သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရထိုးစစ်ရပ်ရင် ကချင်အတိုက်ရပ်မည်


22일 브라질 리우데자네이루에서 열린 월드컵 조별리그 H조 벨기에와 러시아의 경기에서 양팀 선수들이 공을 다투고 있다.
22일 브라질 리우데자네이루에서 열린 월드컵 조별리그 H조 벨기에와 러시아의 경기에서 양팀 선수들이 공을 다투고 있다.
အစိုးရစစ်တပ်ဖက်က ထိုးစစ်ဆင်တာတွေရပ်တန့်မယ်ဆိုရင် ကချင်လွတ်လပ်ရေးအဖွဲ့ KIOက လည်း ပြဿနာဖြစ်စေမယ့် စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်မှာ မဟုတ်တဲ့အကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်တဲ့အပေါ် ဒေသခံပြည်သူတွေက ကြိုဆိုလိုက်ပါတယ်။ ကချင်ဒေသခံပြည်သူတွေကတော့ ဒီကြေညာချက်ကို နှစ်ဖက်လုံးက လိုက်နာပြီး စားပွဲဝိုင်းဆွေးနွေးပွဲတွေကနေ တဆင့် စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိစေဖို့ကို မျှော်လင့်ကြောင်း ပြောပါတယ်။ တချိန်တည်းမှာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ငြိမ်းချမ်းရေးရဖို့ မိမိတို့အားလုံး ညှိနှိုင်းဆွေးနွေးအဖြေရှာရမယ့် အချိန် ကျနေပြီဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ အချက်၇ချက်ပါဝင်ပြီး အဓိကအချက်တွေအဖြစ်ကတော့ နိုင်ငံရေးပြဿနာတွေကို အဖြေရှာဖို့ လိုအပ်တဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်ဆိုတဲ့ အကြောင်းအပါအဝင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ကူညီနိုင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေထံကနေ အကူအညီရယူသွားမယ်ဆိုတဲ့ အချက်တွေ ထည့်သွင်းဖော်ပြထားပါတယ်။ နောက်ဆုံးအချက်မှာတော့ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းမယ်ဆိုရင် KIAကလည်း ပြဿနာဖြစ်ပွားနိုင်မယ့် စစ်ရေးလှုပ်ရှားမှုတွေကို ပြုလုပ်မှာ မဟုတ်ကြောင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီလိုထုတ်ပြန်လိုက်တဲ့အပေါ်မှာ ကချင်ဒေသခံပြည်သူတွေက ကြိုဆိုလိုက်ပြီး စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ဖို့မျှော်လင့်ကြောင်း ပြောဆိုကြပါတယ်။

“သူတို့ အဲ့သလို ကြေညာချက်ထုတ်တယ်ဆိုလို့ရှိရင် နှစ်ဖက်စလုံးက ဒီဥစ္စာကို လိုက်နာတယ်ဆိုရင် အင်မတန် မင်္ဂလာရှိတဲ့ကိစ္စပဲ။ အဲ့တာဆိုရင်တော့ ဆွေးနွေးပွဲတွေလည်း ပြန်စပြီး ငြိမ်းချမ်းရေးက ရဖို့ဆိုတာကတော့ တော်တော်လေး နီးစပ်သွားတာပေါ့။ ကောင်းသွားတာပေါ့။ စားပွဲပေါ်ရောက်တယ်ဆိုရင် အေးအေးဆေးဆေး ညှိနှိုင်းလို့ ရနိုင်တဲ့ အနေအထားတွေပဲလေနော်။”

ဒါကတော့ ကချင်ပြည်နယ်က ဒေသခံတယောက်ပြောဆိုတာဖြစ်ပါတယ်။ တိုင်းလိုင်ခေါ် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှုး ဦးစောဝင်းထွန်းက သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဖြစ်စေချင်တာကတော့ ကချင်ပြည်နယ်သူ၊ ပြည်နယ်သားများ အားလုံးရဲ့ မျက်နှာထောက်ထားပြီးမှ ကချင်ပြည်နယ်သူ၊ ပြည်နယ်သား အားလုံးရဲ့ ဘဝကို စဉ်းစားပြီးမှ အကောင်အထည်ဖော်နိုင်မှ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ်စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးကို ရမယ်လို့ ထင်ပါတယ်။ အခုက ကျနော်တို့အနေနဲ့ကတော့ နှစ်ဖက်စလုံးမှာပေါ့နော်။ အဲ့ဒီ့စိတ်ရင်းစေတနာပေါ် အခုအချိန်အထိ ပီပီပြင်ပြင်မှ ရှိကြရဲ့လားဆိုတာကိုလည်း ကျနော်တို့ ထည့်ပြော ချင်ပါတယ်။ ပြည်နယ်သူ၊ ပြည်နယ်သားများရဲ့ တည်ငြိမ်ရေးကို ထောက်ထားညှာတာကျရင်ဖြင့် တဘက်နဲ့ တဘက် အပြန်အလှန်ထုတ်တဲ့ ကြေညာချက်အတိုင်း လက်တွေ့ အကောင်အထည်ဖော်ပေးကြပါလို့ ဒီလိုပဲ ကျနော်တို့ ဖြည့်စွက်ပြီးတော့ ပြောချင်ပါတယ်ခင်ဗျ။”

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးယုဇော်ခေါင်ကတော့ အစိုးရနဲ့ KIO ဆွေးနွေးပွဲတွေ စတင်နိုင်တော့မယ့် အလားအလာအဖြစ် သုံးသပ်ပါတယ်။

“ဒါကတော့ ယုံကြည်မှုကို တည်ဆောက်တာက အင်မတန်မှ ကောင်းပါတယ်။ အပြုသဘောဆောင် ပါတယ်။ ဒါကတော့၊ ငြိမ်းချမ်းရေးအတွက် ဒီလိုဆွေးနွေးမှုက အင်မတန်မှ အထောက်အကူဖြစ်တဲ့ ထုတ်ပြန် ကြေညာချက်ကြီးဖြစ်ပါတယ်။ အမြန်ဆုံး ဆွေးနွေးပွဲ လုပ်ပြီးတော့ အကောင်အထည်ဖော်ဖို့ဆိုတဲ့ဟာကို ဒါတော့ ရင်ဖွင့်ပြောပြတဲ့အသံလို့ပဲ ကျနော်တို့ အဲ့လိုပဲ သုံးသပ်လို့ရပါတယ်။"

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကလည်း ဒီကနေ့မနက်မှာ ပြည်သူကို ရေဒီယိုက တဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ငြိမ်းချမ်းရေးရဖို့ မိမိတို့အားလုံး ညှိနှိုင်းဆွေးနွေးအဖြေရှာရမယ့် အချိန် ကျရောက်နေပြီဖြစ်ကြောင်း ပြောဆိုထားပါတယ်။

“ယခုဖြစ်ပွားနေတဲ့ပဋိပက္ခတွေ၊ အကျိုးဆက်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများက ပြည်သူအများစု ခံစားနေရတာတွေ၊ စိတ်ဒဏ်ရာ နာကျင်မှုတွေဟာလည်း မိမိတို့ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုဖြစ်ပါတယ်။ မိမိတို့ အစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက တိုင်းရင်းသားညီအစ်ကိုများ အားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ထိရောက်စွာ ပေးနိုင်ဖို့ အသင့်ပြင်ဆင် လုပ်ကိုင်လျက်ရှိပါတယ်။ သင့်တော်သော နိုင်ငံတကာ အဖွဲ့အစည်းများနဲ့လည်း ဆက်သွယ် ဆောင်ရွက်လျက်ရှိပါတယ်။ တဖက်မှာလည်း ဆုံးရှုံးနစ်နာမှုများ ရပ်ဆိုင်းနိုင်ဖို့နဲ့ အများပြည်သူ လိုလားတောင့်တနေကြတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို ကျရောက်နေပြီဖြစ်ပါတယ်။”

နိုင်ငံတော် သမ္မတက သက်ဆိုင်ရာ ခေါင်းဆောင်တွေကို စားပွဲဝိုင်းမှာ လာရောက်ညှိနှိုင်းဆွေးနွေးဖို့ တိုက်တွန်းထားသလို ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ ထိလွယ်ရှလွယ် အဆင့်ရောက်နေတာကြောင့် ညီညီညွတ်ညွတ် သဘောထားကြီးကြီး ဆောင်ရွက်ဖို့ကိုလည်း ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSAက သူတို့ ဒေသ ပန်းဆန်းမှာ လာရောက်တွေ့ဆုံဆွေးနွေးဖို့အတွက် မြန်မာအစိုးရနဲ့ KIO ဖက်က တာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့ပြီး နှစ်ဖက်လုံးက တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG