သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

“စစ္အာဏာရွင္ျဖတ္ခ်ေရးလိုလားသူ ဘယ္အဖြဲ႔နဲ႔မဆိုလက္တြဲမည္” KIO ဥကၠ႒


KIO Technical Advisory Team

{{ Zawgyi/Unicode}}}

စစ္အာဏာရွင္ျဖဳတ္ခ်ေရးကို လိုလားတဲ့ ဘယ္အဖြဲအစည္းနဲ႔မဆို လက္တြဲသြားမယ္လို႔ KIO ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးအန္ဘန္လက KIO အထိမ္းအမွတ္ေန႔ မိန႔္ခြန္းမွာေျပာသြားပါတယ္။

အခုအခ်ိန္မွာ အာဏာရွင္စနစ္နဲ႔ဗမာလူမ်ိဳးႀကီးဝါဒကို မေခ်မႈန္းႏိုင္ရင္ အနာဂတ္မွာ အျမစ္ျဖဳတ္ႏိုင္ဖို႔ ခက္ခဲသြားလိမ့္မယ္လို႔ ကခ်င္ဘာသာစကားနဲ႔ ေျပာတဲ့ ဗိုလ္ခ်ဳပ္ႀကီး အန္ဘန္လ မိန႔္ခြန္းကို ကိုးကားၿပီး ကခ်င္သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။ KIO ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ ဖြဲ႔စည္းျခင္း ၆၁ ႏွစ္ျပည့္ အထိမ္းအမွတ္အတြက္ KIO ဥကၠ႒ရဲ႕ ဗြီဒီယိုမိန႔္ခြန္းထြက္ေပၚလာတာျဖစ္ပါတယ္။ KIO အေနနဲ႔ ျမန္မာအစိုးရ အဆက္ဆက္မွာ ႏိုင္ငံေရးအရ ညႇိဳႏႈိင္းေဆြးေႏြးမႈေတြ လုပ္ခဲ့ေပမယ့္ အဆင္မေျပခဲ့ဘူးလို႔လည္း KIO ဥကၠ႒က ေျပာပါတယ္။

KIO ကခ်င္လြတ္လပ္ေရးအဖြဲ႕ကို ၁၉၆၀ ခုႏွစ္၊ ေအာက္တိုဘာ ၂၅ ရက္ေန႔မွာ ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး ကခ်င္လြတ္ေျမာက္ေရးတပ္ KIA ကိုေတာ့ ၁၉၆၁ ခုႏွစ္ ေဖေဖာ္ဝါရီလထဲမွာ ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။ ၁၉၉၄ ခုႏွစ္မွာေတာ့ အဲဒီအခ်ိန္က ျမန္မာ စစ္အစိုးရနဲ႔ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ယူၿပီး အပစ္အခတ္ရပ္စဲထားေပမယ့္ ၂၀၁၁ ခုႏွစ္မွာ ျမန္မာစစ္တပ္နဲ႔ အျပန္အလွန္ပစ္ခတ္မႈေတြ ျပန္ျဖစ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအကူးအေျပာင္းေတြျဖစ္ခဲ့တဲ့ ၂၀၁၂ - ၂၀၂၀ ကာလမွာလည္း ျမန္မာစစ္တပ္နဲ႔ မၾကာမၾကာဆိုသလို တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ ပါဝင္ပတ္သက္ခဲ့ေပမယ့္လည္း NCA တႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္စာခ်ဳပ္မွာေတာ့ လက္မွတ္မထိုးထားပါဘူး။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာေတာ့ အာဏာသိမ္းစစ္ေကာင္စီကို ျပင္းျပင္းထန္ထန္ေဝဖန္ဆန႔္က်င္တဲ့ အဓိက တိုင္းရင္းသားအဖြဲ႔အစည္းတခုျဖစ္လာပါတယ္။

ၿငိမ္းခ်မ္းစြာဆႏၵျပမႈေတြကေန လက္နက္ကိုင္လႈပ္ရွားမႈေတြဆီ ေျပာင္းလာတဲ့ PDF ေဒသခံ ျပည္သူ႔ကာကြယ္ေရး အဖြဲ႔အစည္းေတြကို အကူအညီေပးတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အျဖစ္လည္း အမ်ားက သိရွိထားၾကပါတယ္။ ျမန္မာစစ္ တပ္ကေတာ့ KIA အဖြဲ႔အစည္းဟာ PDF ေတြကို စစ္သင္တန္းေပးတာ၊ လက္နက္ ကူညီတာတြလုပ္တယ္လို႔ မၾကာမၾကာစြပ္စြဲေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}}

“စစ်အာဏာရှင်ဖြတ်ချရေးလိုလားသူ ဘယ်အဖွဲ့နဲ့မဆိုလက်တွဲမည်” KIO ဥက္ကဋ္ဌ

စစ်အာဏာရှင်ဖြုတ်ချရေးကို လိုလားတဲ့ ဘယ်အဖွဲအစည်းနဲ့မဆို လက်တွဲသွားမယ်လို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအန်ဘန်လက KIO အထိမ်းအမှတ်နေ့ မိန့်ခွန်းမှာပြောသွားပါတယ်။

အခုအချိန်မှာ အာဏာရှင်စနစ်နဲ့ဗမာလူမျိုးကြီးဝါဒကို မချေမှုန်းနိုင်ရင် အနာဂတ်မှာ အမြစ်ဖြုတ်နိုင်ဖို့ ခက်ခဲသွားလိမ့်မယ်လို့ ကချင်ဘာသာစကားနဲ့ ပြောတဲ့ ဗိုလ်ချုပ်ကြီး အန်ဘန်လ မိန့်ခွန်းကို ကိုးကားပြီး ကချင်သတင်းတွေမှာ ဖော်ပြကြပါတယ်။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း ၆၁ နှစ်ပြည့် အထိမ်းအမှတ်အတွက် KIO ဥက္ကဋ္ဌရဲ့ ဗွီဒီယိုမိန့်ခွန်းထွက်ပေါ်လာတာဖြစ်ပါတယ်။ KIO အနေနဲ့ မြန်မာအစိုးရ အဆက်ဆက်မှာ နိုင်ငံရေးအရ ညှိုနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့လည်း KIO ဥက္ကဋ္ဌက ပြောပါတယ်။

KIO ကချင်လွတ်လပ်ရေးအဖွဲ့ကို ၁၉၆၀ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ် KIA ကိုတော့ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ အဲဒီအချိန်က မြန်မာ စစ်အစိုးရနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ယူပြီး အပစ်အခတ်ရပ်စဲထားပေမယ့် ၂၀၁၁ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ပြန်ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကူးအပြောင်းတွေဖြစ်ခဲ့တဲ့ ၂၀၁၂ - ၂၀၂၀ ကာလမှာလည်း မြန်မာစစ်တပ်နဲ့ မကြာမကြာဆိုသလို တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်ခဲ့ပေမယ့်လည်း NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်မှာတော့ လက်မှတ်မထိုးထားပါဘူး။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဝေဖန်ဆန့်ကျင်တဲ့ အဓိက တိုင်းရင်းသားအဖွဲ့အစည်းတခုဖြစ်လာပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကနေ လက်နက်ကိုင်လှုပ်ရှားမှုတွေဆီ ပြောင်းလာတဲ့ PDF ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းတွေကို အကူအညီပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ်လည်း အများက သိရှိထားကြပါတယ်။ မြန်မာစစ် တပ်ကတော့ KIA အဖွဲ့အစည်းဟာ PDF တွေကို စစ်သင်တန်းပေးတာ၊ လက်နက် ကူညီတာတွလုပ်တယ်လို့ မကြာမကြာစွပ်စွဲပြောဆိုပါတယ်။

#Kachin #KachinIndependenceOrganiztion #VOABurmese

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG