လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဖားကန့်မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကချင်တိုင်းရင်းသူ ဒေါ်ဘောက်ဂျာ ဟာ မြန်မာ့အရေး နိုးကြားမှုရရှိစေဖို့ ခရီးစဉ်အဖြစ် National Endowment For Democracy အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီရေး ကူညီပံ့ပိုးမှုအဖွဲ့ရဲ့ ဖိတ်ကြားချက်နဲ့ အခု ၀ါရှင်တန်ဒီစီကို ရောက်နေပါတယ်။ မြန်မာနိုင်ငံမှာ သူ့ရဲ့ နိုင်ငံရေး၊ လူမှုရေး လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့ ဒေါ်လှလှသန်း က ဒေါ်ဘောက်ဂျာကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။