သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၄၈ဦးထက်မနည်း သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်က မဲဆန္ဒရှင်-သက်သေခံကဒ်ပြားတွေ သိမ်းဆည်းထားရာ စင်တာ အသေခံဗုံးခွဲတိုက်ခိုကခံရ ( ဧပြီ ၂၂-၂၀၁၈)
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်က မဲဆန္ဒရှင်-သက်သေခံကဒ်ပြားတွေ သိမ်းဆည်းထားရာ စင်တာ အသေခံဗုံးခွဲတိုက်ခိုကခံရ ( ဧပြီ ၂၂-၂၀၁၈)

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်းက မဲဆန္ဒရှင် သက်သေခံ ကဒ်ပြား ထုတ်ပေးရေးရုံး တခုမှာ ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်း အသေခံ ဗုံးခွဲ တိုက်ခိုက်ခံရတာကြောင့် အနည်းဆုံး ၄၈ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ အတွက် မဲဆန္ဒရှင် သက်သေခံ ကဒ်ပြား ရယူဖို့ ရုံး အပြင်ဘက်မှာ လူတွေ တန်းစီ စောင့်ဆိုင်းနေချိန်မှာ အသေခံ ဗုံးခွဲသမားက ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရ Najeeb Danish က ဗွီအိုအေကို ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက ၁၀ ဦးရဲ့ အခြေအနေက အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ရှိကြောင်း ဆေးရုံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တိုက်ခိုက်မှုက သူတို့ လက်ချက်ဖြစ်တယ်လို့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က ပြောဆိုထားပါတယ်။ မြို့တော် ကာဘူလ်းက ကျောင်းတခုမှာ စီစဉ်ထားတဲ့ မဲဆန္ဒရှင် သက်သေခံ ကဒ်ပြား ထုတ်ပေးရေးရုံး အပေါ် အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုကို အာဖဂန် အစိုးရ အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Abdullah Abdullah က ပြစ်တင် ရှုတ်ချပါတယ်။

သရဲဘောကြောင်တဲ့ တိုက်ခိုက်မှုမှာ ထိခိုက်ခဲ့ကြရသူတွေနဲ့ အတူ ရပ်တည်ကြောင်း၊ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပရေး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပြီး အာဖဂန် ပြည်သူတွေရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး အကြမ်းဖက်ဝါဒီတွေ အနိုင်ရမှာ မဟုတ်ဘူးဆိုပြီး Abdullah က သူ့ရဲ့ တရားဝင် တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

အောက်တိုဘာလ ၂၀ မှာ ကျင်းပမယ့် လွှတ်တော်နဲ့ ဒေသဆိုင်ရာ ကောင်စီ ရွေးကောက်ပွဲတွေ အတွက် လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင် စာရင်းပြုစုနိုင်ရေး အတွက် ပြီးခဲ့တဲ့ သတင်းပတ်ကစလို့ မဲဆန္ဒရှင် စာရင်းသွင်းမှု လုပ်ငန်းစဉ်ကို သမ္မတ Ashraf Ghani က စတင်ခဲ့တာပါ။ အခု ရွေးကောက်ပွဲကတော့ တရားဝင် မဲဆန္ဒရှင် စာရင်းအပေါ် အခြေခံပြီးမယ့် အာဖဂန်ရဲ့ ပထမဆုံး သမိုင်းဝင် ရွေးကောက်ပွဲ ဖြစ်လာမှာပါ။

အာဖဂန်အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၄၈ဦးထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG