သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ကာ့ဒ်ဒေသမှာ ဂျပန်သတင်းထောက် အဖမ်းခံရ


သတင်းထောက် Kosuke Tsuneoka

အီရတ်နိုင်ငံက အခြေအနေတွေကို သတင်းယူနေတဲ့ ဂျပန်သတင်းထောက်တဦးကို ကာ့ဒ်ဒေသ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကြောင်း ဂျပန်အစိုးရက ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။

သတင်းထောက် Kosuke Tsuneoka ဖမ်းဆီးခံထားရပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက သူ့ကို မေးမြန်းစစ်ဆေးနေတယ် ဆိုတာကို သိထားတဲ့အကြောင်းနဲ့ ဘယ်လို စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားတယ် ဆိုတာကိုတော့ သေသေချာချာ မသိရသေးတဲ့အကြောင်း ဂျပန်အစိုးရအတွင်းဝန်ချုပ် Yoshihide Suga က ပြောပါတယ်။

အီရတ်မှာရှိတဲ့ ဂျပန်သံရုံးကနေ ကာ့ဒ်ဒေသ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး အသေးစိတ် အခြေအနေ အတိအကျ သိရဖို့ ပြောထားသလို၊ ဂျပန်အစိုးရ အနေနဲ့ ဂျပန်နိုင်ငံသားတွေကို ကာကွယ်ဖို့ လိုအပ်တာတွေ ဆောင်ရွက်သွားမယ်လို့လည်း မစ္စတာ Suga က ပြောပါတယ်။

သတင်းထောက် Tsuneoka ဟာ IS စစ်သွေးကြွတွေ အဓိက ခြေကုပ်ယူထားတဲ့ မိုဆူးလ်မြို့ကို အီရတ်တပ်ဖွဲ့တွေက ပြန်လည် သိမ်းယူဖို့ကြိုးစားနေတဲ့ တိုက်ပွဲတွေအကြောင်း ကိုယ်တိုင် လိုက်လံသတင်းယူနေတာဖြစ်တယ်လို့ ဂျပန် Kyodo သတင်းမှာ ဖော်ပြထားပါတယ်။

သူ့ကို ဖမ်းဆီးထားတဲ့ ကာလအတွင်း ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ အီရတ်မှာရှိတဲ့ ဂျပန်သံရုံးက သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုထားတဲ့ အကြောင်းလည်း မစ္စတာ Suga က ပြောပါတယ်။

အီရတ်ကာ့ဒ်ဒေသမှာ ဂျပန်သတင်းထောက်အဖမ်းခံရ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG