သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးခြောက်စိုက်ပျိုးမှုနဲ့ ကန် နိုင်ငံသား ကို မြန်မာတရားရုံးက ချုပ်မိန့်တိုး


ဆေးခြောက်ပင်စိုက်ပျိုးမှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အဖမ်းခံထားရတဲ့ အမေရိကန်စီးပွားရေးသမား John Fredric Todoroki ကို မန္တလေးတိုင်း မြင်းခြံခရိုင်က တရားရုံးက ချုပ်မိန့် ရမန်တိုးခဲ့ပါတယ်။

ဧပြီလ ၂၃ ရက်နေ့တုန်းက မန္တလေးတိုင်း စက်မှုဇုန်တွင်းက ဧက ၂၀ ရှိတဲ့ စိုက်ခင်းကို ရဲတွေ ဝင်ရောက်စီးနင်း ခဲ့ပြီး ဖမ်းဆီးခဲ့တဲ့အသက် ၆၃ နှစ်အရွယ် John Fredric Todoroki နဲ့ ဒေသခံ ၂ ယောက်တို့ကို အင်္ဂါနေ့က ရုံးထုတ်ခဲ့တာပါ။ မူးယစ်ဆေးဝါးမှုနဲ့ တရားစွဲဆိုခံရတဲ့ သူတို့အတွက် ထောင်ဒဏ် ပစ်ဒဏ် ၁၀ နှစ် အထိကျခံရ နိုင်ဖွယ်ရှိပါတယ်။

အဖမ်းခံနေရတဲ့ ဒေသခံ ၂ ယောက်ထဲက ၁ ယောက်ဖြစ်တဲ့ မရွှန်းလဲ့မြတ်နိုးရဲ့ မိခင်ကတော့ သမီးဖြစ်သူ တရားမဝင်လုပ်ငန်းနဲ့ ဆက်စပ်နေသလားဆိုတာကို လုံးဝမသိဘူးလို့ ပြောပါတယ်။

ဆေးခြောက်အပင်ပေါင်း ၃ သိန်းခွဲလောက်၊ ဆေးခြောက်မျိုးစေ့ ၈၃၈ ပေါင်၊ ဆေးခြောက်ဆီ ၁၈၀၀ ဂရမ်၊ ဆေးဝါးထုတ်လုပ်တဲ့ ဓါတုဗေဒပစ္စည်းတွေနဲ့ စက်ကို ဖမ်းမိတယ်လို့ ရဲတွေက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းက စိုက်ပျိုးသူတွေနဲ့ ဆေးခြောက်လျှော်ပင်ထောက်ခံသူတွေကတော့ ဒီစိုက်ခင်းထဲက အပင်တွေက မူးယစ်စေတဲ့ ဆေးခြောက်ပင်တွေ မဟုတ်တဲ့ ဆေးခြောက်လျှော်ပင်တွေသာ ဖြစ်တယ်လို့ ဆိုနေပါတယ်။ ဆေးခြောက်ပင်လား၊ ဆေးခြောက်လျှော်ပင်လား ဆိုတာကို မြန်မာဥပဒေမှာ သေချာ ခွဲခြားထားတာမတွေ့ရပါဘူး။ ဖမ်းဆီးခံထားရသူတွေက ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG