သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျူလီယံအဆန့်(ဂျ်) အမေရိကန်ကို လွှဲပေးခံရမည့်ကိစ္စ စိုးရိမ်


ဂျူလီယံအဆန့်(ဂျ်) အမေရိကန်ကို လွှဲပေးခံရမည့်ကိစ္စ စိုးရိမ်
ဂျူလီယံအဆန့်(ဂျ်) အမေရိကန်ကို လွှဲပေးခံရမည့်ကိစ္စ စိုးရိမ်

ဝီကီလိခ် ထူထောင်သူ ဂျီလီယံ အဆန့်(ဂျ်) (Julian Assange) က သိပ်ပြီးရန်လိုတဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ သူ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပြီး သူ့ကို အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးအပ်ဖို့ကိစ္စ ဖြစ်နိုင်ချေ ပိုများလာတာကြောင့် ဒီအတွက် စိုးရိမ်တယ်လို့ သောကြာနေ့က ပြောလိုက်ပါတယ်။ အဆန့်(ဂျ်) ဟာ သူ့ကို မုဒိန်းမှုနဲ့စွပ်စွဲထားတဲ့ ဆွီဒင်နိုင်ငံကနေ လန်ဒန်ကို လွှဲပြောင်းအပ်နှံတာ ခံခဲ့ရပြီး အကျဉ်းထောင်တွင်း ၉ ရက်ကြာနေခဲ့ရပြီးတဲ့နောက် ကြာသပတေးနေ့ကတော့ လန်ဒန်မြို့က အကျဉ်းထောင်ကနေ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

သူ လက်ရှိနေထိုင်နေတဲ့ အင်္ဂလန် ကျေးလက်ဒေသက အိမ်ကြီးတလုံးရဲ့ အပြင်မှာ သူ အာမခံလွတ်မြောက်လာမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ပြောပြခဲ့တာမှာ အဆန့်(ဂျ်) က သူ့ကို အမေရိကန်ပြည်ထောင်စုကို လွှဲပြောင်းဖို့ ကိစ္စက ပိုပြီး အရေးတကြီး ဖြစ်လာနေသလို လွှဲပြောင်းဖြစ်မယ့်အခြေအနေ ပိုများလာတယ်လို့လည်း သူက ပြောသွားပါတယ်။

ဝီကီလိခ် ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။ အမေရိကန် သံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်း လျှို့ဝှက်ကြေးနန်းစာ ထောင်ပေါင်းများစွာကို အဆန့်(ဂျ်) ရဲ့ ဝီကီလိခ် ဝက်ဆိုက်မှာ ဖွင့်ချခဲ့တဲ့အတွက် အမေရိကန်အစိုးရနဲ့ ကမ္ဘာတဝှမ်း နိုင်ငံတွေက အဆန့်(ဂျ်)ကို အကြီးအကျယ် ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG