သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Juno အာကာသယာဉ် ကြာသပတေးဂြိုဟ်နားရောက်


ကြာသပတေးဂြိုဟ်မြောက်ဘက်မှာ ရောက်နေတဲ့ Juno အာကာသယာဉ်
ကြာသပတေးဂြိုဟ်မြောက်ဘက်မှာ ရောက်နေတဲ့ Juno အာကာသယာဉ်

နာဆာ အမေရိကန်အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ရဲ့ Juno အာကာသယာဉ်ဟာ နေစွမ်းအင်စနစ်ထဲက အကြီးဆုံး ကြာသပတေးဂြိုဟ်ကို အနီးကပ်ဆုံးနေရာကို ရောက်ရှိ ဖြတ်သန်းနေပါတယ်။ အာကာသထဲမှာ ၅ နှစ်ကြာ သွားလာနေခဲ့ပြီးတဲ့နောက် စနေနေ့မှာတော့ ကြာသပတေးဂြိုဟ်နဲ့ အနီးကပ်ဆုံးကို ရောက်သွားခဲ့ပါတယ်။

စနေနေ့ ဂရင်းစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် အချိန်မှာ ဂျူနို အာကာသယာဉ်ဟာ ကြာပတေးဂြိုဟ်ကို ရံထားတဲ့ တိမ်လုံးတွေရဲ့အထက် ၄၂၀၀ ကီလိုမီတာ၊ မိုင်အားဖြင့် မိုင်ပေါင်း ၂၆၀၀ ကျော်မှာ တနာရီကို မိုင်ပေါင်း ၁ သိန်း ၃ သောင်းနီးပါး အမြန်နှုန်းနဲ့ အဲဒီဂြိုဟ်ရဲ့ ရွေ့လျားမှုနဲ့ အညီ ရွေ့လျားနေကြောင်း နာဆာက ပြောပါတယ်။

ဂျူနိုအာကာသယာဉ်ဟာ ကြာသပတေးဂြိုဟ်ရဲ့ ဂြိုဟ်ပတ်လမ်းထဲကို ဂျူလိုင်လ ၄ ရက်နေ့က စတင်ဝင်ရောက်ခဲ့သလို ဒါဟာ ပထမဆုံး အနီးဆုံးနေရာကို ရောက်တာဖြစ်ပြီး အာကာသယာဉ်ပေါ်မှာ ပါတဲ့ တိုင်းတာ စမ်းသပ်ရေး ကိရိယာတွေကို ပစ်လွှတ်နိုင်ခဲ့ပြီးဖြစ်လို့ နာဆာသိပ္ပံပညာရှင်တွေ အထူး စိတ်လှုပ်ရှားနေကြပါတယ်။

ဂျူနို အာကာသယာဉ်ရဲ့ အဓိက ပန်းတိုင်က ကြာသပတေးဂြိုဟ်ဆင့်ကဲဖြစ်ပွားပုံနဲ့ မူရင်းဇစ်မြစ်ကို သိအောင် စူးစမ်းလေ့လာဖို့ဖြစ်တယ်လို့ နာဆာက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG