သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ KIO ရွှေလီမှာ ရက်ပိုင်းအတွင်းဆွေးနွေးမည်


လိုင်ဇာအနီး ကချင်စစ်ပြေးဒုက္ခသည်စခန်းတခု (ဇန်နဝါရီလ ၄ ရက်၊ ၂၀၁၃)
လိုင်ဇာအနီး ကချင်စစ်ပြေးဒုက္ခသည်စခန်းတခု (ဇန်နဝါရီလ ၄ ရက်၊ ၂၀၁၃)
အစိုးရတပ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင် KIA တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဆုံးသတ်ရေးအတွက် အစိုးရနဲ့ ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံမှာ ဆွေးနွေးဖို့ သဘောတူလိုက်ပြီလို့ KIA က ပြောလိုက်ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကြား ဆွေးနွေးပွဲကို တရုတ်အစိုးရက သက်သေအဖြစ်နဲ့ရော ကြားဝင်စေ့စပ်တဲ့အခန်းကဏ္ဍ အဖြစ်ပါ ဆောင်ရွက်မှာဖြစ်တယ် လို့ KIA က စနေနေ့က အသိပေးထုတ်ပြန်တဲ့အကြောင်း ရိုက်တာ သတင်းထဲမှာ ဖော်ပြထားတာပါ။

နှစ်ဘက်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့မှာ တနင်္လာနေ့ကျရင် စတင်မယ်လို့လည်း အဲဒီ သတင်းထဲမှာ ဖော်ပြထားပါတယ်။ KIO နဲ့ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် အရင်ကလည်း ရွှေလီမှာ ၃ ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။

အရင် စစ်အစိုးရထက်ထက်က KIO နဲ့ ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ၂၀၁၁ ခုနှစ်ထဲမှာ ပျက်ပြားသွားခဲ့တဲ့နောက်ပိုင်း အစိုးရတပ်တွေနဲ့ KIA ကြားမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ခဲ့တာမှာ ပြီးခဲ့တဲ့ လအတွင်း တိုက်ပွဲတွေ ပြင်းထန်လာခဲ့တဲ့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

UWSA ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ရဲ့ အထူးဒေသထဲမှာ KIO ကချင်အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ နှစ်ဘက်လုံးက လက်ခံသဘောတူတယ် ဆိုတာကို ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ UWSA က ပြောကြားခဲ့ပါသေးတယ်။
XS
SM
MD
LG