သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်လက်ဝှေ့သမား အမေရိကန်ပြိုင်ဘက်ကို အလဲထိုး


အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒီလဝဲ ပြည်နယ်မှာ ပထမဦးဆုံးအကြိမ် အဖြစ် ကျင်းပတဲ့ Cage Fury Fighting Championship (CFFC) လို့ ခေါ်တဲ့ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး (Mixed Martial Arts) ပြိုင်ပွဲမှာ မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအင်ဆန်း က အမေရိကန် နိုင်ငံသား အိုင်အိုဝါပြည်နယ်က ပြိုင်ဘက် ဂျက်ဆင်လောက် (Jason Louck) ကို အလဲထိုး အနိုင်ယူခဲ့ပါတယ်။

''The Burmese Python'' မြန်မာ့ စပါးကြီးမြွေကြီးလို့ အခေါ်ခံရတဲ့ အောင်လဟာ လက်ရည်မှန်မှန်နဲ့ စထိုးသတ်ခဲ့ပြီး ပထမပိုင်းမှာ တော့ သူ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို ပြိုင်ဘက် ဂျက်ဆင်လောက် ရဲ့ လက်သီးချက်တွေ ထိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အောင်လက တိုက်စစ်ကို ပြင်ဆင်ခဲ့ပြီး ဂျက်ဆင်လောက် ထောင့်ကပ်မိချိန်မှာ တိုက်စစ်အရှိန်တိုးပြီး ဆက်တိုက် ထိုးသတ်တာ ဖြစ်ပါတယ်။ အဲဒီနောက် အောင်လက ဘယ်လက်သီးတွေ ဆက်တိုက် ထိုးနေရာက လျှပ်တပြက် ညာလက်သီးတလုံး ပစ်သွင်းလိုက်ချိန်မှာ ပြိုင်ဘက် ဂျက်ဆင်လောက် နောက်ကောက်ကျ သွားတာ ဖြစ်ပါတယ်။

အောင်လ ဟာ ၂၀၀၃ ခုနှစ်က စိုက်ပျိုးရေး သိပ္ပံ ပညာသင်ကြားဖို့ ရောက်ရှိလာပြီး နောက်ပိုင်း ဂျူဂျစ်ဆုနဲ့ မွေထိုင်း ကစားနည်းတွေကို လေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၂၇ နှစ်အရွယ် ကချင်တိုင်းရင်းသား အောင်လအင်ဆန်းက ဒီ လက်ဝှေ့ပွဲကနေ အနိုင်ရတဲ့ ထိုးကြေးနဲ့ ဆုကြေးငွေတွေကို မြန်မာနိုင်ငံ တိုင်းရင်းသား ကချင်စစ်ဘေး ဒုက္ခသည်များကို လှူဒါန်းမယ်လို့ ကြေညာခဲ့ပါတယ်။
XS
SM
MD
LG