သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ကေလးၿမိဳ႕နယ္အတြင္း စစ္ေကာင္စီနဲ႔ PDF အဖြဲ႔ေတြအၾကား တိုက္ပြဲျပင္းထန္ေန


{{Zawgyi/Unicode}}

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕၊ နဂါးဗြက္ေက်းရြာအနီးက ေတာထဲမွာ PDF စခန္းတခု သိမ္းပိုက္ခံရၿပီး ေဒသခံကာကြယ္ေရး အဖြဲ႔ဝင္တခ်ိဳ႕ ဖမ္းဆီးခံရၿပီးေနာက္ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ တိုက္ပြဲေတြျပင္းထန္ေနပါတယ္။ ကေလးၿမိဳ႕၊ တာဟန္းဘက္က ရပ္ကြက္ေတြမွာလည္း ပစ္ခတ္တာေတြ ရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

မေန႔ ႏိုဝင္ဘာ ၁၆ ရက္က ကေလးၿမိဳ႕၊ နဂါးဗြက္ေက်းရြာအနီး ေတာထဲက ကေလး PDF စခန္းကို စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ဝင္ေတြ ဖမ္းဆီးခံခဲ့ရပါတယ္။ ဒီေန႔ ႏိုဝင္ဘာ ၁၇ ရက္ မနက္ပိုင္းကတည္းကစလို႔ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြ တိုက္ပြဲ ျပင္းထန္ေနတယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“မနက္ ၈ နာရီေလာက္မွာ တိုက္ပြဲစျဖစ္တယ္။ အခုခ်ိန္ထိျဖစ္ေနတုန္းပဲ။ ေတာ္ေတာ္ျပင္းထန္တယ္။ အခုက ေရႊရည္ကန္ေတာရ (ဘုန္းႀကီးေက်ာင္း) ေတာင္ဘက္ က ကင္းမြန္းေခ်ာင္းဆုိတဲ့ ခ်င္းရြာေလးရွိတယ္။ အဲဒီရြာေတြေကာ ေရာက္ကုန္တယ္။ အင္အားေတြ ထပ္ျဖည့္တာ။ မေန႔ကတုန္းက ပိတ္မိေနတဲ့ဟာက တဖြဲ႔ သက္သက္၊ ဒီမနက္ အေစာႀကီးတက္သြားတဲ့ ၈၀ ေလာက္က မေန႔က ၿမိဳ႕ႀကီးကုန္းရြာထိပ္မွာ ကား ၅ စီးနဲ႔ လာခ်ထားတဲ့ စစ္ေကာင္စီအဖြဲ႔ေတြ။ အဲ့ဒါက မေန႔ ေန႔ခင္းေလာက္ကေန ခ်ထားတာ ၿမိဳ႕ႀကီးကုန္းရြာထဲကေန ျဖတ္ၿပီးေတာ့မွ ညေနေစာင္းေလာက္မွာ နဂါးဗြက္ဘုန္းႀကီးေက်ာင္းကို ဝင္၊ တညတာ နားၿပီးေတာ့မွ မနက္အေစာႀကီးကို ထြက္သြားတယ္ခင္ဗ်။ မေန႔က ဖမ္းခံရတဲ့သူေတြထဲမွာ ေယာက္က်ားေလး ၂ ေယာက္က သတ္ပစ္လိုက္ၿပီလို႔ ၾကားတယ္။ မိန္းကေလး ၈ ေယာက္ကေတာ့ ဒီတိုင္းရွိေနတုန္းပဲ။ အဲ့ ၈ ေယာက္က ဖမ္းထားတုန္းဆိုေတာ့ ဆုတ္တာမရွိဘူး။ တိုက္ပြဲက ျပင္းထန္ေနတယ္။ ေသဆံုးဒဏ္ရာရကေတာ့ အခုေလာေလာဆယ္ က်ေနာ္ သိရသေလာက္က ျပည္သူဘက္က PDF ဘက္ကေတာ့ လက္နက္ႀကီး က်ဥ္ထိထားလို႔ အရမ္းမစိုးရိမ္ရဘူးလို႔ၾကားတယ္။ စစ္ေကာင္စီဘက္ကေတာ့ မေန႔ကအထိေတာ့ ၂၀ ေလာက္ကေတာ့ က်တယ္။ ေနာက္ထပ္ ဘယ္ႏွစ္ေယာက္က်လည္း အတည္မျပဳႏိုင္ေသးဘူး။”

မေန႔က ကေလး PDF စခန္း တပ္ရင္း ၃ ကို စစ္ေကာင္စီဘက္က ဝင္ေရာက္စီးနင္းတိုက္ခိုက္ၿပီး တပ္ဖြဲ႔ဝင္ အမ်ိဳးသမီး ၈ ဦးနဲ႔ အမ်ိဳးသား ၂ ဦးကို ဖမ္းမိခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ အမ်ိဳးသား ၂ ဦးမွာ ေသဆံုးသြားတယ္လို႔ သတင္းထြက္ေပၚလာခဲ့ၿပီး ဒါကိုေတာ့ PDF ဘက္ကေကာ ေဒသခံေတြဘက္ကေကာ အတည္မျပဳႏိုင္ေသးပါဘူး။ ဒီကေန႔ ႏိုဝင္ဘာ ၁၇ ရက္ မနက္ပိုင္း လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွာ ဖမ္းခံရတဲ့ တပ္ဖြဲ႔ဝင္ အမ်ိဳးသမီး ၈ ဦး ပံု ေပၚထြက္လာခဲ့ေပမယ့္ အမ်ိဳးသား ၂ ဦးပံုေတာ့ ေဖာ္ျပတာေတြမရွိပါဘူး။

ကေလး PDF ဘက္ကေတာ့ စစ္ေကာင္စီထိုးစစ္ေတြကို ျပန္လည္ခုခံတိုက္ခိုက္ေနၿပီး ဖမ္းဆီးခံထားရတဲ့ တပ္ဖြဲ႔ဝင္ေတြကို ကယ္ထုတ္ဖို႔ ႀကိဳးစားေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဒီတိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာမရွိေသးပါဘူး။

တဆက္တည္းမွာပဲ ကေလးၿမိဳ႕ တာဟန္းရပ္ကြက္မွာ လံုၿခံဳေရးယူေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြ အပစ္ခံရၿပီး တေယာက္ေသဆံုးခဲ့သလို ကေလးၿမိဳ႕ ေလယာဥ္ကြင္းအနီးမွာလည္း ေပါက္ကြဲမႈေတြ ျဖစ္ခဲ့တယ္လို႔ ကေလးၿမိဳ႕ခံတဦးက အခုလိုေျပာပါတယ္။

“တာဟန္းမီတာတိုက္ဆိုတာရွိတယ္။ မီတာတိုက္ လမ္းၾကားလို႔ေခၚတာေပါ့ေနာ္။ အဲ့လမ္းၾကားမွာ သူတို႔ လံုၿခံဳေရး ယူထားတာေတြရွိတယ္ေပါ့။ အဲ့လံုၿခံဳေရးယူထားတဲ့ေနရာကို ဝင္ပစ္တာ ၁ ေယာက္ေသတယ္လို႔ ၾကားတယ္။ မနက္ ၁၁ နာရီေက်ာ္ ေလာက္တုန္းကလည္း ကေလးၿမိဳ႕ BOC အနီးနားမွာေပါ့ေနာ္ လက္ပစ္ဗံုးနဲ႔ ေလယာဥ္ကြင္းထဲကို ေပါက္တယ္လို႔ေျပာတယ္။ အသံကေတာ့ ၾကားလိုက္တယ္။ ၁၁ နာရီ ၁၅ ေလာက္မွာ။”

ကေလး ၿမိဳ႕အနီးေက်းရြာေတြမွာ ႏိုဝင္ဘာ ၃ ရက္ကစလို႔ စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းတာေတြလုပ္ေနၿပီး ေဒသခံ ကာကြယ္ေရးအဖြဲ႔ေတြနဲ႔ အျပန္အလွန္ပစ္ခတ္ေနၾကၿပီး ေက်းရြာက ေနအိမ္အခ်ိဳ႕မီးေလာင္တာေတြရွိသလို ျမစ္သာျမစ္အေရွ႕ဘက္နဲ႔ အေနာက္ဘက္က ေက်းရြာက ေဒသခံေတြမွာလည္း ေဘးလြတ္ရာ တိမ္းေရွာင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္


=============

{{Unicode}}

ကလေးမြို့နယ်အတွင်း စစ်ကောင်စီနဲ့ PDF အဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နဂါးဗွက်ကျေးရွာအနီးက တောထဲမှာ PDF စခန်းတခု သိမ်းပိုက်ခံရပြီး ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တချို့ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ကလေးမြို့၊ တာဟန်းဘက်က ရပ်ကွက်တွေမှာလည်း ပစ်ခတ်တာတွေ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မနေ့ နိုဝင်ဘာ ၁၆ ရက်က ကလေးမြို့၊ နဂါးဗွက်ကျေးရွာအနီး တောထဲက ကလေး PDF စခန်းကို စစ်ကောင်စီတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းကတည်းကစလို့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“မနက် ၈ နာရီလောက်မှာ တိုက်ပွဲစဖြစ်တယ်။ အခုချိန်ထိဖြစ်နေတုန်းပဲ။ တော်တော်ပြင်းထန်တယ်။ အခုက ရွှေရည်ကန်တောရ (ဘုန်းကြီးကျောင်း) တောင်ဘက် က ကင်းမွန်းချောင်းဆိုတဲ့ ချင်းရွာလေးရှိတယ်။ အဲဒီရွာတွေကော ရောက်ကုန်တယ်။ အင်အားတွေ ထပ်ဖြည့်တာ။ မနေ့ကတုန်းက ပိတ်မိနေတဲ့ဟာက တဖွဲ့ သက်သက်၊ ဒီမနက် အစောကြီးတက်သွားတဲ့ ၈၀ လောက်က မနေ့က မြို့ကြီးကုန်းရွာထိပ်မှာ ကား ၅ စီးနဲ့ လာချထားတဲ့ စစ်ကောင်စီအဖွဲ့တွေ။ အဲ့ဒါက မနေ့ နေ့ခင်းလောက်ကနေ ချထားတာ မြို့ကြီးကုန်းရွာထဲကနေ ဖြတ်ပြီးတော့မှ ညနေစောင်းလောက်မှာ နဂါးဗွက်ဘုန်းကြီးကျောင်းကို ဝင်၊ တညတာ နားပြီးတော့မှ မနက်အစောကြီးကို ထွက်သွားတယ်ခင်ဗျ။ မနေ့က ဖမ်းခံရတဲ့သူတွေထဲမှာ ယောက်ကျားလေး ၂ ယောက်က သတ်ပစ်လိုက်ပြီလို့ ကြားတယ်။ မိန်းကလေး ၈ ယောက်ကတော့ ဒီတိုင်းရှိနေတုန်းပဲ။ အဲ့ ၈ ယောက်က ဖမ်းထားတုန်းဆိုတော့ ဆုတ်တာမရှိဘူး။ တိုက်ပွဲက ပြင်းထန်နေတယ်။ သေဆုံးဒဏ်ရာရကတော့ အခုလောလောဆယ် ကျနော် သိရသလောက်က ပြည်သူဘက်က PDF ဘက်ကတော့ လက်နက်ကြီး ကျဉ်ထိထားလို့ အရမ်းမစိုးရိမ်ရဘူးလို့ကြားတယ်။ စစ်ကောင်စီဘက်ကတော့ မနေ့ကအထိတော့ ၂၀ လောက်ကတော့ ကျတယ်။ နောက်ထပ် ဘယ်နှစ်ယောက်ကျလည်း အတည်မပြုနိုင်သေးဘူး။”

မနေ့က ကလေး PDF စခန်း တပ်ရင်း ၃ ကို စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး တပ်ဖွဲ့ဝင် အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၂ ဦးကို ဖမ်းမိခဲ့ပါတယ်။ အဲ့နောက်မှာတော့ အမျိုးသား ၂ ဦးမှာ သေဆုံးသွားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး ဒါကိုတော့ PDF ဘက်ကကော ဒေသခံတွေဘက်ကကော အတည်မပြုနိုင်သေးပါဘူး။ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်း လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ဖမ်းခံရတဲ့ တပ်ဖွဲ့ဝင် အမျိုးသမီး ၈ ဦး ပုံ ပေါ်ထွက်လာခဲ့ပေမယ့် အမျိုးသား ၂ ဦးပုံတော့ ဖော်ပြတာတွေမရှိပါဘူး။

ကလေး PDF ဘက်ကတော့ စစ်ကောင်စီထိုးစစ်တွေကို ပြန်လည်ခုခံတိုက်ခိုက်နေပြီး ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေကို ကယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တဆက်တည်းမှာပဲ ကလေးမြို့ တာဟန်းရပ်ကွက်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပစ်ခံရပြီး တယောက်သေဆုံးခဲ့သလို ကလေးမြို့ လေယာဉ်ကွင်းအနီးမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ကလေးမြို့ခံတဦးက အခုလိုပြောပါတယ်။

“တာဟန်းမီတာတိုက်ဆိုတာရှိတယ်။ မီတာတိုက် လမ်းကြားလို့ခေါ်တာပေါ့နော်။ အဲ့လမ်းကြားမှာ သူတို့ လုံခြုံရေး ယူထားတာတွေရှိတယ်ပေါ့။ အဲ့လုံခြုံရေးယူထားတဲ့နေရာကို ဝင်ပစ်တာ ၁ ယောက်သေတယ်လို့ ကြားတယ်။ မနက် ၁၁ နာရီကျော် လောက်တုန်းကလည်း ကလေးမြို့ BOC အနီးနားမှာပေါ့နော် လက်ပစ်ဗုံးနဲ့ လေယာဉ်ကွင်းထဲကို ပေါက်တယ်လို့ပြောတယ်။ အသံကတော့ ကြားလိုက်တယ်။ ၁၁ နာရီ ၁၅ လောက်မှာ။”

ကလေး မြို့အနီးကျေးရွာတွေမှာ နိုဝင်ဘာ ၃ ရက်ကစလို့ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းတာတွေလုပ်နေပြီး ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်နေကြပြီး ကျေးရွာက နေအိမ်အချို့မီးလောင်တာတွေရှိသလို မြစ်သာမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်က ကျေးရွာက ဒေသခံတွေမှာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။

#PDF#စစ်ကောင်စီ#လက်ပစ်ဗုံး#ကလေးမြို့#တာဟန်း#ရွှေရည်ကန်တောရ#နဂါးဗွက်ကြီး##

============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG