန်ရောက် အမေရိကန်အရာရှိ ဒေါ်စုနှင့် တွေ့မည်
ရန်ကုန်ရောက် အမေရိကန်အရာရှိ ဒေါ်စုနှင့် တွေ့မည်

မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် အကြီးတန်းသံတမန် တဦးဟာ ဒီကနေ့ သောကြာနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖွယ် ရှိနေပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ဟာ သူ့ခရီးစဉ် အဆုံးမသတ်မီ ပြီးခဲ့တဲ့လ ၁၃ ရက်နေ့ကမှ ဖမ်းဆီးထားရာက ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း သံတမန် အသိုင်းအဝန်းကို ကိုးကားပြီး တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းက ကြာသပတေးနေ့က ဖော်ပြလိုက်တာပါ။

အမေရိကန် သံတမန်ဟာ ကြာသပတေးနေ့မှာပဲ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ တို့နဲ့လည်း တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာတွေက ကြေညာပါတယ်။

တွေ့ဆုံမှုအတွင်း ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ အပြန်အလှန် အကျိုးစီးပွား ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့ပေမဲ့ အသေးစိတ် အကြောင်းအရာတွေကိုတော့ မပြောပါဘူး။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့တုန်းက ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် နိုင်ငံရေး အခြေအနေတွေကို အကဲခတ် လေ့လာဖို့ သာမက အမေရိကန်ရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒ တစိတ်တပိုင်းအဖြစ် အမေရိကန် သံတမန် ဂျိုးဇက် ယွန်း အင်္ဂါနေ့ကပဲ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။

မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ သံကိုယ်စားလှယ်အဖြစ် ခရီးစဉ် အစောပိုင်း ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံရာမှာတော့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေနဲ့ အမေရိကန်ရဲ့ သဘောထားတွေကို အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG