သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုင်းမီးယား သတင်းထောက်တွေ အန္တရာယ်မကင်း


ယူကရိန်းအရေး သတင်းရယူနေတဲ့ သတင်းထောက်များ။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅)
ယူကရိန်းအရေး သတင်းရယူနေတဲ့ သတင်းထောက်များ။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅)

ရုရှားနိုင်ငံပိုင်အဖြစ် ပြီးခဲ့တဲ့နှစ်ကမှ သွတ်သွင်းလိုက်တဲ့ ပင်လယ်နက်ကျွန်းဆွယ်က ခရိုင်းမီးယားဒေသမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေ တွေဟာ စိုးရိမ်စရာကောင်းတဲ့ အဆင့်ကို ရောက်နေတဲ့အကြောင်း သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မီတီ (CPJ) က သတိပေး လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လကစလို့ ခရိုင်းမီးယားမှာ သတင်းလွတ်လပ်ခွင့်တွေ တဖြည်းဖြည်းချင်း ကျဆင်းလာနေတယ်လို့ နယူးယောက်အခြေစိုက် သတင်းမီဒီယာ လွတ်လပ်ခွင့် စောင့်ကြည့် အကဲခတ်နေတဲ့ CPJ က ကြာသပတေးနေ့ မှာပဲ ကြေညာချက် တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။ ခရိုင်းမီးယားကို ရုရှားနိုင်ငံနဲ့ ပေါင်းလိုက်တဲ့အကြောင်း သတင်းရေးသား ဖော်ပြကြတဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာ၊ စစ်ဆေးမေးမြန်းတာ၊ တိုက်ခိုက်ခံရတာတွေ ရှိခဲ့သလို၊ သတင်းဌာနတွေကို ဝင်ရောက် စီးနင်းရှာဖွေတာ၊ ပိတ်လိုက်တာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ရုရှားအစိုးရရဲ့ ရော့စ်ကွမ်နဒ်ဇာ Roskomnadzor လို့ခေါ်တဲ့ သတင်းမီဒီယာ လုပ်ငန်းတွေကို ကြီးကြပ်ရတဲ့ အဖွဲ့က သတင်းထောက်တွေကို မှတ်ပုံတင်ခွင့် မပြုဘဲ ငြင်းပယ်တာတွေကိုလည်း ခံကြရတာ ဖြစ်ပါတယ်။ ခရိုင်းမီးယား သတင်းဌာနတွေဟာ ရုရှားနိုင်ငံရဲ့ တင်းကျပ်တဲ့ ဥပဒေတွေနဲ့ ဖိနှိပ်တာ ခံနေကြရတယ်လို့လည်း ယူကရိန်းသတင်းထောက်တွေကို ကိုးကားပြီး CPJ က ဖော်ပြခဲ့ပါတယ်။ ခရိုင်းမီးယားက သတင်းထောက် တော်တော်များများဟာလည်း သတင်းဌာနတွေကို ပိတ်လိုက်ရပြီး ထွက်ပြေးတိမ်းရှောင်ကြရတာတွေ ရှိတယ်လို့လည်း အစီရင်ခံစာမှာ ကိုးကား ဖော်ပြထားပါတယ်။

XS
SM
MD
LG