သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကေလးေတာင္ပိုင္း စစ္တပ္နယ္ေျမရွင္းလင္းေရးအတြင္း ေအာင္ခ်မ္းသာ႐ြာ ေနအိမ္တခ်ိဳ႕မီးသင့္


စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕ေတာင္ပိုင္း နတ္ေခ်ာင္းရြာမွာ မတ္လ ၁၇၊ ၂၀၂၂ ခုႏွစ္က စစ္ေကာင္စီတပ္ရဲ႕ ထိုးစစ္အတြင္း လူအိမ္ေတြ မီး႐ိႈ႕ခံရတဲ့ျမင္ကြင္း။ (ဓာတ္ပံု -Aung Hsan Lin's FB)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္းမွာ စစ္ေကာင္စီတပ္က ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြကို ထိုးစစ္ဆင္တိုက္ေနတဲ့ တိုက္ပြဲေတြအတြင္း ေအာင္ခ်မ္းသာ႐ြာက ေနအိမ္တခ်ိဳ႕ မီးေလာင္ကြၽမ္းခဲ့ပါတယ္။ ႐ြာသားတခ်ိဳ႕ကိုလည္း စစ္တပ္က ေခၚေဆာင္သြားတယ္လို႔ ေဒသခံေတြက ဗြီအိုေအကို ေျပာပါတယ္။ ဒီအေျခအေနေၾကာင့္ ပတ္ဝန္းက်င္႐ြာေတြက ႐ြာသားေတြ ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စစ္ေရးတင္းမာေနတဲ့ ကေလးၿမိဳ႕နယ္ေတာင္ပိုင္းမွာ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြအေပၚ စစ္ေကာင္စီတပ္ေတြက ဆက္လက္ထိုးစစ္ဆင္ တိုက္ေနတာမွာ ကေလး-ဂန႔္ေဂါလမ္းေဘးက ေအာင္ခ်မ္းသာ႐ြာကို မတ္လ ၁၇ ရက္က ဝင္ေရာက္ စစ္ဆင္ေရးလုပ္ခဲ့ပါတယ္။ စစ္တပ္ေတြ ဝင္ေရာက္ခဲ့ၿပီး အိမ္အလုံး ၂၀ ေလာက္ကို မီးရႈိ႕သြားတယ္လို႔ နတ္ေျမာင္း ႐ြာသား ဦးသန္းေအာင္က ေျပာပါတယ္။

စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕ေတာင္ပိုင္း နတ္ေခ်ာင္းရြာမွာ မတ္လ ၁၇၊ ၂၀၂၂ ခုႏွစ္က စစ္ေကာင္စီတပ္ရဲ႕ ထိုးစစ္အတြင္း လူေနအိမ္ေတြ နဲ႔အတူ မီးေလာင္ကၽြမ္းေသဆံုးခဲ့တဲ့ အိမ္ေမြးတိရစၦာန္မ်ား။ (ဓာတ္ပံု -Aung Hsan Lin's FB)
စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕ေတာင္ပိုင္း နတ္ေခ်ာင္းရြာမွာ မတ္လ ၁၇၊ ၂၀၂၂ ခုႏွစ္က စစ္ေကာင္စီတပ္ရဲ႕ ထိုးစစ္အတြင္း လူေနအိမ္ေတြ နဲ႔အတူ မီးေလာင္ကၽြမ္းေသဆံုးခဲ့တဲ့ အိမ္ေမြးတိရစၦာန္မ်ား။ (ဓာတ္ပံု -Aung Hsan Lin's FB)

“ေအာင္ခ်မ္းသာ႐ြာဆိုတာက ကေလးေတာင္ပိုင္း နတ္ေခ်ာင္း နတ္ေျမာင္း ေခ်ာင္းခြအနားကဘဲ အဲဒီ႐ြာကေလ။ သူတို႔ကအဲဒီဘက္မွာ စစ္ေၾကာင္းထိုးေနတယ္ဆိုေတာ့ တိုက္ပြဲေတြလဲျဖစ္တယ္ေပါ့။ ေအာင္ခ်မ္းသာ႐ြာေတာ့ အိမ္ ေျခ (၂၀) ေလာက္လို႔၊ အလုံး (၂၀) ေလာက္ မီးရႈိ႕တယ္ေပါ့ေနာ္။ ”

ကေလးၿမိဳ႕နယ္ နတ္ေျမာင္း၊ နတ္ေခ်ာင္း၊ ေအာင္ခ်မ္းသာစတဲ့ေက်း႐ြာဘက္မွာ ေဒသခံကာကြယ္ေရး PDF အဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲမၾကာခဏျဖစ္ပြားေနၿပီး ေျမျမႇဳပ္မိုင္းအႏၲရာယ္လည္း ရွိေနပါတယ္။ ၾကာသပေတးေန႔က ေအာင္ခ်မ္းသာ႐ြာသား ၂၀ ေလာက္ကိုလည္း စစ္တပ္က လမ္းျပအေနနဲ႔ ေခၚသြားၿပီး ၁၉ ေယာက္ကို ဒီေန႔ ေသာၾကာေန႔မွာ ျပန္လႊတ္ေပးတယ္လို႔ ကေလးၿမိဳ႕က လူမႈအဖြဲ႕အစည္ း တာဝန္ရွိသူတဦးက ေျပာပါတယ္။

“လူ (၂၀) ေက်ာ္ကို သူတို႔ ေခၚသြားတယ္ေလ။ ေအာင္ခ်မ္းသာကေန အဲလုပ္ကို ေခၚသြားတယ္။ တ႐ြာနဲ႔တ႐ြာကို ေျခက်င္ပို႔တဲ့အခ်ိန္မွာေလ။ က်ေနာ္တို႔ ဒီဘက္မွာရွိတဲ့ ထိမိုင္းေတြ။ အဲဒီဟာေတြကို သူတို႔က ဒီဘက္ ေတာက္ေလွ်ာက္က ထိခဲ့ေတာ့ သူတို႔က လူသားဒိုင္းပုံစံလုပ္တာေပါ့။ အဲလုပ္ကိုေရာက္ေတာ့ သူတို႔ (၁၉) ေယာက္ကို လႊတ္ေပးခဲ့တယ္တဲ့။ တေယာက္ကိုပဲ ေခၚသြားတယ္ေပါ့။ အဲလုပ္႐ြာကေန ေခြႀကိမ္႐ြာဘက္။”

ကေလးၿမိဳ႕နယ္ေတာင္ပိုင္းဘက္မွာ ၾကာသပေတးေန႔က တိုက္ပြဲျဖစ္ပြါးေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ ခ်ဳပ္ေဇာ္မင္း ထြန္းက အတည္ျပဳေပမယ့္ အေသးစိတ္ကိုေတာ့ေျပာဆိုတာမရွိပါဘူး။

“ကေလးၿမိဳ႕ဘက္မွာ ကေလးဘက္မွာျဖစ္ခဲ့တဲ့ဟာေတာ့ရွိတယ္။”

ေဒသအတြင္းၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လထဲက စတင္ခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသက ေက်း႐ြာအမ်ားစုက ႐ြာသားေတြ စစ္ေဘးတိမ္း ေရွာင္ေနၾကရပါတယ္။ နီးစပ္ရာ႐ြာ ေတာေတာင္ေဒ သမွာအပါအဝင္ စစ္ေဘးတိမ္းေရွာင္ေနရသူ ႏွစ္ေသာင္းဝန္းက်င္ရွိမယ္လို႔ ကေလးၿမိဳ႕ လူမႈအဖြဲ႕အစည္း တာဝန္ရွိသူတဦးက ခန႔္မွန္းပါတယ္။

“တအိမ္မွာ တေယာက္ႏွစ္ေယာက္ေတာင္မက်န္ဘူး။ တခ်ိဳ႕ဆိုအကုန္လုံး။ က်ေနာ္တို႔ဆိုရင္ ဒီဘက္မွာ ႐ြာေတြမွာ လူေတြသိပ္မရွိေတာ့ဘူး။ စစ္ေဘးေရွာင္ပမာဏက တေသာင္းေက်ာ္ ႏွစ္ေသာင္းနီးပါးေလာက္ေတာ့ ရွိမွာပါ။ သူတို႔က ဒီလိုပဲ နီးစပ္ရာ တခ်ိဳ႕ေတာထဲသြားတယ္။ ၿပီးရင္ဒီၿမိဳ႕ေပၚမွာလာေနတယ္။ အဓိကေတာ့ ကေလးၿမိဳ႕ေပၚမွာပဲ ေနတာ မ်ားတယ္။”

အခုလို တိုက္ပြဲေတြျဖစ္ေနတဲ့ အဲဒီေဒသမွာ ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔တုန္းက စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးသြားတဲ့ သံဖို႐ြာဇာတိ သားအမိ ၃ ဦး အသတ္ခံရတယ္လို႔ ေဒသခံေတြကေျပာဆိုေနသလို ဒီလိုစြပ္စြဲ ခ်က္နဲ႔ပက္သက္လို႔ သူတို႔လုပ္တာမဟုတ္ေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျငင္းဆိုခဲ့ပါတယ္။

လက္ရွိ ကေလးၿမိဳ႕အတြင္းမွာ စစ္ကာင္စီတပ္နဲ႔ ေဒသကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕ေတြျဖစ္တဲ့ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ပကဖ၊ PDF ကေလးနဲ႔ ခ်င္းအမ်ိဳးသားကာကြယ္ေရးအဖြဲ႕ CNDF စတဲ့ပူးေပါင္းအဖြဲ႕ေတြ ၂၀၂၁ ခုႏွစ္ ဇူလိုင္လထဲက တိုက္ပြဲေတြ ျဖစ္ပြားေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ကလေးတောင်ပိုင်း စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း အောင်ချမ်းသာရွာ နေအိမ်တချို့မီးသင့်

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ထိုးစစ်ဆင်တိုက်နေတဲ့ တိုက်ပွဲတွေအတွင်း အောင်ချမ်းသာရွာက နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့ပါတယ်။ ရွာသားတချို့ကိုလည်း စစ်တပ်က ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီအခြေအနေကြောင့် ပတ်ဝန်းကျင်ရွာတွေက ရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ကလေးမြို့နယ်တောင်ပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအပေါ် စစ်ကောင်စီတပ်တွေက ဆက်လက်ထိုးစစ်ဆင် တိုက်နေတာမှာ ကလေး-ဂန့်ဂေါလမ်းဘေးက အောင်ချမ်းသာရွာကို မတ်လ ၁၇ ရက်က ဝင်ရောက် စစ်ဆင်ရေးလုပ်ခဲ့ပါတယ်။ စစ်တပ်တွေ ဝင်ရောက်ခဲ့ပြီး အိမ်အလုံး ၂၀ လောက်ကို မီးရှို့သွားတယ်လို့ နတ်မြောင်း ရွာသား ဦးသန်းအောင်က ပြောပါတယ်။

“အောင်ချမ်းသာရွာဆိုတာက ကလေးတောင်ပိုင်း နတ်ချောင်း နတ်မြောင်း ချောင်းခွအနားကဘဲ အဲဒီရွာကလေ။ သူတို့ကအဲဒီဘက်မှာ စစ်ကြောင်းထိုးနေတယ်ဆိုတော့ တိုက်ပွဲတွေလဲဖြစ်တယ်ပေါ့။ အောင်ချမ်းသာရွာတော့ အိမ် ခြေ (၂၀) လောက်လို့၊ အလုံး (၂၀) လောက် မီးရှို့တယ်ပေါ့နော်။ ”

ကလေးမြို့နယ် နတ်မြောင်း၊ နတ်ချောင်း၊ အောင်ချမ်းသာစတဲ့ကျေးရွာဘက်မှာ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး မြေမြှုပ်မိုင်းအန္တရာယ်လည်း ရှိနေပါတယ်။ ကြာသပတေးနေ့က အောင်ချမ်းသာရွာသား ၂၀ လောက်ကိုလည်း စစ်တပ်က လမ်းပြအနေနဲ့ ခေါ်သွားပြီး ၁၉ ယောက်ကို ဒီနေ့ သောကြာနေ့မှာ ပြန်လွှတ်ပေးတယ်လို့ ကလေးမြို့က လူမှုအဖွဲ့အစည် း တာဝန်ရှိသူတဦးက ပြောပါတယ်။

“လူ (၂၀) ကျော်ကို သူတို့ ခေါ်သွားတယ်လေ။ အောင်ချမ်းသာကနေ အဲလုပ်ကို ခေါ်သွားတယ်။ တရွာနဲ့တရွာကို ခြေကျင်ပို့တဲ့အချိန်မှာလေ။ ကျနော်တို့ ဒီဘက်မှာရှိတဲ့ ထိမိုင်းတွေ။ အဲဒီဟာတွေကို သူတို့က ဒီဘက် တောက်လျှောက်က ထိခဲ့တော့ သူတို့က လူသားဒိုင်းပုံစံလုပ်တာပေါ့။ အဲလုပ်ကိုရောက်တော့ သူတို့ (၁၉) ယောက်ကို လွှတ်ပေးခဲ့တယ်တဲ့။ တယောက်ကိုပဲ ခေါ်သွားတယ်ပေါ့။ အဲလုပ်ရွာကနေ ခွေကြိမ်ရွာဘက်။”

စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕ေတာင္ပိုင္း နတ္ေခ်ာင္းရြာမွာ မတ္လ ၁၇၊ ၂၀၂၂ ခုႏွစ္က စစ္ေကာင္စီတပ္ရဲ႕ ထိုးစစ္အတြင္း လူေနအိမ္ေတြ မီး႐ိႈ႕ခံရတဲ့ျမင္ကြင္း။ (ဓာတ္ပံု -Aung Hsan Lin's FB)
စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕ေတာင္ပိုင္း နတ္ေခ်ာင္းရြာမွာ မတ္လ ၁၇၊ ၂၀၂၂ ခုႏွစ္က စစ္ေကာင္စီတပ္ရဲ႕ ထိုးစစ္အတြင္း လူေနအိမ္ေတြ မီး႐ိႈ႕ခံရတဲ့ျမင္ကြင္း။ (ဓာတ္ပံု -Aung Hsan Lin's FB)

ကလေးမြို့နယ်တောင်ပိုင်းဘက်မှာ ကြာသပတေးနေ့က တိုက်ပွဲဖြစ်ပွါးကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ် ချုပ်ဇော်မင်း ထွန်းက အတည်ပြုပေမယ့် အသေးစိတ်ကိုတော့ပြောဆိုတာမရှိပါဘူး။

“ကလေးမြို့ဘက်မှာ ကလေးဘက်မှာဖြစ်ခဲ့တဲ့ဟာတော့ရှိတယ်။”

ဒေသအတွင်းပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကလေးမြို့နယ်တောင်ပိုင်းဒေသက ကျေးရွာအများစုက ရွာသားတွေ စစ်ဘေးတိမ်း ရှောင်နေကြရပါတယ်။ နီးစပ်ရာရွာ တောတောင်ဒေ သမှာအပါအဝင် စစ်ဘေးတိမ်းရှောင်နေရသူ နှစ်သောင်းဝန်းကျင်ရှိမယ်လို့ ကလေးမြို့ လူမှုအဖွဲ့အစည်း တာဝန်ရှိသူတဦးက ခန့်မှန်းပါတယ်။

“တအိမ်မှာ တယောက်နှစ်ယောက်တောင်မကျန်ဘူး။ တချို့ဆိုအကုန်လုံး။ ကျနော်တို့ဆိုရင် ဒီဘက်မှာ ရွာတွေမှာ လူတွေသိပ်မရှိတော့ဘူး။ စစ်ဘေးရှောင်ပမာဏက တသောင်းကျော် နှစ်သောင်းနီးပါးလောက်တော့ ရှိမှာပါ။ သူတို့က ဒီလိုပဲ နီးစပ်ရာ တချို့တောထဲသွားတယ်။ ပြီးရင်ဒီမြို့ပေါ်မှာလာနေတယ်။ အဓိကတော့ ကလေးမြို့ပေါ်မှာပဲ နေတာ များတယ်။”

အခုလို တိုက်ပွဲတွေဖြစ်နေတဲ့ အဲဒီဒေသမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့တုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတဲ့ သံဖိုရွာဇာတိ သားအမိ ၃ ဦး အသတ်ခံရတယ်လို့ ဒေသခံတွေကပြောဆိုနေသလို ဒီလိုစွပ်စွဲ ချက်နဲ့ပက်သက်လို့ သူတို့လုပ်တာမဟုတ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုခဲ့ပါတယ်။

လက်ရှိ ကလေးမြို့အတွင်းမှာ စစ်ကာင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ၊ PDF ကလေးနဲ့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNDF စတဲ့ပူးပေါင်းအဖွဲ့တွေ ၂၀၂၁ ခုနှစ် ဇူလိုင်လထဲက တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕ေတာင္ပိုင္း နတ္ေခ်ာင္းရြာမွာ မတ္လ ၁၇၊ ၂၀၂၂ ခုႏွစ္က စစ္ေကာင္စီတပ္ရဲ႕ ထိုးစစ္အတြင္း လူေနအိမ္ေတြနဲ႔အတူ မီးစြဲခဲ့တဲ့ အိမ္ေမြးတိရစၦာန္မ်ား။ (ဓာတ္ပံု -Aung Hsan Lin's FB)
စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕ေတာင္ပိုင္း နတ္ေခ်ာင္းရြာမွာ မတ္လ ၁၇၊ ၂၀၂၂ ခုႏွစ္က စစ္ေကာင္စီတပ္ရဲ႕ ထိုးစစ္အတြင္း လူေနအိမ္ေတြနဲ႔အတူ မီးစြဲခဲ့တဲ့ အိမ္ေမြးတိရစၦာန္မ်ား။ (ဓာတ္ပံု -Aung Hsan Lin's FB)

================

XS
SM
MD
LG