သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ခေါင်းဆောင်နိုင်မှု ကဘူးလ်ညီလာခံမှာ သက်သေပြဖို့ ရည်ရွယ်

နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံပေါင်း ၆၀ က ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်တဲ့ တရက်ကြာ နိုင်ငံတကာ အလှူရှင်များ ညီလာခံကို ဒီကနေ့ ကဘူးလ်မြို့တော်မှာ စတင်ဖွင့်လှစ်လိုက်ပါပြီ။ အာဖဂန်နစ္စတန်နိုင်ငံဟာ သူ့နိုင်ငံ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်တိုင် ဆောင်ရွက်နိုင်နေပြီ ဆိုတာကို ပြသနိုင်ဖို့ အာဖဂန်ဟာ နိုင်ငံတကာ ညီလာခံတခုကို လက်ခံ ကျင်းပပေးနေတာပါ။ ကဘူးလ်မှာတော့ လုံခြုံရေးတပ်ဖွဲ့ ထောင်နဲ့ချီ တပ်ဖြန့်ချထားပါတယ်။

ညီလာခံကို အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) နဲ့အတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) တို့ ပူးတွဲ သဘာပတိ လုပ်ပါတယ်။ ဖွင့်ပွဲ ကြေညာချက်မှာတော့ အာဖဂန်နစ္စတန် ပြည်သူတွေ အကြားမှာ ညီညွတ်ကြဖို့ မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းထားပါတယ်။

အာဖဂန်နစ္စတန်မှာ အုပ်ချုပ်မှု၊ စီးပွားရေး၊ လူမှုရေး၊ နောက် တရားဥပဒေ စိုးမိုးရေး နယ်ပယ်တွေမှာ တိုးတက်မှုရဖို့ အစိုးရ အနေနဲ့ ပြင်ဆင် ဆောင်ရွက်နေသလို အဲဒီအတွက် နိုင်ငံတကာကပေးတဲ့ ဘီလီယံနဲ့ချီ အကူအညီငွေတွေကို အာဖဂန်အစိုးရက ထိန်းချုပ် စီမံနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီညီလာခံအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် (Clinton) ဟာ အခု တနင်္လာနေ့မှာ ကဘူးလ်ကို ရောက်ရှိခဲ့ပါတယ်။ ဒီအစည်းအဝေးဟာ အာဖဂန် ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို မြင်ရမယ့်ပွဲလို့ မစ်စ်ကလင်တန်က ပြောပါတယ်။

အာဖဂန်နိုင်ငံတွင်း အဂတိ လိုက်စားမှုတွေကို တိုက်ဖျက်ရေးအတွက် အာဖဂန်ရော အမေရိကန် ပြည်ထောင်စုမှာပါ အရေးကြီးတယ်လို့ မစ်စ် ကလင်တန်က ညီလာခံ မတိုင်ခင်က ပြောခဲ့ပါတယ်။

This item is part of
XS
SM
MD
LG