သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဒဏ်ရာပြပွဲ ဘန်ကောက်မှာကျင်းပ


စစ်အာဏာသိမ်ပြီးနောက်ပိုင်း အလွှာမျိုးစုံက မြန်မာနိုင်ငံသားတို့ ခံစားနေကြရတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို သက်သာဖို့ ရည်ရွယ်ပြီး Joy House ပီတိအိမ်ဆိုတဲ့ အခမ်းအနားတခု ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့က အနုပညာနဲ့ ယဥ်ကျေးမှုစင်တာမှာ ကျင်းပခဲ့ပါတယ်၊​ မညိုညိုလွင် ဘန်ကောက်မြို့ကနေ တင်ပြပေးထားပါတယ်၊

စစ်အာဏာသိမ်ပြီးနောက်ပိုင်း အလွှာမျိုးစုံက မြန်မာနိုင်ငံသား အသီးသီးမှာ ခံစားနေကြရတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို သက်သာဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တော်မှာ ဒီကနေ့ နဲ့ မနေ့က အခမ်းအနားနဲ့ ပြပွဲလုပ်ပါတယ်။ အဲဒီအစီအစဉ်ကို ကူညီလှုပ်ရှားသူတွေက Joy House ပီတိအိမ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီအစဉ်တခုပြုလုပ်ပြီး မြန်မာပြည်သူ ပြည်သားတွေရဲ့ ခံစားချက်တွေကို နိုင်ငံတကာက သိအောင်လို့ အနုပညာ နဲ့ ယဉ်ကျေးမှုစင်တာမှာ ပြုလုပ်တာဖြစ်ပါတယ်။
XS
SM
MD
LG