ဇွန် ၂၂။ ၂၀၁၃။ UDHR ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို မြန်မာဘာသာပြန်အဖြစ်နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ထုတ်ဝေလိုက်ပါတယ်။ ဒီ ကြေညာစာတမ်းကို ကျောင်းသင်ရိုးညွှန်းတမ်းတွေထဲ ပါဝင်ဖို့အထိ မှန်းထားတယ်လို့ လူ့အခွင့်အရေးကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း ဖြန့်ဝေမှုကြောင့် ဖမ်းဆီးမှုတွေရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ၊ အခြားအပြောင်းအလဲတွေနဲ့အတူ လူ့အခွင့်အရေးအခြေအနေလည်း သိသိသာသာ ပြောင်းလဲလာတယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ ဒါပေမယ့် မြန်မာနို်င်ငံအုပ်ချုပ်ရေးယန္တယားတွေအပါအ၀င် အခြား အလွှာအသီးသီးမှာ လူ့အခွင့်အရေးပညာပေးမှုနဲ့ပတ်သက်လို့ အားနည်းနေတုန်းပဲလို့လည်း သုံးသပ်ကြပါတယ်။ ဒီအကြောင်းကိုတော့ စနေတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ မြန်မာနိုင်ငံလူ့အခွင့်အရေးပညာပေးဌာန ညွန်ကြားရေးမှုး ဦးအောင်မျိုးမင်း၊ လူ့အခွင့်အရေးမြင့်တင်မှုအဖွဲ့က ဦးမောင်မောင်လေးတို့နဲ့ ဆွေးနွေး မေးမြန်းထားပါတယ်။