သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖားကန္႔ေျမစာပံုၿပိဳက်မႈ ေသဆံုးသူ ၃ ဦးထိ ေတြ႔ထား


ဖားကန္႔ ေျမစာပံုၿပိဳက်ခဲ့တဲ့ ေက်ာက္စိမ္းတြင္းနဲ႔ေရကန္။ (ဒီဇင္ဘာ ၂၂၊ ၂၀၂၁)

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္၊ ဖားကန႔္၊ ေမွာ္ဆီဆာေက်း႐ြာ ေအာင္သာယာေမွာ္ ၂ နားက ေရကန္ထဲ စြန႔္ပစ္ေျမစာပစ္တဲ့ေနရာမွာ မေန႔ ဒီဇင္ဘာ ၂၂ ရက္ေန႔က ေျမၿပိဳက်ခဲ့တာေၾကာင့္ ေပ်ာက္ ဆုံးေနတဲ့ ေရမေဆးေက်ာက္ရွာသူ အေလာင္း ႏွစ္ေလာင္းကို ရွာေဖြကယ္ဆယ္ေရးအဖြဲ႔ေတြက ဒီကေန႔ ထပ္မံ ေတြ႔ရွိခဲ့ပါတယ္။ ဒီ့မတိုင္ခင္က တေလာင္း ေတြ႕ရွိခဲ့ၿပီးျဖစ္တာေၾကာင့္ အခုခ်ိန္ထိ အတည္ျပဳႏိုင္တဲ့ ေသဆုံးသူ ၃ ေယာက္ ရွိသြားၿပီ ျဖစ္ပါတယ္။

ဒီေျမျပဳိက်မႈေၾကာင့္ ေရမေဆးေက်ာက္ ရွာေနသူ ဒါဇင္နဲ႔ခ်ီ ေပ်ာက္ဆုံးေနဆဲ ျဖစ္ပါတယ္။ ညဘက္ မိုးရြာၿပီး ျမဴေတြ ဆိုင္းေနတဲ့အတြက္ မေန႔က ရွာေဖြ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ေခတၱ ရပ္ဆိုင္းခဲ့ရပါတယ္။

ေသဆုံးသူေတြထဲကတဦးဟာ အသက္ ၂၃ ႏွစ္အရြယ္ စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္က ျဖစ္တယ္လို႔ ဆိုပါတယ္။ ဖားကန္႔ၿမိဳ႕က ေက်ာက္တြင္းေတြအနီး၀န္းက်င္မွာ ေရမေဆးေက်ာက္ ရွာသူေတြဟာ ျမန္မာႏိုင္ငံအတြင္း ေဝးလံေခါင္ဖ်ားတဲ့ ေဒသစုံက လာၾကတဲ့သူေတြ ျဖစ္ပါတယ္။

အခု ၿပိဳက်သြားတဲ့ေျမစာပုံရဲ႕အက်ယ္က ေပ ၁၅၀ ပတ္လည္ရွိၿပီး အျမင့္ကလည္း ေပ ၁၀၀ ေလာက္ျမင့္တယ္လို႔ အဲဒီေနရာမွာရွိေနသူေတြက ေျပာပါတယ္။ ေက်ာက္စိမ္းရွာေဖြခဲ့တဲ့ ကုမၸဏီက ၂၀၁၉ ကတည္းက စြန႔္ပစ္သြားခဲ့တဲ့ ေျမစာပုံေအာက္ေျခမွာ ေရမေဆးရွာသူေတြက တူးဆြ၊ ရွာေဖြၾကတဲ့အတြက္ ေျမသားအိၿပီး ၿပိဳက်သြားတာ ျဖစ္ႏိုင္တယ္လို႔ တခ်ိဳ႕ကခန႔္မွန္းပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ရက္ေလာက္ကလည္း ဖားကန႔္က ဆိုင္းဂ်ာဘြမ္႐ြာမွာရွိတဲ့ ေျမစာပုံအေဟာင္းၿပိဳက်ၿပီး လူငါးေယာက္ ေပ်ာက္ဆုံးခဲ့ပါတယ္။ အဲဒီမွာ ႏွစ္ရက္နီးပါး ရွာေဖြမႈေတြလုပ္ခဲ့ရၿပီး လူသုံးေယာက္ရဲ႕ အေလာင္းကိုေတာ့ ေရကန္ထဲကေန ျပန္ေတြ႔ခဲ့တယ္လို႔ ဖားကန႔္က လူမႈကူညီေရးအဖြဲ႔ဝင္တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဖားကန့်မြေစာပုံပြိုကျမှု သေဆုံးသူ ၃ ဦးထိ တွေ့ထား

ကချင်ပြည်နယ်၊ ဖားကန့်၊ မှော်ဆီဆာကျေးရွာ အောင်သာယာမှော် ၂ နားက ရေကန်ထဲ စွန့်ပစ်မြေစာပစ်တဲ့နေရာမှာ မနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့က မြေပြိုကျခဲ့တာကြောင့် ပျောက် ဆုံးနေတဲ့ ရေမဆေးကျောက်ရှာသူ အလောင်း နှစ်လောင်းကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ဒီကနေ့ ထပ်မံ တွေ့ရှိခဲ့ပါတယ်။ ဒီ့မတိုင်ခင်က တလောင်း တွေ့ရှိခဲ့ပြီးဖြစ်တာကြောင့် အခုချိန်ထိ အတည်ပြုနိုင်တဲ့ သေဆုံးသူ ၃ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

ဒီမြေပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာနေသူ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ညဘက် မိုးရွာပြီး မြူတွေ ဆိုင်းနေတဲ့အတွက် မနေ့က ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခေတ္တ ရပ်ဆိုင်းခဲ့ရပါတယ်။

သေဆုံးသူတွေထဲကတဦးဟာ အသက် ၂၃ နှစ်အရွယ် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။ ဖားကန့်မြို့က ကျောက်တွင်းတွေအနီးဝန်းကျင်မှာ ရေမဆေးကျောက် ရှာသူတွေဟာ မြန်မာနိုင်ငံအတွင်း ဝေးလံခေါင်ဖျားတဲ့ ဒေသစုံက လာကြတဲ့သူတွေ ဖြစ်ပါတယ်။

အခု ပြိုကျသွားတဲ့မြေစာပုံရဲ့အကျယ်က ပေ ၁၅၀ ပတ်လည်ရှိပြီး အမြင့်ကလည်း ပေ ၁၀၀ လောက်မြင့်တယ်လို့ အဲဒီနေရာမှာရှိနေသူတွေက ပြောပါတယ်။ ကျောက်စိမ်းရှာဖွေခဲ့တဲ့ ကုမ္ပဏီက ၂၀၁၉ ကတည်းက စွန့်ပစ်သွားခဲ့တဲ့ မြေစာပုံအောက်ခြေမှာ ရေမဆေးရှာသူတွေက တူးဆွ၊ ရှာဖွေကြတဲ့အတွက် မြေသားအိပြီး ပြိုကျသွားတာ ဖြစ်နိုင်တယ်လို့ တချို့ကခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်လောက်ကလည်း ဖားကန့်က ဆိုင်းဂျာဘွမ်ရွာမှာရှိတဲ့ မြေစာပုံအဟောင်းပြိုကျပြီး လူငါးယောက် ပျောက်ဆုံးခဲ့ပါတယ်။ အဲဒီမှာ နှစ်ရက်နီးပါး ရှာဖွေမှုတွေလုပ်ခဲ့ရပြီး လူသုံးယောက်ရဲ့ အလောင်းကိုတော့ ရေကန်ထဲကနေ ပြန်တွေ့ခဲ့တယ်လို့ ဖားကန့်က လူမှုကူညီရေးအဖွဲ့ဝင်တချို့က ဗွီအိုအေကို ပြောပါတယ်။

#Phakant #JadeMineLandslide #voaburmese #ဖားကန့် #ကျောက်စိမ်းမြေ #မြေစာပုံ #ဗွီအိုအေမြန်မာပိုင်း

==============

XS
SM
MD
LG