သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ရေးနေ့ ကချင် ဖားကန့် မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ


ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒေသခံပြည်သူတချို့ စုဝေးပြီး မှော်လှည့်သပိတ်ကြောင်းနဲ့ ချီတက်လှည့်လှည် ဆန္ဒပြ Photo- CJ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒေသခံပြည်သူတချို့ စုဝေးပြီး မှော်လှည့်သပိတ်ကြောင်းနဲ့ ချီတက်လှည့်လှည် ဆန္ဒပြ Photo- CJ

ဒီကနေ့ကျရောက်တဲ့ ဇန်နဝါရီလ ၄ ရက် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒေသခံပြည်သူတချို့ စုဝေးပြီး မှော်လှည့်သပိတ်ကြောင်းနဲ့ ချီတက်လှည့်လှည် ဆန္ဒပြခဲ့ကြ ပါတယ်။ "၂၀၂၅ ကိုကြို အာဏာရှင်စနစ်ကို အပြီးဖြို " "လူထုအားဖြင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်စေရမယ်" စတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတမ်းတွေ ကိုင်ဆောင်ပြီး လူထုသပိတ်မှောက်ဆန္ဒပြပွဲနဲ့ KIA PDF NUG ထောက်ခံပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

မှော်လည့်သပိတ်စစ်ကြောင်းမှာ လိုက်ပါဆန္ဒပြခဲ့ကြတဲ့ ဖားကန့်ပြည်သူတွေက ကချင်ပြည်နယ်အနှံ့ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေတဲ့ KIA KPDF နနဲ့ မဟာမိတ် တပ်ဖွဲ့များ တိုက်ပွဲတိုင်း အနိုင်ရရှိစေရန် ဆုတောင်းပေးခဲ့ကြပြီး “ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” “ မီးရှို့ လူသတ် မုဒိမ်းစစ်တပ်အလိုမရှိ”” နွေဦးတော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံးပါဝင်စို့ “ စသည့်ကြွေးကြော်သံများဖြင့်ချီတတ် သပိတ်မှောက်ခဲ့ကြပါတယ်။

ဖားကန့်ဒေသအပါအဝင် ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်မြောက်ရေးတပ်- ပူးပေါင်းတပ်တွေက နယ်မြေတွေကိုစိုးမိုးသိမ်းပိုက်ထားပြီး လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။

Forum

XS
SM
MD
LG