စစ္ကိုင္းတိုင္း ကြၽန္းလွၿမိဳ႕နယ္၊ ကန္႔ဘလူနဲ႔ ေကာလင္းနယ္ထဲက ေက်း႐ြာ ၁၆ ႐ြာမွာ ဒီလ ၁၅ ရက္ေန႔ကတည္းက လွ်ပ္စစ္မီးေတြ ျဖတ္ေတာက္ခံထားရၿပီး၊ ေရသုံးစြဲဖို႔ေတာင္ အခက္အခဲ ျဖစ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒါ့အျပင္ ဆက္သြယ္ေရး တာဝါတိုင္ေတြကိုပါ အသုံးျပဳလို႔ မရေအာင္ စစ္ေကာင္စီဘက္က လုပ္ထားတာေၾကာင့္ ဆက္သြယ္ေရးမွာပါ အခက္ေတြ႔ေနတယ္လို႔လည္း ေဒသခံတခ်ိဳ႕က ေျပာပါတယ္။ ကြၽန္းလွၿမိဳ႕နယ္ဘက္က ေနာက္ဆုံး အေျခအေန သတင္းေပးပို႔ခ်က္ကို အလိမၼာက တင္ျပေပးပါမယ္။
စစ္ကိုင္းတိုင္း ကြၽန္းလွ၊ ကန္႔ဘလူ၊ ေကာလင္းနယ္အစပ္မွာ႐ွိတဲ့ ေက်း႐ြာေတြမွာ လွ်ပ္စစ္မီးမရတာ ဒီကေန႔ဆိုရင္ ၄ ရက္ေျမာက္႐ွိေနၿပီ ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေလာေလာဆယ္ ႐ြာေပါင္း ၁၆ ႐ြာေလာက္ မီးမရဘူးလို႔ ကြၽန္းလွေဒသခံ ကိုခ်မ္းက VOA ကို အခုလိုေျပာပါတယ္။
“ဒီေန႔ေရာဆိုရင္ ၄ ရက္ေျမာက္ ႐ိွပါၿပီဗ်။ ကၽြန္းလွၿမိဳ႕နယ္ကေန ေျမာက္ဖက္ျခမ္းေပါ့။ ကံေပါက္ကေန စျဖတ္တာလို႔ ထင္ပါတယ္ဗ်။ ကံေပါက္႐ြာကေတာ့ မီးလင္းၿပီးေတာ့ ကံေပါက္႐ြာရဲ႕ ေျမာက္ဖက္ကေနစၿပီးေတာ့ အကုန္ျဖတ္ထားတာပါ။ အဲ့ေတာ့ ဒီဖက္က ႐ြာေတြက ကုကၠိဳကုန္း တပ္ကုန္းအုပ္စုပါတယ္။ လြတ္တိုက္၊ ဆြဲလဲေပါ့၊ လြတ္တိုက္အုပ္စု ရိွမယ္။ ၿပီးေတာ့ ဟိုဖက္ ကန္႔ဘလူၿမိဳ႕နယ္ဖက္ကဆိုရင္ ကၽြန္္းေတာ္တို႔ ပင့္သာတိုက္နယ္တခုလုံးေပါ့။ ၿပီးေတာ့ ေကာလင္းနယ္ ေအာင္ခ်မ္းသာရဲ႕ ဟိုဖက္ အကုန္လုံးေပါ့၊ အဲ့ဒါက ဒီဖက္ကေန လာတဲ့မီးဆိုေတာ့ အကုန္လုံးျပတ္ေနတာပါ။ ပင့္သာတိုက္နယ္အပါအဝင္ဆိုရင္ အားလုံးေပါင္း ၁၆ ႐ြာေလာက္ ရိွတယ္ဗ်။ မီးျဖတ္ထားတာက သူတို႔ကို ဘယ္သူကမွ ခိုင္းတာမဟုတ္ဘူး။ ကၽြန္ေတာ္တို႔ ကၽြန္းလွၿမိဳ႕နယ္ လွ်ပ္စစ္ဦးစီးဌာနက ဦးစီးမႈးနဲ႔ ေပါင္းၿပီးေတာ့မွ ဒီလိုျဖတ္တယ္လို႔ပဲ ကၽြန္ေတာ္တို႔ ၾကားထားတယ္ဗ်။ အေၾကာင္းရင္းကိုေတာ့ ကၽြန္ေတာ္တို႔ မၾကားမိဘူးဗ်။ ႀကိဳးလိုင္းကိုျဖတ္ၿပီးေတာ့မြ ျပန္ေခါက္ထားတာေပါ့။ ဒီဖက္ကို ႀကိဳးလိုင္းျဖဳတ္ထားလိုက္တယ္လို႔ပဲ ၾကားပါတယ္ဗ်။”
ျမန္မာစစ္တပ္နဲ႔ သူတို႔ကို ေထာက္ခံအားေပးတဲ့ ပ်ဴေစာထီးအဖြဲ႔ေတြက လွ်ပ္စစ္မီးျဖတ္ေတာက္တာလို႔ ယူဆတဲ့အေၾကာင္း ေဒသခံတခ်ိဳ႕က ေျပာပါတယ္။ အေၾကာင္းရင္း သိရဖို႔ ေဒသဆိုင္ရာ ဆက္သြယ္ေရးဌာနေတြနဲ႔ တာဝန္ခံေတြကို ဗြီအိုေအက ဆက္သြယ္ေပမဲ့ အေၾကာင္းျပန္ၾကားျခင္း မ႐ွိပါဘူး။
အခု လွ်ပ္စစ္မီး ျဖတ္ေတာက္ခံထားရတဲ့ ေဒသေတြဟာ ေရ႐ွားတဲ့အတြက္ အဝီစိေရတြင္းသာ သုံးၾကတဲ့ ေဒသေတြျဖစ္တာေၾကာင့္ လွ်ပ္စစ္မီးမရတဲ့အခါ ေရသုံးစြဲဖို႔္ေတာင္ ခက္ခဲလာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စက္သုံးဆီသုံးၿပီး မီးစက္နဲ႔ ေရတင္ဖို႔မွာလည္း စက္သုံးဆီရဖို႔ နဲ႔ စရိတ္စကႀကီးတာေၾကာင့္ အခက္အခဲေတြ ႐ွိတယ္လို႔လည္း ေျပာျပၾကပါတယ္။
ဒါ့အျပင္ ဖုန္း၊ ဆက္သြယ္ေရး တာဝါတိုင္ေတြကလည္း လွ်ပ္စစ္မီးနဲ႔ပဲ ခ်ိတ္ဆက္ထားတာျဖစ္လို႔ အခုလို လွ်ပ္စစ္မီး ျဖတ္လိုက္တဲ့အခါ ဆက္သြယ္ေရးေတြပါ ျပတ္ကုန္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လုံျခဳံေရးအႏၲရာယ္ စိုးရိမ္တဲ့အတြက္ ေဒသခံ အေတာ္မ်ားမ်ားကေတာ့ သူတို႔အခက္အခဲကို အသံနဲ႔ မေျဖၾကားလိုၾကပါဘူး။
ဆက္သြယ္ေရးအတြက္ ေလာေလာဆယ္ မီးစက္သုံးေနေပမဲ့ ေရ႐ွည္မျဖစ္ႏိုင္တာေၾကာင့္ ဆက္သြယ္ေရး လုံးဝျပတ္သြားႏိုင္တယ္လို႔ ကိုခ်မ္းက ေျပာပါတယ္။
“ဒီလွ်ပ္စစ္မီးနဲ႔ပဲ ဖုန္းလိုင္းေတြကစၿပီးေတာ့မွ ဖုန္းတာဝါတိုင္ေတြကလည္း လွ်ပ္စစ္မီးနဲ႔ပဲ ခ်ိတ္ထားတာဆိုေတာ့ အဲ့တာေတြ ျပတ္သြားလို႔႐ွိရင္ ဖုန္းလိုင္းေတြက အစအကုန္ျပတ္ကုန္တာဗ်။ ခုလည္း ျပတ္တယ္ဗ်၊ ဒါကို ကြၽန္ေတာ္တို႔က စုေပါင္းၿပီးေတာ့ အတတ္ႏိုင္ဆုံးေလး ႐ွိတဲ့ဖုန္းတာဝါတိုင္ေတြကို သူတို႔ကလည္း လာၿပိးေတာ့မွ ဆီျဖည့္တာမ်ိဳး မ႐ွိေတာ့ ကြၽန္ေတာ္တို႔ ကိုယ့္ဟာကိုယ္ စုၿပီးဝယ္ၿပီးေတာ့မွ ဖုန္းတာဝါတိုင္ေလး ဆီျဖည့္ထားၿပီးေတာ့မွ သုံးေနရတာပါ။ ဒီဟာက ဘယ္ေလာက္မွ အၾကာႀကီးလည္း ခံႏိုင္မွာမဟုတ္ဘူး၊ တရက္ကို ဆီေစ်းကလည္း နည္းတာမွမဟုတ္ေတာ့ အၾကာႀကီးလည္း ခံမွာမဟုတ္ပါဘူးဗ်ာ။ အဲ့ေတာ့ ခဏတျဖဳတ္ အဆက္အသြယ္ေလး လုပ္ႏိုင္ဖို႔ကို ဆီေလးျဖည့္ၿပီးေတာ့မွ လုပ္ေနရတာပါ။”
ကြၽန္းလွၿမိဳ႕ကို စစ္ေကာင္စီတပ္နဲ႔ ပ်ဴေစာထီးအဖြဲ႔ေတြက မတ္လ ၁ ရက္ေန႔ကစၿပီး ၿမိဳ႕အဝင္အထြက္ေတြကို ကန္႔သတ္ပိတ္ဆို႔ထားၿပီး သြားလာသူေတြကို တားဆီးစစ္ေဆးတာေတြ ႐ွိတဲ့အေၾကာင္းလည္း ေဒသခံေတြက ေျပာပါတယ္။ အေၾကာင္းရင္းမသိရဘဲ ကြၽန္းလွၿမိဳ႕ အဝင္အထြက္ေတြကို ပိတ္ထားတာေၾကာင့္လဲ ကြၽန္းလွၿမိဳ႕ကို အားကိုးအားထားျပဳၿပီး ေရာင္းဝယ္ ေဖာက္ကားလုပ္ၾကရတဲ့ သူေတြ အခက္အခဲ ျဖစ္ၾကရသလို ကုန္စည္စီးဆင္းမႈေတြပါ ရပ္တန္႔ကုန္တယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။ က်န္းမာေရး အေရးေပၚကိစၥေတြမွာ ဒုကၡေရာက္ၾကရသလို စားေရးေသာက္ေရးလည္း ခက္ခဲေနၾကရတယ္လို႔ ေျပာၾကပါတယ္။
ကြၽန္းလွၿမိဳ႕နယ္အတြင္းက ေက်း႐ြာတခ်ိဳ႕ကိုလည္း ျမန္မာစစ္တပ္က နယ္ေျမ႐ွင္းလင္းေရး စစ္ေၾကာင္းေတြဝင္သလို ေက်း႐ြာက ေနအိမ္ေတြကို မီး႐ိႈ႕တာေတြလည္း ႐ွိတာေၾကာင့္ ေဒသခံေတြ စစ္ေဘးေ႐ွာင္ေနၾကရတာေတြလည္း ႐ွိပါတယ္။
======== Unicode ========
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်၊ ကန့်ဘလူနဲ့ ကောလင်းနယ်ထဲက ကျေးရွာ ၁၆ ရွာမှာ ဒီလ ၁၅ ရက်နေ့ကတည်းက လျှပ်စစ်မီးတွေ ဖြတ်တောက်ခံထားရပြီး၊ ရေသုံးစွဲဖို့တောင် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေး တာဝါတိုင်တွေကိုပါ အသုံးပြုလို့ မရအောင် စစ်ကောင်စီဘက်က လုပ်ထားတာကြောင့် ဆက်သွယ်ရေးမှာပါ အခက်တွေ့နေတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။ ကျွန်းလှမြို့နယ်ဘက်က နောက်ဆုံး အခြေအနေ သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးပါမယ်။
စစ်ကိုင်းတိုင်း ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်းနယ်အစပ်မှာရှိတဲ့ ကျေးရွာတွေမှာ လျှပ်စစ်မီးမရတာ ဒီကနေ့ဆိုရင် ၄ ရက်မြောက်ရှိနေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လောလောဆယ် ရွာပေါင်း ၁၆ ရွာလောက် မီးမရဘူးလို့ ကျွန်းလှဒေသခံ ကိုချမ်းက VOA ကို အခုလိုပြောပါတယ်။
“ဒီနေ့ရောဆိုရင် ၄ ရက်မြောက် ရှိပါပြီဗျ။ ကျွန်းလှမြို့နယ်ကနေ မြောက်ဖက်ခြမ်းပေါ့။ ကံပေါက်ကနေ စဖြတ်တာလို့ ထင်ပါတယ်ဗျ။ ကံပေါက်ရွာကတော့ မီးလင်းပြီးတော့ ကံပေါက်ရွာရဲ့ မြောက်ဖက်ကနေစပြီးတော့ အကုန်ဖြတ်ထားတာပါ။ အဲ့တော့ ဒီဖက်က ရွာတွေက ကုက္ကိုကုန်း တပ်ကုန်းအုပ်စုပါတယ်။ လွတ်တိုက်၊ ဆွဲလဲပေါ့၊ လွတ်တိုက်အုပ်စု ရှိမယ်။ ပြီးတော့ ဟိုဖက် ကန့်ဘလူမြို့နယ်ဖက်ကဆိုရင် ကျွန်းတော်တို့ ပင့်သာတိုက်နယ်တခုလုံးပေါ့။ ပြီးတော့ ကောလင်းနယ် အောင်ချမ်းသာရဲ့ ဟိုဖက် အကုန်လုံးပေါ့၊ အဲ့ဒါက ဒီဖက်ကနေ လာတဲ့မီးဆိုတော့ အကုန်လုံးပြတ်နေတာပါ။ ပင့်သာတိုက်နယ်အပါအဝင်ဆိုရင် အားလုံးပေါင်း ၁၆ ရွာလောက် ရှိတယ်ဗျ။ မီးဖြတ်ထားတာက သူတို့ကို ဘယ်သူကမှ ခိုင်းတာမဟုတ်ဘူး။ ကျွန်တော်တို့ ကျွန်းလှမြို့နယ် လျှပ်စစ်ဦးစီးဌာနက ဦးစီးမှုးနဲ့ ပေါင်းပြီးတော့မှ ဒီလိုဖြတ်တယ်လို့ပဲ ကျွန်တော်တို့ ကြားထားတယ်ဗျ။ အကြောင်းရင်းကိုတော့ ကျွန်တော်တို့ မကြားမိဘူးဗျ။ ကြိုးလိုင်းကိုဖြတ်ပြီးတော့မွ ပြန်ခေါက်ထားတာပေါ့။ ဒီဖက်ကို ကြိုးလိုင်းဖြုတ်ထားလိုက်တယ်လို့ပဲ ကြားပါတယ်ဗျ။”
မြန်မာစစ်တပ်နဲ့ သူတို့ကို ထောက်ခံအားပေးတဲ့ ပျူစောထီးအဖွဲ့တွေက လျှပ်စစ်မီးဖြတ်တောက်တာလို့ ယူဆတဲ့အကြောင်း ဒေသခံတချို့က ပြောပါတယ်။ အကြောင်းရင်း သိရဖို့ ဒေသဆိုင်ရာ ဆက်သွယ်ရေးဌာနတွေနဲ့ တာဝန်ခံတွေကို ဗွီအိုအေက ဆက်သွယ်ပေမဲ့ အကြောင်းပြန်ကြားခြင်း မရှိပါဘူး။
အခု လျှပ်စစ်မီး ဖြတ်တောက်ခံထားရတဲ့ ဒေသတွေဟာ ရေရှားတဲ့အတွက် အဝီစိရေတွင်းသာ သုံးကြတဲ့ ဒေသတွေဖြစ်တာကြောင့် လျှပ်စစ်မီးမရတဲ့အခါ ရေသုံးစွဲဖ်ို့တောင် ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်သုံးဆီသုံးပြီး မီးစက်နဲ့ ရေတင်ဖို့မှာလည်း စက်သုံးဆီရဖို့ နဲ့ စရိတ်စကကြီးတာကြောင့် အခက်အခဲတွေ ရှိတယ်လို့လည်း ပြောပြကြပါတယ်။
ဒါ့အပြင် ဖုန်း၊ ဆက်သွယ်ရေး တာဝါတိုင်တွေကလည်း လျှပ်စစ်မီးနဲ့ပဲ ချိတ်ဆက်ထားတာဖြစ်လို့ အခုလို လျှပ်စစ်မီး ဖြတ်လိုက်တဲ့အခါ ဆက်သွယ်ရေးတွေပါ ပြတ်ကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လုံခြုံရေးအန္တရာယ် စိုးရိမ်တဲ့အတွက် ဒေသခံ အတော်များများကတော့ သူတို့အခက်အခဲကို အသံနဲ့ မဖြေကြားလိုကြပါဘူး။
ဆက်သွယ်ရေးအတွက် လောလောဆယ် မီးစက်သုံးနေပေမဲ့ ရေရှည်မဖြစ်နိုင်တာကြောင့် ဆက်သွယ်ရေး လုံးဝပြတ်သွားနိုင်တယ်လို့ ကိုချမ်းက ပြောပါတယ်။
“ဒီလျှပ်စစ်မီးနဲ့ပဲ ဖုန်းလိုင်းတွေကစပြီးတော့မှ ဖုန်းတာဝါတိုင်တွေကလည်း လျှပ်စစ်မီးနဲ့ပဲ ချိတ်ထားတာဆိုတော့ အဲ့တာတွေ ပြတ်သွားလို့ရှိရင် ဖုန်းလိုင်းတွေက အစအကုန်ပြတ်ကုန်တာဗျ။ ခုလည်း ပြတ်တယ်ဗျ၊ ဒါကို ကျွန်တော်တို့က စုပေါင်းပြီးတော့ အတတ်နိုင်ဆုံးလေး ရှိတဲ့ဖုန်းတာဝါတိုင်တွေကို သူတို့ကလည်း လာပြိးတော့မှ ဆီဖြည့်တာမျိုး မရှိတော့ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် စုပြီးဝယ်ပြီးတော့မှ ဖုန်းတာဝါတိုင်လေး ဆီဖြည့်ထားပြီးတော့မှ သုံးနေရတာပါ။ ဒီဟာက ဘယ်လောက်မှ အကြာကြီးလည်း ခံနိုင်မှာမဟုတ်ဘူး၊ တရက်ကို ဆီဈေးကလည်း နည်းတာမှမဟုတ်တော့ အကြာကြီးလည်း ခံမှာမဟုတ်ပါဘူးဗျာ။ အဲ့တော့ ခဏတဖြုတ် အဆက်အသွယ်လေး လုပ်နိုင်ဖို့ကို ဆီလေးဖြည့်ပြီးတော့မှ လုပ်နေရတာပါ။”
ကျွန်းလှမြို့ကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက မတ်လ ၁ ရက်နေ့ကစပြီး မြို့အဝင်အထွက်တွေကို ကန့်သတ်ပိတ်ဆို့ထားပြီး သွားလာသူတွေကို တားဆီးစစ်ဆေးတာတွေ ရှိတဲ့အကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။ အကြောင်းရင်းမသိရဘဲ ကျွန်းလှမြို့ အဝင်အထွက်တွေကို ပိတ်ထားတာကြောင့်လဲ ကျွန်းလှမြို့ကို အားကိုးအားထားပြုပြီး ရောင်းဝယ် ဖောက်ကားလုပ်ကြရတဲ့ သူတွေ အခက်အခဲ ဖြစ်ကြရသလို ကုန်စည်စီးဆင်းမှုတွေပါ ရပ်တန့်ကုန်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ကျန်းမာရေး အရေးပေါ်ကိစ္စတွေမှာ ဒုက္ခရောက်ကြရသလို စားရေးသောက်ရေးလည်း ခက်ခဲနေကြရတယ်လို့ ပြောကြပါတယ်။
ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတချို့ကိုလည်း မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေဝင်သလို ကျေးရွာက နေအိမ်တွေကို မီးရှို့တာတွေလည်း ရှိတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာတွေလည်း ရှိပါတယ်။