သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕ေတာင္ပိုင္းေက်း႐ြာတခ်ိဳ႕ မီးရႈိ႕ဖ်က္ဆီးခံရ


ကေလးၿမိဳ႕နယ္တြင္း ေနအိမ္မီးေလာင္ကၽြမ္းမႈျမင္ကြင္း။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္းက လယ္ျခားေက်း႐ြာနဲ႔ ကုကၠိဳလ္ေက်း႐ြာေတြက အိမ္တခ်ိဳ႕ ဒီကေန႔မနက္ပိုင္းက မီးရႈိ႕ဖ်က္ဆီးခံရပါတယ္။ ေဒသတဝိုက္မွာ တိုက္ပြဲျဖစ္ပြားတာမ်ိဳးမရွိေပမယ့္ စစ္ေကာင္စီတပ္ေတြက နယ္ေျမရွင္းလင္းေရးအေနနဲ႔ ႐ြာေတြကိုဝင္ေရာက္လာေနတယ္လို႔ ေဒသခံေတြကေတာ့ ေျပာပါတယ္။ ဒီအေၾကာင္း စုံစမ္းေမးျမန္းၿပီး ရန္ကုန္က ေပးပို႔တဲ့သတင္းကို မျမဇင္ေအာင္က တင္ျပေပးထားပါတယ္။

ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ျမစ္သာျမစ္အေရွ႕ဘက္ကမ္းျဖစ္တဲ့ လယ္ျခားေက်း႐ြာနဲ႔ ကုကၠိဳလ္ေက်း႐ြာေတြမွာ ဒီကေန႔မနက္ ၁၀ နာရီေလာက္ကစၿပီး မီးရႈိ႕ဖ်က္ဆီးခံေနရတယ္လို႔ ကိုယ္တိုင္ျမင္ေတြ႔ခဲ့တဲ့ လယ္ျခား႐ြာခံတဦးက ဗြီအိုေအကို ေျပာပါတယ္။

“အခုခ်ိန္ဆိုလို႔ရွိရင္ မီးေတြရႈိ႕ေနတာ ေတာ္ေတာ္ကို အေျခအေနဆိုးေနပါၿပီ။ အိမ္ေျခ ၁၀၀ ေက်ာ္ေလာက္ရွိတဲ့ ႐ြာေလးကို စစ္ေကာင္စီက မီးေတြ တအားရႈိ႕ေနတာပါ၊ ၁၀ နာရီေလာက္က စရႈိ႕တာ။ ခန႔္မွန္းေျခဆို အိမ္ေျခကေတာ့ ၂၀၊ ၁၀ ကေတာ့ ေက်ာ္သြားၿပီး ၁၀ ကေတာ့ ေက်ာ္သြားၿပီ။ အခုဆိုလို႔ရွိရင္ မနည္းကုန္ေနပါၿပီ။ အခု မီးခိုးေလးပ်ံတာ အခုထိကို မၿငိမ္းေသးပါဘူး။ ေနာက္ထပ္ကို ထပ္ရႈိ႕ေနတာထင္ပါတယ္ စစ္ေကာင္စီက။ ကိုယ္တိုင္ကေတာ့ ဝင္ၾကည့္တာမဟုတ္ပါဘူး၊ က်ေနာ္တို႔က အနားမွာရွိတဲ့ ႐ြာေလးကေန ျမင္ရတာပါ။”

ေက်း႐ြာကို မီးရႈိ႕တာစစ္ေကာင္စီတပ္ကျဖစ္တယ္လို႔ မ်က္ျမင္ေက်း႐ြာသားေတြေျပာေပမယ့္စစ္ေကာင္စီဘက္ကေတာ့ ဒီကိစၥ တစုံတရာတုံ႔ျပန္ေျပာဆိုတာမရွိေသးပါဘူး။

ႏိုဝင္ဘာ ၂၇ ရက္ေန႔ကတည္းက စစ္ေကာင္စီက အင္အားအေျမာက္အမ်ားနဲ႔ ေက်း႐ြာေတြဘက္ကို နယ္ေျမရွင္းလင္းေရးဆိုၿပီး စစ္ေၾကာင္းထိုးလာတာေၾကာင့္ လယ္ျခား႐ြာ၊ ကုကၠိဳလ္႐ြာ၊ ေရရွင္႐ြာ၊ အင္းကြၽန္း႐ြာနဲ႔ ရွားေတာ႐ြာ အျပင္ ေက်ာက္ျပဳတ္႐ြာ၊ ေက်ာက္ ဆယ္႐ြာ၊ မွန္ေတာ႐ြာ၊ ေအာင္သာယာ႐ြာ၊ ႀကံသာ႐ြာ၊ တင္သား႐ြာ၊ ေက်ာက္ဖူး႐ြာ၊ အေရွ႕စည္း႐ြာနဲ႔ ဒိုးႏြယ္႐ြာတို႔ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနၾကရတာပါ။

သက္ႀကီး႐ြယ္အိုနဲ႔ ကေလးသူငယ္အပါအဝင္ ေဒသခံေက်း႐ြာသားေတြဟာ ေတာေတာင္မွာ ပုန္းခိုေနၾကၿပီး တခ်ိဳ႕ စားနပ္ရိကၡာမရွိေတာ့ဘူးလို႔လည္း ေဒသခံက ေျပာပါတယ္။

“ေဒသခံေတြက အိမ္ေတြမွာ တေယာက္မွမရွိၾကေတာ့ပါဘူး၊ တ႐ြာလုံး ႐ြာလုံးကြၽတ္ထြက္ေျပးေနတာပါ။ သူတို႔ေတြကို ေၾကာက္လို႔၊ သူတို႔ ရမ္းကားၿပီး လာရႈိ႕တာပါ၊ တိုက္ပြဲလည္း ဘာမရွိပါဘူး။ သူတို႔ စစ္ေၾကာင္းထိုးၿပီးခါမွ ဝင္ရႈိ႕တာပါ။ သူတို႔က ျပည္သူေတြကို ေတာထဲ ေတာနင္းရွာတယ္၊ မေတြ႔ဘူးဆိုလို႔ရွိရင္ ႐ြာထဲကို ဝင္ခါမွ အိမ္ေတြကို မီးရႈိ႕တယ္၊ အခုခ်ိန္ကလည္း ေဆာင္းတြင္းလည္း ျဖစ္ျပန္တယ္၊ ကေလးသူငယ္ေတြလည္း ေတာထဲမွာ ခ်မ္းခ်မ္းေအးေအးနဲ႔ ထြက္ေျပးေနၾကရတယ္၊ တခ်ိဳ႕ဆိုရင္ စားနပ္ရိကၡာေတာင္ မရွိၾကေတာ့ဘူး။”

ကေလး PDF တာဝန္ရွိသူတဦးကေတာ့ သူတို႔နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား အဲဒီေဒသဝန္းက်င္မွာ အျပန္အလွန္တိုက္ပြဲမရွိဘူးလို႔ ေျပာပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၇ ရက္ေန႔က ေရရွင္႐ြာမွာလည္း ေနအိမ္ ၁၅ လုံး မီးရႈိ႕ဖ်က္ဆီးခံရတယ္လို႔ ေရရွင္႐ြာခံတဦးက အခုလို ေျပာပါတယ္။

“ေရရွင္ကေတာ့ မေန႔က အရႈိ႕ခံရတာ ၁၅ အိမ္ေလာက္ရွိမယ္ထင္တယ္ရွင့္၊ ဟိုဟာ လူေတြက ထြက္ေျပးေနၾကတယ္ရွင့္။ ႐ြာထဲမွာေတာ့ တေယာက္မွမရွိေတာ့ဘူး၊ ေတာမွာ ပုန္းတာလည္း အဆင္မေျပဘူး အဲ့လိုမ်ိဳး၊ (စစ္ေကာင္စီ) သူတို႔က ေတာင္ေပၚကိုလည္း တဖြဲ႔၊ အဲ့လိုမ်ိဳး အဖြဲ႔ေတြ အမ်ားႀကီးနဲ႔ ခြဲထြက္ၿပီးမွ စစ္ေၾကာင္းထြက္ရွာတဲ့အခါက်ရင္ နည္းနည္းတိမ္းေရွာင္ရတာ ပုန္းရတဲ့အခါက်ရင္ သိပ္ၿပီး မလြယ္ကူၾကဘူး။”

ကေလးၿမိဳ႕နယ္တြင္း နယ္ေျမရွင္းလင္းေရးနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရားထုတ္ျပန္တာမ်ိဳး မရွိေသးပါဘူး။ ဒါေပမယ့္ စစ္ကိုင္းတိုင္းအတြင္းက မင္းကင္းနဲ႔ ဒီပဲယင္းဘက္မွာေတာ့ စစ္တပ္က ေလယာဥ္နဲ႔ စာေတြႀကဲခ်ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ အဲဒီစာေတြထဲမွာေတာ့ PDF ေတြကို လက္မခံဘဲ ရပ္႐ြာက ပူးေပါင္းတားဆီးဖို႔နဲ႔ ေက်း႐ြာေတြက ဒါေတြကိုမထိန္းႏိုင္ဘူးဆိုရင္ ႐ြာေတြကို ေျပာင္းေရႊ႕ၿပီး စုစည္း႐ြာအျဖစ္ တည္ေဆာက္သြားမယ္ဆိုၿပီး ေဖာ္ျပထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ အခုလို ေလေၾကာင္းက စာေတြႀကဲခ်တယ္ဆိုတာနဲ႔ပတ္သက္လို႔ တစုံတရာ ေျပာဆိုတာမရွိပါဘူး။

လက္ရွိအားျဖင့္ေတာ့ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္းမွာ စစ္ေကာင္စီက စစ္အင္အားျဖန႔္ခ်ထားတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

{{Unicode}}

ကလေးမြို့တောင်ပိုင်းကျေးရွာတချို့ မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းက လယ်ခြားကျေးရွာနဲ့ ကုက္ကိုလ်ကျေးရွာတွေက အိမ်တချို့ ဒီကနေ့မနက်ပိုင်းက မီးရှို့ဖျက်ဆီးခံရပါတယ်။ ဒေသတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပေမယ့် စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးအနေနဲ့ ရွာတွေကိုဝင်ရောက်လာနေတယ်လို့ ဒေသခံတွေကတော့ ပြောပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းပြီး ရန်ကုန်က ပေးပို့တဲ့သတင်းကို မမြဇင်အောင်က တင်ပြပေးထားပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်းဖြစ်တဲ့ လယ်ခြားကျေးရွာနဲ့ ကုက္ကိုလ်ကျေးရွာတွေမှာ ဒီကနေ့မနက် ၁၀ နာရီလောက်ကစပြီး မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ လယ်ခြားရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“အခုချိန်ဆိုလို့ရှိရင် မီးတွေရှို့နေတာ တော်တော်ကို အခြေအနေဆိုးနေပါပြီ။ အိမ်ခြေ ၁၀၀ ကျော်လောက်ရှိတဲ့ ရွာလေးကို စစ်ကောင်စီက မီးတွေ တအားရှို့နေတာပါ၊ ၁၀ နာရီလောက်က စရှို့တာ။ ခန့်မှန်းခြေဆို အိမ်ခြေကတော့ ၂၀၊ ၁၀ ကတော့ ကျော်သွားပြီး ၁၀ ကတော့ ကျော်သွားပြီ။ အခုဆိုလို့ရှိရင် မနည်းကုန်နေပါပြီ။ အခု မီးခိုးလေးပျံတာ အခုထိကို မငြိမ်းသေးပါဘူး။ နောက်ထပ်ကို ထပ်ရှို့နေတာထင်ပါတယ် စစ်ကောင်စီက။ ကိုယ်တိုင်ကတော့ ဝင်ကြည့်တာမဟုတ်ပါဘူး၊ ကျနော်တို့က အနားမှာရှိတဲ့ ရွာလေးကနေ မြင်ရတာပါ။”

ကျေးရွာကို မီးရှို့တာစစ်ကောင်စီတပ်ကဖြစ်တယ်လို့ မျက်မြင်ကျေးရွာသားတွေပြောပေမယ့်စစ်ကောင်စီဘက်ကတော့ ဒီကိစ္စ တစုံတရာတုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။

နိုဝင်ဘာ ၂၇ ရက်နေ့ကတည်းက စစ်ကောင်စီက အင်အားအမြောက်အများနဲ့ ကျေးရွာတွေဘက်ကို နယ်မြေရှင်းလင်းရေးဆိုပြီး စစ်ကြောင်းထိုးလာတာကြောင့် လယ်ခြားရွာ၊ ကုက္ကိုလ်ရွာ၊ ရေရှင်ရွာ၊ အင်းကျွန်းရွာနဲ့ ရှားတောရွာ အပြင် ကျောက်ပြုတ်ရွာ၊ ကျောက် ဆယ်ရွာ၊ မှန်တောရွာ၊ အောင်သာယာရွာ၊ ကြံသာရွာ၊ တင်သားရွာ၊ ကျောက်ဖူးရွာ၊ အရှေ့စည်းရွာနဲ့ ဒိုးနွယ်ရွာတို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်အပါအဝင် ဒေသခံကျေးရွာသားတွေဟာ တောတောင်မှာ ပုန်းခိုနေကြပြီး တချို့ စားနပ်ရိက္ခာတွေ မရှိတော့ဘူးလို့လည်း ဒေသခံက ပြောပါတယ်။

“ဒေသခံတွေက အိမ်တွေမှာ တယောက်မှမရှိကြတော့ပါဘူး၊ တရွာလုံး ရွာလုံးကျွတ်ထွက်ပြေးနေတာပါ။ သူတို့တွေကို ကြောက်လို့၊ သူတို့ ရမ်းကားပြီး လာရှို့တာပါ၊ တိုက်ပွဲလည်း ဘာမရှိပါဘူး။ သူတို့ စစ်ကြောင်းထိုးပြီးခါမှ ဝင်ရှို့တာပါ။ သူတို့ ကလေး ပြည်သူတွေကို တောထဲ တောနင်းရှာတယ်၊ မတွေ့ဘူးဆိုလို့ရှိရင် ရွာထဲကို ဝင်ခါမှ အိမ်တွေကို မီးရှို့တယ်၊ အခုချိန်ကလည်း ဆောင်းတွင်းလည်း ဖြစ်ပြန်တယ်၊ ကလေးသူငယ်တွေလည်း တောထဲမှာ ချမ်းချမ်းအေးအေးနဲ့ ထွက်ပြေးနေကြရတယ်၊ တချို့ဆိုရင် စားနပ်ရိက္ခာတောင် မရှိကြတော့ဘူး။”

ကလေး PDF တာဝန်ရှိသူတဦးကတော့ သူတို့နဲ့ စစ်ကောင်စီတပ်တွေအကြား အဲဒီဒေသဝန်းကျင်မှာ အပြန်အလှန်တိုက်ပွဲမရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က ရေရှင်ရွာမှာလည်း နေအိမ် ၁၅ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ရေရှင်ရွာခံတဦးက အခုလို ပြောပါတယ်။

“ရေရှင်ကတော့ မနေ့က အရှို့ခံရတာ ၁၅ အိမ်လောက်ရှိမယ်ထင်တယ်ရှင့်၊ ဟိုဟာ လူတွေက ထွက်ပြေးနေကြတယ်ရှင့်။ ရွာထဲမှာတော့ တယောက်မှမရှိတော့ဘူး၊ တောမှာ ပုန်းတာလည်း အဆင်မပြေဘူး အဲ့လိုမျိုး၊ (စစ်ကောင်စီ) သူတို့က တောင်ပေါ်ကိုလည်း တဖွဲ့၊ အဲ့လိုမျိုး အဖွဲ့တွေ အများကြီးနဲ့ ခွဲထွက်ပြီးမှ စစ်ကြောင်းထွက်ရှာတဲ့အခါကျရင် နည်းနည်းတိမ်းရှောင်ရတာ ပုန်းရတဲ့အခါကျရင် သိပ်ပြီး မလွယ်ကူကြဘူး။”

ကလေးမြို့နယ်တွင်း နယ်မြေရှင်းလင်းရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရားထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် စစ်ကိုင်းတိုင်းအတွင်းက မင်းကင်းနဲ့ ဒီပဲယင်းဘက်မှာတော့ စစ်တပ်က လေယာဉ်နဲ့ စာတွေကြဲချနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီစာတွေထဲမှာတော့ PDF တွေကို လက်မခံဘဲ ရပ်ရွာက ပူးပေါင်းတားဆီးဖို့နဲ့ ကျေးရွာတွေက ဒါတွေကိုမထိန်းနိုင်ဘူးဆိုရင် ရွာတွေကို ပြောင်းရွှေ့ပြီး စုစည်းရွာအဖြစ် တည်ဆောက်သွားမယ်ဆိုပြီး ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ အခုလို လေကြောင်းက စာတွေကြဲချတယ်ဆိုတာနဲ့ပတ်သက်လို့ တစုံတရာ ပြောဆိုတာမရှိပါဘူး။

လက်ရှိအားဖြင့်တော့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီက စစ်အင်အားဖြန့်ချထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

#MyanmarViolence #SagaingFighting #Kalay #VOABurmese

#ကလေးမြို့#မီးရှို့ဖျက်ဆီး#စစ်ကောင်စီ#ရေရှင်ရွာ#လယ်ခြား#ဗွီအိုအေ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG