သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

WikiLeaks ထူေထာင္သူ အေမရိကန္ကို လဲႊေပးဖို႔ ၿဗိတိန္အစိုးရ အမိန္႔ထုတ္


Britain Assange

အင္တာနက္မွာ အခ်က္အလက္ေတြကို ေဖာက္ခ်ေနတဲ့ WikiLeaks ၀ဘ္ဆိုဒ္ တည္ေထာင္သူ Julian Assange ကို သူလွ်ဳိလုပ္မႈ စြပ္စဲြခ်က္နဲ႔ အမႈရင္ဆိုင္ဖို႔ အေမရိကန္ျပည္ေထာင္စုထံ လႊဲေျပာင္းေပးေရး ၿဗိတိန္အစိုးရက ေသာၾကာေန႔မွာ လက္ခံလိုက္ပါတယ္။ သမိုင္း၀င္ဆုံးျဖတ္ခ်က္ ျဖစ္ခဲ့ေပမဲ့လည္း ဆယ္စုႏွစ္ၾကာအမႈဟာ အဆုံးသတ္မယ့္ အလားအလာေတာ့ မေတြ႕ရေသးပါဘူး။ အက်ဳိးေဆာင္ ေရွ႕ေနေတြကေတာ့ ဆုံးျဖတ္ခ်က္ကို ေခ်ပမွာျဖစ္ေၾကာင္း ေျပာဆိုထားၿပီး အယူခံတင္ဖို႔ ၁၄ ရက္ အခ်ိန္ရမွာ ျဖစ္ပါတယ္။

ထိပ္တန္းလ်ဳိ႕၀ွက္ သတင္းေတြကို ၀ဘ္ဆိုဒ္မွာ ေဖာက္ခ်ခဲ့တဲ့အတြက္ အမႈရင္ဆိုင္ဖို႔ Assange ကို အေမရိကန္ လႊဲေျပာင္းေပးမယ့္ အမိန္႔ကိုေတာ့ ၿဗိတိန္ ျပည္ထဲေရးဝန္ႀကီး Priti Patel က လက္မွတ္ေရးထိုး ထုတ္ျပန္ခဲ့တာပါ။ သူလွ်ဳိမႈစဲြခ်က္ ၁၇ ခု၊ ကြန္ျပဴတာကို တလဲြအသုံးခ်မႈေတြနဲ႔ အမႈရင္ဆိုင္ဖို႔ အေမရိကန္ကို လဲႊေျပာင္းေပးႏိုင္ေၾကာင္း ဧၿပီလထဲ ၿဗိတိန္တရား႐ုံးက ဆုံးျဖတ္ခဲ့ၿပီးေနာက္ ျပည္ထဲေရး ၀န္ႀကီးက အခုေနာက္ဆုံး အမိန္႔ထုတ္လိုက္တာလည္း ျဖစ္ပါတယ္။

သံတမန္ေတြၾကား ဆက္သြယ္တဲ့ လ်ဳိ႕၀ွက္စာေတြ၊ စစ္ဖက္ဆိုင္ရာ မွတ္တမ္းေတြကိုခိုးယူဖို႔ အေမရိ္ကန္ စ စ္ေထာက္လွမ္းေရး ကၽြမ္းက်င္ပညာရွင္ Chelsea Manning ကို ကူညီခဲ့ၿပီး၊ လ်ဳိ႕၀ွက္အခ်က္အလက္ေတြကို ေနာက္ပိုင္းမွာ WikiLeaks ၀ဘ္ဆိုဒ္ကေန ေဖာက္ခ်ခဲ့တာေၾကာင့္ တခ်ဳိ႕လူေတြ အသက္အႏၲရာယ္နဲ႔ ၾကံဳရမယ့္ အေျခအေနအထိ ျဖစ္ခဲ့ရေၾကာင္း အေမရိကန္ တရားလို ေရွ႕ေနေတြက စြပ္စဲြထားတာပါ။

အသက္ ၅၀ အရြယ္ Assange ကို ေထာက္ခံသူေတြနဲ႔ အက်ဳိးေဆာင္ေရွ႕ေနေတြကေတာ့ အေမရိကန္စစ္တပ္ရဲ႕ မွားယြင္းတဲ့ လုပ္ရပ္ေတြကို ေဖာ္ထုတ္ဖို႔ သတင္းသမား တေယာက္လို ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး အေမရိကန္ကို လဲႊေျပာင္းမေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။
Assange ကိုေတာ့ တျခားအမႈတမႈမွာ အာမခံေဖာက္ဖ်က္မႈအတြက္ ၿဗိတိသွ် အာဏာပိုင္ေတြက ဖမ္းဆီးၿပီး လန္ဒန္ၿမိဳ႕က လုံျခံဳေရးအဆင့္ျမင့္ Belmarsh ေထာင္မွာ ၂၀၁၉ ခုႏွစ္ကတည္းက ထိန္းသိမ္းထားတာပါ။ ဒီမတိုင္ခင္မွာေတာ့ အဓမၼျပဳက်င့္မႈ၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ စြပ္စဲြခ်က္နဲ႔ ဆြီဒင္ႏိုင္ငံမွာ အမႈရင္ဆိုင္ဖို႔ လႊဲေျပာင္းေပးခံရမွာကို တိမ္းေရွာင္ၿပီး လန္ဒန္ၿမိဳ႕က အီေကြေဒါ သံ႐ုံးမွာ ၇ ႏွစ္ၾကာ ခိုလႈံခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

အင်တာနက်မှာ အချက်အလက်တွေကို ဖောက်ချနေတဲ့ WikiLeaks ဝဘ်ဆိုဒ် တည်ထောင်သူ Julian Assange ကို သူလျှိုလုပ်မှု စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်ဖို့ အမေရိကန်ပြည်ထောင်စုထံ လွှဲပြောင်းပေးရေး ဗြိတိန်အစိုးရက သောကြာနေ့မှာ လက်ခံလိုက်ပါတယ်။ သမိုင်းဝင်ဆုံးဖြတ်ချက် ဖြစ်ခဲ့ပေမဲ့လည်း ဆယ်စုနှစ်ကြာအမှုဟာ အဆုံးသတ်မယ့် အလားအလာတော့ မတွေ့ရသေးပါဘူး။ အကျိုးဆောင် ရှေ့နေတွေကတော့ ဆုံးဖြတ်ချက်ကို ချေပမှာဖြစ်ကြောင်း ပြောဆိုထားပြီး အယူခံတင်ဖို့ ၁၄ ရက် အချိန်ရမှာ ဖြစ်ပါတယ်။

ထိပ်တန်းလျို့ဝှက် သတင်းတွေကို ဝဘ်ဆိုဒ်မှာ ဖောက်ချခဲ့တဲ့အတွက် အမှုရင်ဆိုင်ဖို့ Assange ကို အမေရိကန် လွှဲပြောင်းပေးမယ့် အမိန့်ကိုတော့ ဗြိတိန် ပြည်ထဲရေးဝန်ကြီး Priti Patel က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။ သူလျှိုမှုစွဲချက် ၁၇ ခု၊ ကွန်ပြူတာကို တလွဲအသုံးချမှုတွေနဲ့ အမှုရင်ဆိုင်ဖို့ အမေရိကန်ကို လွဲှပြောင်းပေးနိုင်ကြောင်း ဧပြီလထဲ ဗြိတိန်တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ပြည်ထဲရေး ဝန်ကြီးက အခုနောက်ဆုံး အမိန့်ထုတ်လိုက်တာလည်း ဖြစ်ပါတယ်။

သံတမန်တွေကြား ဆက်သွယ်တဲ့ လျို့ဝှက်စာတွေ၊ စစ်ဖက်ဆိုင်ရာ မှတ်တမ်းတွေကို ခိုးယူဖို့ အမေရိကန် စစ်ထောက်လှမ်းရေး ကျွမ်းကျင်ပညာရှင် Chelsea Manning ကို ကူညီခဲ့ပြီး၊ လျို့ဝှက်အချက်အလက်တွေကို နောက်ပိုင်းမှာ WikiLeaks ဝဘ်ဆိုဒ်ကနေ ဖောက်ချခဲ့တာကြောင့် တချို့လူတွေ အသက်အန္တရာယ်နဲ့ ကြုံရမယ့် အခြေအနေအထိ ဖြစ်ခဲ့ရကြောင်း အမေရိကန် တရားလို ရှေ့နေတွေက စွပ်စွဲထားတာပါ။

အသက် ၅၀ အရွယ် Assange ကို ထောက်ခံသူတွေနဲ့ အကျိုးဆောင်ရှေ့နေတွေကတော့ အမေရိကန်စစ်တပ်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ သတင်းသမား တယောက်လို ဆောင်ရွက်ခဲ့တာဖြစ်ပြီး အမေရိကန်ကို လွဲှပြောင်းမပေးဖို့ တောင်းဆိုနေကြပါတယ်။
Assange ကိုတော့ တခြားအမှုတမှုမှာ အာမခံဖောက်ဖျက်မှုအတွက် ဗြိတိသျှ အာဏာပိုင်တွေက ဖမ်းဆီးပြီး လန်ဒန်မြို့က လုံခြုံရေးအဆင့်မြင့် Belmarsh ထောင်မှာ ၂၀၁၉ ခုနှစ်ကတည်းက ထိန်းသိမ်းထားတာပါ။ ဒီမတိုင်ခင်မှာတော့ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်နဲ့ ဆွီဒင်နိုင်ငံမှာ အမှုရင်ဆိုင်ဖို့ လွှဲပြောင်းပေးခံရမှာကို တိမ်းရှောင်ပြီး လန်ဒန်မြို့က အီကွေဒေါ သံရုံးမှာ ၇ နှစ်ကြာ ခိုလှုံခဲ့ဖူးပါတယ်။

XS
SM
MD
LG