သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၃၀ အမီ လူသားတွေ အင်္ဂါဂြိုဟ်ရောက်နိုင်ဖို့ Obama မျှော်မှန်း


ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ အကူအညီနဲ့ အမေရိကန်ပြည်ထောင်စုက ၂၀၃၀ ခုနှစ်မတိုင်ခင် လူသားတွေကို အင်္ဂါဂြိုဟ်ပေါ်ကို စေလွှတ်မယ်လို့ သမ္မတ Barack Obama က ပြောကြားလိုက်ပါတယ်။ အာကာသမှာ အမေရိကန်ရဲ့ စာမျက်နှာသစ်ကိုဖွင့်ဖို့ အရေးကြီးတဲ့ ရည်မှန်းချက်ကို ချမှတ်လိုက်တာဖြစ်တယ်လို့ CNN သတင်း Website မှာ သမ္မတအိုဘားမားက ဆောင်းပါးရေးသားခဲ့တာ ဖြစ်ပါတယ်။

တချိန်မှာ အင်္ဂါဂြိုဟ်ပေါ်မှာ အချိန်ကြာကြာ နေနိုင်ကြရေးဆိုတဲ့ ရည်မှန်းချက်နဲ့ ၂၀၃၀ ခုနှစ်မတိုင်ခင်မှာ လူသားတွေ အင်္ဂါဂြိုဟ်ပေါ် သွားရောက်ပြီး ကမ္ဘာမြေပေါ် အန္တရာယ်ကင်းကင်း ပြန်လာနိုင်ရေး အာကာသအစီအစဉ်တွေကို လုပ်သွားမယ်လို့ သမ္မတက ရေးထားပါတယ်။

အင်္ဂါဂြိုဟ်ပေါ် လူတွေသွားနိုင်ဖို့ အစိုးရနဲ့ ပုဂ္ဂလိက ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အခုတည်းက လုပ်နေပြီလို့ သမ္မတက ပြောပါတယ်။ ၂ နှစ်အတွင်းမှာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းဆီ အာကာသယာဉ်မှူးတွေကို ပုဂ္ဂလိကကုမ္ပဏီတွေက ပထမဆုံး စေလွှတ်ဖို့ ဆောင်ရွက်နေပြီလို့ သမ္မတအိုဘားမားက ပြောပါတယ်။

XS
SM
MD
LG