သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဆိုင်ရာ ကန်အထူးသံတမန် Joseph Yun အနားယူမည်


 မြောက်ကိုးရီးယားနိုင်ငံဆိုင်ရာ မူဝါဒရေးရာ အထူးကိုယ်စားလှယ် Joseph Yun
မြောက်ကိုးရီးယားနိုင်ငံဆိုင်ရာ မူဝါဒရေးရာ အထူးကိုယ်စားလှယ် Joseph Yun

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြောက်ကိုးရီးယားနိုင်ငံဆိုင်ရာ မူဝါဒရေးရာ အထူးကိုယ်စားလှယ် Joseph Yun ဟာ ဒီသီတင်းပတ် နှောင်းပိုင်းမှာ ရာထူးကနေ အနားယူပါတော့မယ်။

Mr Yun ဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကြောင့် လာမယ့် သောကြာနေ့မှာ ရာထူးက အနားယူတော့မယ့် အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Heather Nauert က တနင်္လာနေ့မှာ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဝါရင့်သံတမန်ဟောင်းဖြစ်သူ Mr Yun ရာထူူးကအနားယူမယ့် ဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က စိတ်မကောင်းစွာဘဲ လက်ခံခဲ့တယ်လို့လည်း ပြောခွင့်ရသူက ဆိုပါတယ်။

ကိုးရီးယားနဲ့ ဂျပန်နိုင်ငံဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရာထူးကိုပါ ပူးတွဲရယူထားတဲ့ Mr. Yun ကိုယ်တိုင်လည်း သူ အနားယူတော့မယ့်အကြောင်းကို တနင်္လာနေ့က သတင်းဌာနအတော်များများကို အတည်ပြု ပြောကြားခဲ့ပါတယ်။

မစ္စတာ Yun ကို မြောက်ကိုးရီးယားနိုင်ငံဆိုင်ရာ မူဝါဒရေးရာ အထူးကိုယ်စားလှယ်အဖြစ် သမ္မတ အိုဘားမားအစိုးရ လက်ထက် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ခန့်အပ်ခဲ့တာပါ။

သူဟာ နိုင်ငံတကာက ဝိုင်းပယ်ကြဉ်တာ ခံထားရတဲ့ မြောက်ကိုးရီးယား အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ အဓိက ကြိုးစားခဲ့သူဖြစ်ပြီး၊ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုးရီးယား သံတမန်တွေနဲ့ ပုံမှန် ပြောဆိုဆွေးနွေးလာခဲ့သူ ဖြစ်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ နျူကလီးယားလက်နက်တွေနဲ့ တာဝေးပစ် ဒုံးကျည် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ တိုက်ရိုက် ပြောဆိုဆွေးနွေးဖို့ အလားအလာတွေ ရှိနေချိန်မှာပဲ မစ္စတာ Yun ရာထူးကနေ အနားယူတာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားဆိုင်ရာ ကန်အထူးသံတမန် Joseph Yun အနားယူမည်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG