သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြစ်ရပ်မှန် စုံစမ်းဖို့ PJS အဖွဲ့ကို ခေါ်ယူစစ်ဆေး

Photo-Ying kyang
1/16 Photo-Ying kyang
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
2/16
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
3/16
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
4/16
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
5/16
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
Photo-Ying kyang
6/16 Photo-Ying kyang
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
7/16
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
8/16
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
(Photo -Jade Land Kachin Facebook)
9/16 (Photo -Jade Land Kachin Facebook)
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
Photot credit to Jade Land Kachin
10/16 Photot credit to Jade Land Kachin
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
11/16
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
12/16
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
13/16
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
Photo Credit to Jade Land Kachin.
14/16 Photo Credit to Jade Land Kachin.
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
Photo Credit to Kachin News
15/16 Photo Credit to Kachin News
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
ဓာတ်ပုံ - ကချင်သတင်းစဉ်
16/16 ဓာတ်ပုံ - ကချင်သတင်းစဉ်
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဘိန်းခင်းတိုက်ဖျတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ။
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဘိန်းခင်းဖျက်ဆီးဖို့ သွားရောက်တဲ့ လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan က ခေါင်းဆောင်တွေကို ဒီကနေ့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေပါတယ်။ ဒီလို စစ်ဆေးတာကတော့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဖြစ်ပွားခဲ့တဲ့ Pat Jasan အဖွဲ့နဲ့ ဒေသခံရွာသားတွေ အပြန်အလှန်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုတွေဖြစ်ခဲ့ရာမှာ ဥပဒေမဲ့ဆောင်ရွက်တာနဲ့ တာဝန်ရှိသူတွေက ကြပ်မတ်မှု အားနည်းတာတွေရှိခဲ့တာကြောင့် စစ်ဆေးဖော်ထုတ်ပြီး အရေးယူဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းက သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က Pat Jasan ခေါ် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေဟာ ကန်ပိုက်တီးဒေသဖက်က ဘိန်းခင်းတွေကို ဖျက်ဆီးဖို့ သွားရောက်ရာမှာ ဘိန်းခင်းပိုင်ရှင်တွေဘက်ကသေနတ်၊ဗုံးတွေနဲ့ တိုက်ခိုက်ခံရတာကြောင့် လူ ၂၉ယောက် ထိခိုက် ဒဏ်ရာရခဲ့သလိုPat Jasan အဖွဲ့ဝင်တွေက သူတို့ကိုတိုက်ခိုက်တယ်လို့ယူဆတဲ့ ရွာသားတွေကို ပြန်လည် တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်တာနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကချင်ပြည်နယ် အစိုးရက စုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး အဖြစ်မှန်ဖော်ထုတ် သွားမယ်လို့ကြေညာခဲ့ တဲ့နောက် ဒီကနေ့ Pat Jasan အဖွဲ့ခေါင်းဆောင်တွေ ကို ခေါ်ယူ စစ်ဆေး ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ခေါ်ယူစစ်ဆေးတဲ့အခြေအနေကို ဝိုင်းမော်မြို့နယ် Pat Jasan အဖွဲ့ ဥက္ကဌ ဦးဇုန့်ဒိန်းက အခုလို ပြောပါတယ်။

“သူတို့လည်း အဖြစ်မှန်ကို သိချင်လို့ပေါ့နော်။ ပြဿနာဖြစ်တဲ့နေရာမှာ ကျနော်တို့ ဒီက ဘယ်လို အစီအစဉ်နဲ့ သွားလဲပေါ့နော်။ ဘယ်ရက်မှာ ဘယ်လိုသွားသလဲပေါ့နော်။ ဟိုမှာရောက်ရင် ဘယ်လိုဖြစ်သလဲပေါ့ ။ ဒီအခင်းဖြစ်ပွားတဲ့နေရာမှာလေ ဘာတွေ့သလဲ၊ ဘယ်လိုစလာသလဲ၊ ဘာဖြစ်သလဲပေါ့ အဲဒါတွေ မေးတာပေါ့။”

ဒီအခင်းဖြစ်ပွားတာနဲ့ပတ်သက်ပြီး ကန်ပိုက်တီးနယ်က ရွာသားတွေက Pat Jansan အဖွဲ့ဝင်တွေက စတင်တိုက်ခိုက်တယ်လို့ တိုင်ကြား ထားတာကြောင့် ခေါ်ယူ စစ်ဆေးတာဖြစ်တယ်လို့လည်း ပြောပါတယ်။

“သူတို့လည်းတိုင်ထားတာပေါ့။ သူတို့ကတော့ ကျနော်တို့ စတာပေါ့နော် ။ ကျနော်တို့ပဲစတယ်၊ ကျနော်တို့ပဲ သေနတ်ပစ်တယ် ၊ ကျနော်တို့ကနေပြီးတော့မှ သူတို့ကိုရိုက်တာပေါ့နော်၊ အိမ်မီးလောင်တာတွေလည်း ကျနော်တို့ကို ရှို့တယ်ဆိုတာတော့ ကျနော်တို့လည်းအဖြစ်မှန်ပြောမှာပေါ့နော်။ အဲဒါတွေကို ဟုတ်သလားပေါ့။ ကျနော်တို့ကို စစ်ဆေးတာ အဲဒါတွေ စစ်ဆေးတာပါ။”

Pat Jasan ခေါင်းဆောင် ၉ ယောက်ကို စစ်ဆေးဖို့ ခေါ်ယူထားတယ်လို့လည်း သိရပါတယ်။

ဒီလို ခေါ်ယူစစ်ဆေးတာနဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာက အခုလို ပြောပါတယ်။

“ဘယ်သူ ဘယ်ဝါက မှားတယ်၊ မှန်တယ် နောက်ပြီး အဲဒီမှာ လုံခြုံရေးက ရဲလည်းပါတယ်ဆိုတော့ ရဲအနေနဲ့ ကျနော်တို့ လုံခြုံရေးကို ထိထိရောက်ရောက် မယူပေးနိုင်တာလား၊ ဘယ်လိုလဲဆိုတဲ့ဟာကို ဒီ ကချင်ပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ စုံစမ်းစစ်ဆေးရေးဖွဲ့ပြီးတော့မှ ဒါကို အရေးယူဖို့အတွက်ဆိုပြီး ပြောထားတာရှိတယ်။ အဲဒါကြောင့် ဒီ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်က ဒီ ရဲမင်းကြီးကို တာဝန်ပေးထားတယ်ဆိုတာသိရတယ်။ အခုရဲမင်းကြီးကနေပြီးတော့မှ ဒီ Pat Jasan အဖွဲ့ခေါင်းဆောင်တွေကိုလည်း ခေါ်တယ်ပေါ့လေ။

အမှုမှန် ပေါ်ပေါက်ရေးအတွက် ဦးလမိုင်ဂွန်ဂျာက အခုလို သူ့အမြင်ကို ပြောဆိုပါတယ်။

“အခုက ၃ ပွင့်ဆိုင်ဖြစ်နေတယ်။ ဘိန်းစိုက်ပျိုးတဲ့လူက တဖွဲ့၊ ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေက တဖွဲ့ ၊ လုံခြုံရေးပေးတဲ့ အစိုးရက တဖွဲ့ ၃ ဖွဲ့ဖြစ်နေတယ်။ ဒီ ၃ ဖွဲ့မှာ ကျနော်တို့ သိရသလောက်ဆိုရင်တော့ဒီ pat jasan အဖွဲ့တွေနဲ့ အစိုးရကတော့ ပူးပေါင်းပြီးတော့မှ လုံခြုံရေးပေးပြီးတော့မှ သွားတဲ့ ကိစ္စဖြစ်တယ်လေ။ စုံစမ်းစစ်ဆေးရေး ဖွဲ့တဲ့အခါလည်းပဲ ဒီ ဘက်က သဘောနဲ့ တဘက်ပဲ ဖွဲ့တာ မဟုတ်ပဲနဲ့ အားလုံးပါဝင်ပြီးဖွဲ့ရင်တော့ ပိုပြီးထိရောက်မယ်လို့ ကျနော်ကတော့ မြင်တယ်လေ။”

Pat Jasan အဖွဲ့ဟာ ဒီနှစ် ဘိန်းစိုက်ရာသီမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း ဒေသ ကြီး ဟူးကောင်းတောင်ကြားဒေသက ဘိန်းခင်းဧက ၈ထောင်လောက်ကို ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသလို ကန်ပိုက်တီးဒေသမှာ ဘိန်းခင်းဧက ဘိန်းခင်းဧက ၅ထောင်လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

လောလောဆည်မှာတော့ Pat Jasan အဖွဲ့ဟာ ဘိန်းခင်းတိုက်ဖျက်ရေး လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထား ပါတယ်။

Pat Jasan ခေါ် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ သွားရောက်မယ့် ကန်ပိုက်တီးဒေသဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစခုန်တိန်းယိန်းခေါင်းဆောင်တဲ့ NDA-K ခေါ် အပစ်ရပ် ကချင်ဒီမိုကရေစီသစ်တပ်ဖွဲ့ကနေ အသွင်ပြောင်းထားတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပါတယ်။

XS
SM
MD
LG