သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အမျိုးသမီးတွေ အိမ်ထောင်ပြုဖို့ တရုတ်နိုင်ငံကို တရားမဝင်အပို့ခံနေရ


စစ်ဘေးရှောင် ကချင်ဒုက္ခသည် အမျိုးသမီးများ
စစ်ဘေးရှောင် ကချင်ဒုက္ခသည် အမျိုးသမီးများ

မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေကြုံနေရတဲ့ ကချင်ပြည်နယ်က ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ အိမ်နီးချင်း တရုတ်နိုင်ငံကို တရားမဝင်ပို့ဆောင်ပြီး တရုတ်နိုင်ငံသားတွေရဲ့ ဇနီးမယားအဖြစ် အတင်းအကျပ် လက်ထပ်ခိုင်းတာတွေရှိနေကြောင်း အမေရိကန် ပြည်ထောင်စုက သုတေသန လေ့လာချက်သစ်က ဖော်ပြလိုက်ပါတယ်။

Johns Hopkins Bloomberg တက္ကသိုလ် လူထုကျန်းမာရေးဌာနရဲ့ သုတေသန လေ့လာချက်အရ တရုတ်နိုင်ငံမှာ ဇနီးမယားအဖြစ် အတင်းအကျပ် ပေးစားခံရတဲ့ အမျိုးသမီး ခန့်မှန်းခြေ ၇,၅၀၀ အထိ ရှိခဲ့ကြောင်းလည်း ဖော်ပြခဲ့တာပါ။ တအိမ်ထောင် ကလေးတယောက်သာ ယူခွင့်ပြုတဲ့ မူဝါဒ ချမှတ် ထားတဲ့ တရုတ်နိုင်ငံမှာ အမျိုးသားဦးရေထက် အမျိုးသမီး ဦးရေက ၃၃ သန်းလောက် လျော့နည်းနေ တဲ့အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဒေသတွင်းက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့လို နိုင်ငံ တွေက ချို့တဲ့သူ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အိမ်ထောက်ဖက်အဖြစ် ငွေပေးပေါင်းသင်း နေကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကနေ ပြန်လာသူတွေနဲ့ ထွက်ပြေးလာသူတွေအပြင် တရုတ်နိုင်ငံမှာ ရှိနေဆဲ မြန်မာနိုင်ငံ က အမျိုးသမီးတွေကို မေးမြန်းပြုစုထားတဲ့ အစီရင်ခံစာမှာတော့ အတင်းအကျပ် ပေးစားခံရတဲ့ အမျိုးသမီးတွေကို အတင်းအကျပ် သားသမီးယူခိုင်းတာတွေ ရှိခဲ့ကြောင်းလည်း ဖော်ပြထားတာပါ။ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရတာတွေနဲ့ ဆင်းရဲကျပ်တည်းမှုတွေကြောင့် အမျိုးသမီးတွေ မြန်မာနိုင်ငံကို စွန့်ခွာနေကြရပြီး၊ တရုတ်နိုင်ငံမှာ အမျိုးသမီး၊ အမျိုးသား လူဦးရေမမျှတမှုကြောင့် အထူးသဖြင့် ဇနီးမယား လိုအပ်ချက်တွေ ရှိနေတဲ့ ကျေးလက်ဒေသတွေမှာ ဇနီးမယားအဖြစ် ရောင်းစားခံနေ ရကြောင်း အစီရင်ခံစာပြုစုသူ W. Courtland Robinson ကပြောပါတယ်။

အစီရင်ခံစာအတွက် မေးမြန်းခဲ့သူ အမျိုးသမီးတဦးဟာ ဆိုရင်လည်း ၃ ကြိမ်တိုင်တိုင် ဇနီးမယားအဖြစ် ရောင်းစားခံရပြီး ၃ ကြိမ်စလုံးမှာ အတင်းအကျပ် ကလေးမွေးခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ အတင်းအကျပ် ပေးစားခံကြရတဲ့ အမျိုးသမီးတွေထဲမှာ မိသားစုနဲ့ ရွာလူကြီးတွေက စီစဉ်တာတွေ လည်း ပါဝင်လေ့ရှိသလို ဇနီးမယားအဖြစ် ရောင်းစားခံရသူတွေထဲမှာ အသက်ငယ်လေ ဈေးကောင်းရ လေဖြစ်ပြီး အမေရိကန်ဒေါ်လာ တသောင်းကနေ တသောင်းခွဲလောက်အထိ ပေးရလေ့ရှိတယ်လို့ လည်း သုတေသီတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG