သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရှေ့နေဟောင်း ဒေါ်လာ ၁၄၈ သန်းကျော် ဒဏ်ရိုက်ခံရ


Giuliani Election Trial
Giuliani Election Trial

၂၀၂၀ ရွေးကောက်ပွဲမှာ Joe Biden နိုင်ငံအောင် မဲ မသမာလုပ်ခဲ့တယ်လို့ Donald Trump ရဲ့ ရှေ့နေဟောင်း Rudy Guiliani စွပ်စွဲပြောခဲ့လို့ ထိခိုက်ခဲ့သူ ၂ ဦးကို ဒေါ်လာ ၁၄၈ သန်းလျော်ကြေးပေးရမယ်လို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။

Georgia ပြည်နယ် ရွေးကောက်ပွဲဝန်ထမ်း ၂ ဦးက Trump ရဲ့ ရှေ့နေဟောင်း Rudy Guiliani ရဲ့ လိမ်လည် ပြောဆိုမှုတွေကြောင့် သူတို့ရဲ့ ရုပ်ပိုင်းစိတ်ပိုင်း ထိခိုက်ရတဲ့အထိ၊ အသက်အန္တရာယ်ကို ခြိမ်းချောက်ခံရတာ၊ အသာရေဖျက်ခံရတာတွေကို Trump ထောက်ခံသူတွေက လုပ်ခဲ့တယ်လို့ဆိုပြီး တရားစွဲခဲ့တာပါ။

ဒီအမှုကို ဝါရှင်တန်မြို့တော်တရားရုံးမှာ ကြားနာခဲ့ပြီးနောက် ပြစ်မှုမြောက်၊ မမြောက် ဆုံးဖြတ်တဲ့ အဖွဲ့ဝင် ၈ ယောက်ပါ ဂျူရီအဖွဲ့က အသာရေးဖျက်ခံရမှုအတွက် ဒေါ်လာသန်း ၂၀၊ နစ်နာကြေးအတွက် ဒေါ်လာ ၇၅ သန်းအပါအဝင် စုစုပေါင်း ၁၄၈ သန်း လျော်ကြေးပေးရမယ်လို့ Rudy Guiliani ကို အမိန့်ချလိုက်တာဖြစ်ပါတယ်။

Wandrea “Shaye” Moss နဲ့ သူမရဲ့မိခင် Ruby Freeman တို့ ၂ ဦးက သူတို့ နေအိမ်ကနေပါ ပြောင်းပြေးရတဲ့အထိ နှောင့်ယှက်၊ ခြိမ်းခြောက်ခံရတာတွေကို တရားရုံးမှာ ထွက်ဆိုခဲ့ကြပါတယ်။ သူမအနေနဲ့ သူအရင်နေခဲ့အိမ်မှာ ပြန်နေလို့မရတော့သလို လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာလည်း အရမ်းသတိထားပြီး သူနံမည်အရင်းတောင် ထုတ်ပြောဖို့ ဝန်လေးတဲ့အခြေအနေ ဖြစ်နေတာကြောင့် တရားရုံးက ဆုံးဖြတ်ပေးလိုက်တဲ့ ငွေပမာဏနဲ့ အရင်ဘဝကို ပြန်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ကြောင်း Ruby Freeman က စီရင်ချက်ချအပြီး တရားရုံးအပြင်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Rudy Guiliani ကတော့ သူ့ဘက်က ဘာအတွက်မှ နောင်တမရဘူးလို့ တုံ့ပြန်ခဲ့ပြီး ဆုံးဖြတ်ချက်အပေါ် အယူခံတင်မယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG